ထိုင်းနိုင်ငံတစ်ဝန်း သြဇာလွှမ်းမိုးမှုရှိတဲ့ပုဂ္ဂိုလ်တွေကို အစိုးရမူဝါဒနဲ့အညီ ကိုင်တွယ်ဆောင်ရွက်သွားမှာဖြစ် ကြောင်း ပြည်ထဲရေးဒုဝန်ကြီးပြော
PUBLISHED - October 2, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂
ထိုင်းနိုင်ငံတွင်း ဆိုးရွားတဲ့သြဇာလွှမ်းမိုးမှုတွေကို နှိမ်နှင်းဖို့အတွက် ၎င်းတို့ဒေသတွင်းမှာ သြဇာလွှမ်းမိုးတဲ့သူ တွေဖြစ်တဲ့ ကျေးရွာခေါင်းဆောင်တွေနဲ့ ခရိုင်ခွဲခေါင်းဆောင်တွေကို အစိုးရရဲ့မူဝါဒနဲ့အညီ ကိုင်တွယ်ဆောင်ရွက် သွားမှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ချာဒါထိုင်းဆက်က ပြောကြားလိုက်ပါတယ်။
တာဝန်ရှိတဲ့အရာရှိတွေဟာ ထိုင်းနိုင်ငံတွင်း ဆိုးရွားတဲ့သြဇာလွှမ်းမိုးမှုရှိတဲ့ပုဂ္ဂိုလ် ၇၀၀ ဝန်းကျင်ရဲ့စာရင်းကို ကောက်ယူပြုစုပြီးဖြစ်ကြောင်း အရင်က ဥထိုင်းဌာနီပြည်နယ်မှာ သြဇာလွှမ်းမိုးမှုကြီးကြီးမားမားရှိခဲ့တဲ့ ချာဒါက တနင်္ဂနွေနေ့က ပြောကြားလိုက်တာဖြစ်ပါတယ်။
အဲဒီသြဇာလွှမ်းမိုးတဲ့ပုဂ္ဂိုလ်တွေစာရင်းကို အုပ်စုခွဲထားမှာဖြစ်ပြီး လူဦးရေ ၁၀၀ က အနီရောင်အုပ်စုထဲမှာပါဝင် ကြောင်း၊ ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ အဝါရောင်အုပ်စုထဲမှာပါဝင်ပြီး အဲဒီအဝါရောင်အုပ်စုကပုဂ္ဂိုလ်တွေကို ၎င်း တို့ရဲ့တရားမဝင်လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းတွေပေါ် အခြေခံပြီး စောင့်ကြည့်အုပ်စုအဖြစ်သတ်မှတ်ထား ကြောင်း၊ အဲဒီစာရင်းကို ထုတ်ပြန်ကြေညာခြင်းမပြုမီ ရဲတပ်ဖွဲ့က အတည်ပြုပေးရမှာဖြစ်ကြောင်း ၎င်းကပြောပါ တယ်။
အဲဒီစာရင်းကို ဘက်လိုက်မှုမပါဘဲ ပြုစုထားတာဖြစ်ပြီး အင်္ဂါနေ့မှာတွေ့ဆုံဆွေးနွေးမယ့် ကော်မတီတစ်ရပ်က စစ်ဆေးသွားမှာဖြစ်ကြောင်း ဒုတိယဝန်ကြီးချာဒါက ပြောပါတယ်။
၎င်းအနေနဲ့ နောက်ထပ်ဆောင်ရွက်ရမယ့်အဆင့်ကတော့ ကျေးရွာနဲ့ ခရိုင်ခွဲခေါင်းဆောင်တွေ အထူးသဖြင့် သြဇာလွှမ်းမိုးမှုရှိသူတွေလို့ လူသိများတဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး စာမျက်နှာသစ်ဖွင့်လှစ်မလား၊ ဥပဒေနဲ့ ရင် ဆိုင်မလားဆိုတာကို မေးမြန်းသွားရမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
အမူအကျင့်ပြောင်းလဲဖို့ငြင်းဆန်တဲ့ဒေသခေါင်းဆောင်တွေကို ကိုင်တွယ်ဖို့ နည်းလမ်းတစ်ခုကတော့ ၎င်းတို့ အခွန်ရှောင်ထားသမျှ မရှောင်နိုင်တော့အောင် ၎င်းတို့ရဲ့လုပ်ငန်းတွေနဲ့ ၎င်းတို့ရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို အခွန်နဲ့ပတ်သက်ပြီး အပြည့်အဝစာရင်းစစ်ဖို့ပဲဖြစ်ကြောင်း ချာဒါက ပြောပါတယ်။
ဒါပေမဲ့ သြဇာလွှမ်းမိုးတဲ့ဒေသခေါင်းဆောင်အားလုံးကတော့ လူဆိုးတွေမဟုတ်ကြောင်း ၎င်းကပြောပါတယ်။
ကျေးရွာခေါင်းဆောင်တွေနဲ့ ခရိုင်ခွဲခေါင်းဆောင်တွေကို ကိုင်တွယ်ပြီးရင် နောက်ထပ်ပစ်မှတ်တွေကတော့ တရားမဝင်လုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ သြဇာလွှမ်းမိုးမှုရှိသူတွေနဲ့ နီးနီးကပ်ကပ် ဆက် စပ်မှုရှိနေတဲ့ ပြည်နယ်အရာရှိတွေပဲဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
Ref: List of “influential figures” complete, next target to be village and sub-district heads
#PeopleMedia