ထိုင်းနိုင်ငံတွင် အသီးအရွက်ကားထဲ၌ ပုန်းအောင်းလိုက်လာသော မြန်မာ ၅၂ ဦး ဖမ်းဆီးခံရ

PUBLISHED - August 5, 2023
နေပြည်တော်၊ ဩဂုတ် ၅
ထိုင်းနိုင်ငံ၊ တာ့က်(ခ်)ခရိုင်၊ မဲဆောက်မြို့အထွက်တွင် သြဂုတ်လ ၃ ရက် ည ၉ နာရီအချိန်က အသီးအရွက် ကားထဲ၌ ပုန်းအောင်းလိုက်လာသော မြန်မာနိုင်ငံသား ၅၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များသည် မဲဆောက်မြို့အထွက် ဟွေ့ဟင်ဖွန်စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာနေ သည့် ကားများအား စစ်ဆေးမှုများ ပြုလုပ်နေစဉ် ထိုင်းနိုင်ငံသား ယာဉ်မောင်းဖြစ်သူ မောင်းနင်လာသည့် အသီးအရွက်တင်ကားအား ရှာဖွေရာ ကားအတွင်း၌ ပုန်းအောင်းကာ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၅၂ ဦးအား တွေ့ရှိကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရသော မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် တစ်ဦးလျှင် ပွဲစားခ ဘတ် ၂၀၀၀၀ စီ ပေးခဲ့ရကြောင်းနှင့် အဆိုပါ မြန်မာနိုင်ငံသားများနှင့် ထိုင်းနိုင်ငံသားယာဉ်မောင်းအား ဥပဒေအရ အရေးယူ ဆောင်ရွက်ရန် ထိုင်းအာဏာပိုင်များက စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
#PeopleMedia