• Follow Us on

Home ထိုင်းနိုင်ငံက EFTA နဲ့ ကုန်သွယ်ရေးလွတ်လပ်ခွင့်သဘောတူစာချုပ် လက်မှတ်ရေးထိုးမည်

ထိုင်းနိုင်ငံက EFTA နဲ့ ကုန်သွယ်ရေးလွတ်လပ်ခွင့်သဘောတူစာချုပ် လက်မှတ်ရေးထိုးမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၈

 

ဆွစ်ဇာလန်နိုင်ငံ ဒါဗိုးစ်မြို့မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ လာမယ့်သီတင်းပတ်အတွင်း ဥရောပလွတ်လပ်သော ကုန်သွယ်ရေးအဖွဲ့ (EFTA) နဲ့ သမိုင်းဝင် ကုန်သွယ်ရေးလွတ်လပ်ခွင့်သဘောတူညီချက် (FTA) တစ်ရပ် လက်မှတ်ရေး ထိုးဖို့ ထိုင်းနိုင်ငံက အသင့်ဖြစ်နေပြီဖြစ်ကြောင်း The Nation မှာရေးသားဖော်ပြထားပါတယ်။

 

လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ကြောင်း ထိုင်းကုန်သွယ်ရေးဝန်ကြီး ဖိချိုင်းနရီသာဖန်းက ပြောပါတယ်။

 

“ကုန်သွယ်ရေးလွတ်လပ်ခွင့်သဘောတူညီချက် (FTA) ဟာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် လမ်းသစ်တွေ ဖွင့်လှစ်ပေးလိုက်တဲ့ ထိုင်းနိုင်ငံအတွက် အရေးကြီးတဲ့သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ဒီသဘောတူညီချက်လက်မှတ် ရေးထိုးပြီးနောက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်ပပို့ကုန်တွေ မြင့်တက်လာပြီး ထိုင်းနိုင်ငံရဲ့ GDP ၃% မြင့်တက်လာ မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ထိုင်းနိုင်ငံနဲ့ ဥရောပလွတ်လပ်သော ကုန်သွယ်ရေးအဖွဲ့ (EFTA) တို့ရဲ့ FTA စာချုပ်မှာ ကုန်စည်နဲ့ ဝန်ဆောင်မှုလုပ်ငန်း များအတွက် ဈေးကွက်ဝင်ရောက်ခွင့်၊ ရင်းနှီးမြှုုပ်နှံမှု၊ အသိဉာဏ်ပညာဆိုင်ရာထုတ်လုပ်မှုအခွင့်အရေး၊ ယှဉ်ပြိုင်မှုမူဝါဒ၊ အစိုးရဝယ်ယူရေးနဲ့ သဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့ ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် ကျယ်ပြန့်လှတဲ့ စီးပွားရေးနယ်မြေအ များအပြားပါဝင်ပါတယ်။

 

“ဒီ FTA စာချုပ်ဟာ ထိုင်းနိုင်ငံအတွက် ဆိုးကျိုးသက်ရောက်မှုတွေ ရှိမှာမဟုတ်ဘဲ ကျွန်တော်တို့စီးပွားရေးအတွက် သိ သိသာသာ အကျိုးဖြစ်ထွန်းနိုင်မယ်လို့ ယုံကြည်ပါတယ်။” လို့ ဝန်ကြီးဖိချိုင်းက ပြောပါတယ်။

 

ဥရောပလွတ်လပ်သော ကုန်သွယ်ရေးအဖွဲ့ (EFTA) မှာ လက်ရှိအချိန်မှာ အိုက်စလန်၊ လစ်တန်စတိုင်း၊ နော်ဝေနဲ့ ဆွစ် ဇာလန် နိုင်ငံလေးနိုင်ငံ အဖွဲ့ဝင်အဖြစ်တည်ရှိနေပါတယ်။

 

အဲဒီအဖွဲ့ဟာ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံပေါင်း ၆၀ ကျော်မှာ အကြီးမားဆုံး ကုန်သွယ်ရေးလွတ်လပ်ခွင့်သဘောတူညီ ချက် (FTA) စာချုပ်တွေနဲ့ လွှမ်းခြုံအလုပ်လုပ်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

 

၂၀၂၃ ခုနှစ်မှာ EFTA ဒေသဟာ ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၉.၈၉ ဘီလျံ ရှိပြီး ထိုင်းနိုင်ငံရဲ့ ၁၆ ခုမြောက် ကုန်သွယ်ရေးမိတ်ဖက်ဒေသဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံဟာ EFTA ဒေသကို ဒေါ်လာ ၄.၃၉ ဘီလျံဖိုး ကုန်စည်တင်ပို့နိုင်ခဲ့ပြီး EFTA ဒေသကနေ ဒေါ်လာ ၅.၄၉ ဘီလျံ တန်ကြေးရှိ ကုန်စည်တွေကို ပြန်လည်တင်သွင်းခဲ့ရာ ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁.၁၀ ဘီလျံ ရှိခဲ့ပါတယ်။

 

၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း ထိုင်းနိုင်ငံနဲ့ EFTA ဒေသကုန်သွယ်မှုဟာ ဒေါ်လာ ၁၁.၄၇ အထိ မြင့်တက်ခဲ့ပါတယ်။

 

ထိုင်းနိုင်ငံက EFTA ဒေသကို ကျောက်မျက်ရတနာအမျိုးမျိုး၊ လက်ဝတ်ရတနာ၊ နာရီအမျိုးမျိုးနဲ့ အစိတ်အပိုင်းများ၊ သံရိုင်း၊ စတီးလ်နဲ့ ထုတ်ကုန်များ၊ စည်သွပ်ဘူးနဲ့ ပြုပြင်ထားတဲ့ ပင်လယ်စာများနဲ့ ခရီးဆောင်အိတ်အမျိုးမျိုးတို့ကို တင်ပို့ ပါတယ်။

 

EFTA ဒေသကနေ ထိုင်းနိုင်ငံကို တင်သွင်းတဲ့ ပစ္စည်းတွေကတော့ စက်ပစ္စည်းအမျိုးမျိုး၊ လက်ပတ်နာရီနဲ့ အစိတ်အပိုင်း များ၊ ဆေးဝါးနဲ့ ကျန်းမာရေး ဆက်စပ်ထုတ်ကုန်များ၊ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးများဖြစ်ပါတယ်။

 

Ref: Thailand to sign historic free trade agreement with EFTA in Davos

 

#PeopleMedia


Share this post