• Follow Us on

Home ထိုင်းနိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု မျှော်မှန်းချက် ပြည့်မီလုနီးပါး ရောက်ရှိ

ထိုင်းနိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု မျှော်မှန်းချက် ပြည့်မီလုနီးပါး ရောက်ရှိ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၃

 

ထိုင်းနိုင်ငံထဲကို ၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း ကမ္ဘာလှည့်ခရီးသွားဝင်ရောက်လာမှု ၂၉ သန်းကျော်ရှိပြီး ဝင်ငွေ ဘတ်ငွေ ၁.၄ ထရီလီယန် ရရှိခဲ့ကြောင်း ထိုင်းအစိုးရက ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၃ ရက်နေ့) က ကြေညာ လိုက်ပါတယ်။

 

ထိုင်းအာဏာပိုင်တွေက ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား ၃၅ သန်း ဝင်ရောက်လာပြီး ကမ္ဘာလှည့်ခရီး သွားလုပ်သန်းဝင်ငွေ ၂.၇၈ ထရီလီယန်ရရှိဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

 

အခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံထဲကို ကမ္ဘာလှည့်ခရီးသွား ၂၉,၈၁၆,၅၃၇ ဦး ဝင်ရောက်လာခဲ့ပြီး ဘတ်ငွေ ၁.၃၉၃ ထရီလီယန် သုံးစွဲသွားခဲ့ကြောင်း ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနဝန်ကြီး ဆိုရာဝေါင်းသီယန်သောင်က ပြောပါတယ်။

 

ပထမ ၁၀ လအတွင်း ထိုင်းနိုင်ငံတွင်း နိုင်ငံအလိုက် အများဆုံးဝင်ရောက်လာတဲ့ ကမ္ဘာလှည့်ရီးသွားတွေက တော့ တရုတ် ၅,၈၆၀,၁၄၈ ဦး၊ မလေးရှား ၄,၂၇၆,၈၆၂ ဦး၊ အိန္ဒိယ ၁,၇၇၇,၁၃၇ ဦး၊ တောင်ကိုရီးယား ၁,၅၇၄,၂၇၉ ဦးနဲ့ ရုရှား ၁,၃၅၆,၈၈၈ ဦးတို့ပဲဖြစ်ပါတယ်။

 

ကမ္ဘာလှည့်ခရီးသွားရာသီ အမြင့်ဆုံးကာလဖြစ်တဲ့အလျောက် ပြီးခဲ့တဲ့သီတင်းပတ်က ခရီးသွားဝင်ရောက်လာမှု ဟာ ၄.၈၇% မြင့်တက်လာခဲ့ပြီး လူဦးရေ ၇၃၆,၁၃၇၆ ဦးဝင်ရောက်လာခဲ့ပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း နိုင်ငံအလိုက် အများဆုံးဝင်ရောက်လာတဲ့ ကမ္ဘာလှည့်ရီးသွားတွေကတော့ တရုတ် ၁၀၃,၁၅၀ ဦး၊ မလေးရှား ၈၉,၄၆၃ ဦး၊ အိန္ဒိယ ၅၁,၄၇၈ ဦး၊ ရုရှား ၄၇,၄၉၃ ဦးနဲ့ တောင်ကိုရီးယား ၃၄,၇၆၃ ဦးတို့ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ခရီးဝေးဒေသ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု ၁၆.၈၅% မြင့်တက်ခဲ့ပြီး အနီးဝန်း ကျင်ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု အနည်းငယ်ကျဆင်းခဲ့ကြောင်း ဆိုရာဝေါင်းသီယန်သောင်က ပြောပါ တယ်။

 

Ref: Thailand nears 2024 tourism target with almost 30m arrivals

 

#PeopleMedia


Share this post