ထိုင်းနိုင်ငံထုတ် လျှပ်စစ်ဝိုင်ယာကြိုးအများစု နိုင်ငံတကာစံနှုန်းမမီကြောင်း ထိုင်းစက်မှုဝန်ကြီးပြော
PUBLISHED - November 12, 2024
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၂
ထိုင်းနိုင်ငံတွင်းမှာ ထုတ်လုပ်တဲ့ လျှပ်စစ်ဝိုင်ယာကြိုး အမှတ်တံဆိပ် ၇၈ ခုအနက် အများစုဟာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဘေးကင်းလုံခြုံမှု စံချိန်မမီကြောင်း ထိုင်းစက်မှုဝန်ကြီး အကာနတ်ပရုမ်ဖန်က နိုဝင်ဘာလ ၁၂ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံက အမှတ်တံဆိပ်အများအပြားဟား အပူလွန်ကဲမှုဒဏ်မခံနိုင်ဘဲ မီးလောင်စေတဲ့ ဒါမှမဟုတ် ဆား ကစ်တွေပြတ်တောက်စေနိုင်တဲ့ သေးငယ်တဲ့ ကြေးနီနန်းမျှင်ဝိုင်ယာကြိုးတွေကို အသုံးပြုနေကြတယ်လု့ိ ပြည် သူတွေက တိုင်တန်းကြကြောင်း အကာနတ်က ပြောပါတယ်။
ထိုင်းနိုင်ငံတွင်းမှာရှိတဲ့ ပြည်တွင်း ကုမ္ပဏီအမှတ်တံဆိပ်ရော ပြည်ပကတင်သွင်းလာတဲ့အမှတ်တံဆိပ်ရော တံဆိပ် ၇၈ ခုကို စစ်ဆေးရာမှာ နိုင်ငံတကာစံနှုန်း ISO (International Organization for Standardization) အမှတ် ၂၀ သာ ရရှိကြောင်း ၎င်းက ပြောပါတယ်။
“ဒါဟာ အလွန်စိုးရိမ်စရာကောင်းပါတယ်။ ဒါ့ကြောင့် ISO standards နဲ့ အညီထုတ်လုပ်ဖို့ ပျက်ကွက်တဲ့ ပြည် တွင်း/ပြည်ပ အမှတ်တံဆိပ်တွေကို အရေးယူဖို့ TISI (ထိုင်းစက်မှုထုတ်ကုန်စံနှုန်းအင်စတီကျူ) ကို ကျွန်တော် ညွှန်ကြားထားပါတယ်။” လို့ အကာနတ်က ပြောပါတယ်။
အခုလို အရည်အသွေးညံ့ဖျင်းတဲ့ လျှပ်စစ်ဝိုင်ယာကြိုးတွေကို ရောင်းချနေတာဟာ လူ့အသက်တွေနဲ့ အိုးအိမ် အဆောက်အဦတွေကို ထိခိုက်ဆုံးရှုံးစေနိုင်ကြောင်း ၎င်းက ပြောပါတယ်။
ဒါ့ကြောင့် စံနှုန်းမမီတဲ့ လျှပ်စစ်ဝိုင်ယာကြိုးတွေ ထုတ်လုပ်ရောင်းချခဲ့တဲ့ ကုမ္ပဏီတွေကို ရဲစခန်းမှာ အမှုဖွင့်တိုင် ကြားပြီး သွင်းကုန်လိုင်စင်နဲ့ ထုတ်လုပ်မှုလိုင်စင်တွေ ပြန်လည်ရုပ်သိမ်းဖို့ TISI နဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့အ စည်းတွေကို ဝန်ကြီးအကာနတ်က ညွှန်ကြားခဲ့ပါတယ်။
Ref: Most Thai electric cables fail global safe standards: minister
#PeopleMedia