• Follow Us on
Latest News

Home ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်သွားဖို့ အမေရိကန်ကို ထိုင်းဝန်ကြီးချုပ်တိုက်တွန်း

ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်သွားဖို့ အမေရိကန်ကို ထိုင်းဝန်ကြီးချုပ်တိုက်တွန်း

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၂

 

ထိုင်းနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စု သံတမန်ဆက်ဆံရေးဟာ နှစ်ပေါင်း ၁၉၀ ရှိလာပြီဖြစ်တဲ့အလျောက် ထိုင်းနိုင်ငံဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးတိုးမြှင့်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ဆရက်ထာက ပြောကြား လိုက်ပါတယ်။

 

ဗုဒ္ဓဟူးနေ့ (စက်တင်ဘာလ ၂၀ ရက်နေ့) က အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (USABC) နဲ့ အမေရိ ကန်ကုန်သည်ကြီးများအသင်း (USCC) က တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံပြီးနောက် ဆရက်ထာက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

 

မစ္စတာဆရက်ထာဦးဆောင်တဲ့ ထိုင်းကိုယ်စားလှယ်အဖွဲ့ဟာ နယူးယောက်ြမို့မှာကျင်းပနေပြီး တနင်္ဂနွေနေ့မှာ ပြီးဆုံးမယ့် ၇၈ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်နေတာဖြစ်ပါတယ်။

 

မစ္စတာဘိုင်ဒန်က ဆရက်ထာထိုင်းဝန်ကြီးချုပ်ဖြစ်လာတာကို ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားခဲ့သလို ဆ ရက်ထာကလည်း ထိုင်းနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံရဲ့ တည်ငြိမ်တဲ့ကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

 

နိုဝင်ဘာလအတွင်း ဆန်ဖရန်စစ္စကိုမှာကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အ စည်းအဝေးရဲ့ ဘေးပန်းအစည်းအဝေးအဖြစ် ထိုင်း-အမေရိကန် နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ဝန်ကြီးချုပ်ဆရက်သာက ပြောပါတယ်။

 

မစ္စတာဆရက်ထာဟာ အက်စ်တိုးနီးယားဝန်ကြီးချုပ်လို တခြားနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။ အက်စ်တိုးနီးယားနိုင်ငံဟာ အရှေ့ဥရောပနိုင်ငံတွေထဲမှာ ခေတ်မီ အီလက်ထရောနစ်အစိုးရစနစ်ကို အောင်မြင်စွာ ကျင့်သုံးနိုင်တဲ့အတွက် ထင်ရှားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ မြို့ပြအုပ်ချုပ်ရေးစနစ်ပိုမိုတိုးတက်ပြီး ကြိုးနီစနစ်နဲ့ အကျင့်ပျက်ခြစားမှုတွေကို ဖြတ်တောက်နိုင်ဖို့ အတွက် အက်စ်တိုးနီးယားနိုင်ငံရဲ့ အီလက်ထရောနစ်အစိုးရစနစ်နည်းပညာတွေ (e-government know-how) ကို ထိုင်းနိုင်ငံကို မျှဝေလွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆရက်ထာက ပြောပါတယ်။

 

“ရှေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်တွေ” ဟာ ၇၈ ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေ ညီ လာခံမှာ အလေးထားပြောကြားခဲ့တဲ့အကြောင်းအရာတွေထဲက တစ်ခုဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျက် ကာဖောင်ဆန်မာနီက ပြောပါတယ်။

 

ထိုင်း-အမေရိကန် နှစ်နိုင်ငံကုန်သွယ်မှုဟာ ကမ္ဘာ့ကပ်ရောဂါဘေးကြီးအပြီးမှာ ပြန်လည်တိုးတက်လာခဲ့ကြောင်း၊ ထိုင်းနိုင်ငံဟာ ၁၅ နှစ်အတွင်း အမေရိကန်နိုင်ငံ အတွက် ဒုတိယအကြီးမားဆုံးကုန်သွယ်ဖက် မိတ်ဖက်နိုင်ငံဖြစ် လာခဲ့ကြောင်း အမေရိကန်ကအစိုးရက ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ်က အမေရိကန်ပြည်ထောင်စုက ရင်းနှီးမြှုပ်နှံမှု ၁.၁ ဘီလျံကို ထိုင်းနိုင်ငံကကြိုဆိုခဲ့ပြီး လက်ရှိအချိန် မှာ အမေရိကန်ရင်းနှီးမြှုပ်နှံမှုဟာ ထိုင်းနိုင်ငံမှာ အဆင့် ၃ မှာရှိနေကြောင်း သိရပါတယ်။

 

အမေရိကန်နိုင်ငံထဲက ထိုင်းရင်းနှီးမြှုပ်နှံမှုကလည်း တိုးတက်လျက်ရှိရာ အခုအချိန်အထိ ၁၃ ဘီလျံရှိသွားပြီဖြစ် တယ်လို့ဆိုပါတယ်။

 

“လက်ရှိအချိန်ဟာ ထိုင်းနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ အချိန်ပဲဖြစ်ပါတယ်။” လို့ ဝန်ကြီး ချုပ် ဆရက်ထာက ပြောပါတယ်။

 

Ref: PM talks up US trade ties

 

#PeopleMedia


Share this post