• Follow Us on
Latest News

Home ထိုင်းနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံတကာကုမ္ပဏီကြီးတွေကို ထိုင်းဝန်ကြီးချုပ်ဆရက်ထာ စည်းရုံး

ထိုင်းနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံတကာကုမ္ပဏီကြီးတွေကို ထိုင်းဝန်ကြီးချုပ်ဆရက်ထာ စည်းရုံး

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၀

 

တက်ဆလာကုမ္ပဏီရဲ့ CEO အီလွန်မတ်ဟာ ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့်အရေး နယူးယောက်မှာရောက်ရှိ နေတဲ့ ထိုင်းကိုယ်စားလှယ်အဖွဲ့နဲ့ အွန်လိုင်းကတစ်ဆင့် ဆွေးနွေးသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ဆရက် ထာထာဗီဆင်က ပြောကြားလိုက်ပါတယ်။

 

တနင်္လာနေ့ (စက်တင်ဘာလ ၁၈ ရက်နေ့) ကစတင်ကျင်းပနေပြီး တနင်္ဂနွေနေ့ (စက်တင်ဘာလ ၂၄ ရက်နေ့) မှာပြီးဆုံးမယ့် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်နေစဉ်အတွင်း မစ္စတာဆရက်ထာ က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံရေးအတွက် နိုင်ငံခြားတိုင်းပြည်တွေကိုဖိတ်ခေါ်ဖို့ ထိုင်းအစိုးရက စီစဉ်ဆောင်ရွက် နေကြောင်း ဆရက်ထာက ပြောကြားပြီး အမေရိကန်ခရီးစဉ်အတွင်း မိုက်ခရိုဆော့ဖ်၊ ဂူဂဲလ်နဲ့ ဆက်ဆလာတို့ လို ရှေ့ဆောင်ကုမ္ပဏီကြီးတွေက အမှုဆောင်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။

 

“ထိုင်းအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ အွန်လိုင်းအစည်းအဝေးကတစ်ဆင့်ဆွေးနွေးမယ့် ဆွေးနွေးပွဲကို တက်ရောက် ဖို့ အီလွန်မတ်က လက်ခံလိုက်ပါပြီ။” လို့ ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ထိုင်းဝန်ကြီးချုပ် ဆရက်ထာက ပြောပါတယ်။

 

မစ္စတာအီလွန်မတ်အပြင် ဆွေးနွေးပွဲတက်ရောက်ဖို့ လက်ခံလိုက်တဲ့ တခြားထိပ်တန်းကုမ္ပဏီကြီးတွေက အမှု ဆောင်အရာရှိတွေထဲမှာ မိုက်ခရိုဆော့ဖ်၊ ဘလက်ရော့ခ်၊ ဂျေပီမော်ဂန်နဲ့ အက်စ်တေးလော်ဒါ ကုမ္ပဏီကြီးတွေ က အရာရှိတွေပါဝင်ကြောင်း ၎င်းက ပြောပါတယ်။

 

ထိုင်းနိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဘာတွေပေးနိုင်စွမ်းရှိတယ်ဆိုတာကို အဲဒီအမှုဆောင်အရာရှိ တွေကို ထိုင်းအစိုးရကိုယ်စားလှယ်အဖွဲ့က ရှင်းပြသွားမှာဖြစ်ကြောင်း မစ္စတာဆရက်ထာက ပြောပါတယ်။

 

ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းဟာ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နေတဲ့အားသာချက် တစ်ခုဖြစ်တယ်ဆိုတာကို အလေးထားရှင်းပြဖို့ ရည်ရွယ်ထားကြောင်း ဆရက်ထာက ပြောပါတယ်။

 

အခု ခရီးစဉ်အတွင်း ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ထိုင်းနိုင်ငံရဲ့စာမျက်နှာသစ်အကြောင်းကို အဓိကအလေးထားတင်ပြ သွားမှာဖြစ်ကြောင်း မစ္စတာဆရက်ထာက နယူးယောက်ကိုထွက်ခွာမသွားခင် X လူမှုကွန်ရက်ပေါ်မှာ တင်ထား ခဲ့ပါတယ်။

 

“နျူကလီးယားလက်နက်တွေဖျက်သိမ်းဖို့ နိုင်ငံပေါင်းစုံပါဝင်တဲ့မူဝါဒကို စွဲကိုင်ထားပြီး ဒီကနေ့ စိန်ခေါ်မှုတွေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းရဲ့လိုအပ်ချက်တွေကို တုံ့ပြန်နိုင်ဖို့အတွက် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင် နိုင်ရေး ရေရှည်တည်တံ့ခိုင်မြဲတဲ့ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်တွေကို အောင်မြင်စွာအကောင်အထည်ဖော်နိုင် အောင် အားစိုက်ဆောင်ရွက်သွားဖို့ ကျွန်တော်ရည်မှန်းထားပါတယ်။” လို့ ၎င်းက X မှာရေးသားထားပါတယ်။

 

မစ္စတာဆရက်ထာဟာ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီအဖွဲ့၊ အမေရိကန်ကုန်သည်ကြီးများအသင်း တို့နဲ့လည်း သွားရောက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။

 

Ref: PM touts Thailand abroad

 

#PeopleMedia


Share this post