• Follow Us on
Latest News

Home ထိုင်းနိုင်ငံမှာ လိင်လုပ်သားတွေ အနိုင်ကျင့်ရိုက်နှက်ခံရသော်လည်း ရဲကိုမတိုင်ရဲ

ထိုင်းနိုင်ငံမှာ လိင်လုပ်သားတွေ အနိုင်ကျင့်ရိုက်နှက်ခံရသော်လည်း ရဲကိုမတိုင်ရဲ

Share this post

နိုင်ငံတကာ၊ ဇွန် ၃

 

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ ထိုင်းလူမျိုးတွေအပါအဝင် ထိုင်းနိုင်ငံက လိင်လုပ်သားတွေဟာ ပြည့်တန်ဆာမှုနဲ့ တရားစွဲခံရမှာကို ကြောက်ရွံပြီး ၎င်းတို့ရိုက်နှက်စော်ကားခံနေရတာတွေကို ရဲကိုမတိုင်ရဲတဲ့အ တွက် မလံုံခြုံတဲ့ဘဝမှာ နေနေကြရတယ်လို့ ဘန်ကောက်မှာရှိတဲ့ လိင်လုပ်သားတွေက ပြောပါတယ်။

 

ထိုင်းနိုင်ငံမှာ ပြစ်မှုဆိုင်ရာဥပဒေအရ အသက် ၁၆ နှစ်နဲ့အထက် မည်သူမဆို ပြည့်တန်ဆာအလုပ်နဲ့ အသက် မွေးဝမ်းကျောင်းပြုလုပ်ပါက ထောင်ဒဏ် ၇ နှစ်ကနေ အနှစ် ၂၀ အထိ ချမှတ်နိုင်သလို ငွေဒဏ် ဘတ် ၁၄,၀၀၀ ကနေ ဘတ် ၄၀,၀၀၀ အထိ ချမှတ်နိုင်ပါတယ်။

 

အလားတူ တခြားသူတစ်ဦးတစ်ယောက်ကို ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ဖို့ စေခိုင်းသူကိုလည်း ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။

 

ဘန်ကောက်မြို့မှာ လိင်လုပ်သားအဖြစ်ရော ကုမ္ပဏီဝန်ထမ်းအဖြစ်ပါ အလုပ်လုပ်နေတဲ့ အမျိုးသားလိင်လုပ် သားဖြစ်သူ တနာပတ် (အမည်လွှဲ) က ၎င်းနဲ့ဘဝတူသက်တူရွယ်တူ လိင်လုပ်သားတွေကို အလုပ်လုပ်ကိုင်နေ စဉ် ဖောက်သည်တွေက ရိုက်နှက်ကြောင်း ပြောပါတယ်။

 

“ဒီအလုပ်ထဲက ကျွန်တော့်သူငယ်ချင်းတွေကို လက်သီးနဲ့ထိုးကြိတ်သလို ရိုက်လည်း ရိုက်နှက်ကြတယ်။ ဖောက်သည်တွေက လိင်ဆက်ဆံနေတုန်း ကွန်ဒွမ်ကိုလည်း ချွတ်ပစ်ကြတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဒါပေမဲ့ အဖမ်းခံရမှာကြောက်ပြီး ၎င်းရဲ့သူငယ်ချင်းတွေဟာ ၎င်းတို့အရိုက်ခံရတာကို ရဲကို မတိုင်ရဲကြဘူးလို့ တနာပတ်က ပြောပါတယ်။

 

“ကျွန်တော်တို့ အကာအကွယ်မဲ့သလို ခံစားရတယ်။ ကျွန်တော်တို့က လိင်လုပ်သားတွေဆိုတော့ သူတို့ဘာ မဆိုလုပ်နိုင်တယ်လို့ လူတွေက ထင်ကြတယ်။” လို့ အွန်လိုင်းကတစ်ဆင့် ပြည့်တန်ဆာလုပ်ငန်းအတွက် ဆက် သွယ်ဆောင်ရွက်တဲ့ တနာပတ်က ပြောပါတယ်။

 

ပြည့်တန်ဆာလုပ်ငန်းကို ထိုင်းနိုင်ငံမှာ တရားဝင်ခွင့်ပြုသင့်ပြီး လိင်လုပ်သားတွေဟာလည်း တခြားပြည်သူတွေ လိုပဲ ၎င်းတို့ပြဿနာတွေကို အဖမ်းခံရမှာမကြောက်ဘဲ ရဲတပ်ဖွဲ့ကို တိုင်ကြားဖို့ အခွင့်အရေးရသင့်ကြောင်း ၎င်း က ပြောပါတယ်။

 

ပြည့်တန်ဆာလုပ်ငန်းဟာလည်း အလုပ်အကိုင်တစ်ခုပဲလို့ ၎င်းကပြောပေမဲ့ ထိုင်းနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်း ကို ဥပဒေအရ တရားဝင်ခွင့်ပြုထားခြင်းမရှိပါဘူး။

 

“ကျွန်တော် အလုပ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီတစ်ခုဆိုရင် ကျွန်တော့်ကိုပေးရမယ့် ဘတ်ငွေ ၇၅,၀၀၀ ကို မပေးခဲ့ဘူး။ ဒါပေမဲ့ ပြည့်တန်ဆာမှုနဲ့ ရဲကဖမ်းမှာစိုးရိမ်ပြီး ကျွန်တော်မတိုင်ရဲပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

ထိုင်းနိုင်ငံတွင်း ပြည်တန်ဆာ ၂၅၀၀၀၀ ဝန်းကျင်ရှိကြောင်း ၂၀၀၈ ခုနှစ်မှာ အစိုးရကတွက်ချက်ခဲ့ရာ အဲဒီအထဲ မှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်လူမျိုးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

 

၂၀၂၃ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုဖို့ ဥပဒေကြမ်းတစ်ရပ် တင်သွင်းခဲ့ပေမဲ့ အဲဒီဥပဒေကြမ်းဟာ အခုအချိန်အထိ ဥပဒေတစ်ရပ်ဖြစ်မလာသေးပါဘူး။

 

“အသက် ၁၈ နှစ်ပြည့်ပြီးသူနဲ့ အထက်မည်သူမဆို ပြည့်တန်ဆာလုပ်ငန်းကို မိမိသဘောဆန္ဒအလျောက် လုပ် ကိုင်ခွင့်ပြုကြောင်း” အကောင်အထည်ပေါ်မလာသေးတဲ့ အဲဒီဥပဒေကြမ်းထဲမှာ ဖော်ပြထားပါတယ်။

 

Ref: Sex workers in peril

 

#PeopleMedia


Share this post