• Follow Us on
Latest News

Home ထိုင်းနိုင်ငံမှာ လူ ၇၀ မှာ ၁ ယောက် ကိုယ့်ကိုယ်ကိုယ်သတ်သေမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း NESDC ပြော

ထိုင်းနိုင်ငံမှာ လူ ၇၀ မှာ ၁ ယောက် ကိုယ့်ကိုယ်ကိုယ်သတ်သေမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း NESDC ပြော

Share this post

နိုင်ငံတကာ၊ မေ ၂၉

 

ထိုင်းနိုင်ငံအတွင်း လူဦးရေ ၁၀ သန်းခန့် စိတ်ကျန်းမာရေးဆိုင်ရာပြဿနာရှိနေပြီး အဲဒီအထဲက ၁၁% ဟာ မိမိ ကိုယ်မိမိသတ်သေမယ့်အထိ အန္တရာယ်ရှိနေကြောင်း အမျိုးသားစီးပွားရေးနဲ့ လူမှုရေး ဖွ့ံ့ဖြိုးတိုးတက်မှုကောင်စီ (NESDC) က ပြောကြားလိုက်ပါတယ်။

 

တပြိုင်တည်းမှာပဲ ထိုင်းလူဦးရေရဲ့ ၁၆% ဟာ ပုံမှန်စိတ်ဖိစီးမှုဒဏ် ခံစားနေရကြောင်း NESDC က ပြောပါ တယ်။

 

ထိုင်းလူ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီး NESDC ရဲ့ ပထမသုံးလပတ်အစီရင်ခံစာထုတ်ပြန်ချက်ကိုကြည့်ရင် စိတ် ကျန်းမာရေးဟာ အလွန်အရေးကြီးတဲ့ပြဿနာတစ်ရပ်ဖြစ်လာတာကို တွေ့ရမှာဖြစ်ကြောင်း NESDC ရဲ့ အ ထွေထွေအတွင်းရေးမှူး ဒနူချာဖီချာယာနန်က ပြောပါတယ်။

 

ထိုင်းနိုင်ငံတွင်း ၂၀၁၅ ခုနှစ်မှာ စိတ်ဝေဒနာခံစားနေရသူလူနာ ၁.၃ သန်းရှိရာကနေ ၂၀၂၃ ခုနှစ်မှာ ၂.၉ သန်း အထိ မြင့်တက်လာခဲ့ကြောင်း စိတ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

 

“ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က တရားဝင်ဆေးဝါးကုသမှုခံယူခဲ့တဲ့ စိတ်ဝေဒနာရှင် ၂.၉ သန်းရှိခဲ့တယ်ဆိုပေမဲ့ တ ကယ်တမ်းစိတ်ကျန်းမာရေးပြဿနာနဲ့ ရင်ဆိုင်နေရတဲ့သူဦးရေက ၁၀ သန်းထက်မနည်းရှိပြီး အများအပြားက ဆေးဝါးကုသမှုမခံယူကြပါဘူး။” လို့ မစ္စတာ ဒနူချာက ပြောပါတယ်။

 

“ဒီအခြေအနေဟာ ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘာတစ်ဝန်းရှိနေတဲ့ စိတ်ဝေဒနာရှင်တွေရဲ့ အချိုးထက် ပိုမိုများပြား တဲ့နှုန်းရှိနေတယ်ဆိုတာကို ညွှန်ပြလိုက်တာဖြစ်ပြီး မဖြေရှင်းရသေးတဲ့ပြဿနာတွေ အများအပြားရှိနေတယ်ဆို တာကို ပြသလိုက်တာပါပဲ။” လို့ ၎င်းက ပြောပါတယ်။

 

ထိုင်းပြည်သူအများအပြားဟာလည်း စိတ်ကျန်းမာရေးပြဿနာတွေ ပိုမိုဆိုးရွားလာတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင် နေကြရတယ်လို့ ဆိုပါတယ်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့အထိ ထိုင်းနိုင်ငံမှာ စိတ်ကျန်း မာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး စိတ်ဖိစီးမှုဒဏ်ခံနေရသူနှုန်းထားဟာ ၁၅.၄၈%၊ စိတ်ကျရောဂါ ခံစားနေ ရသူနှုန်းက ၁၇.၂၀% နဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့အထိ အန္တရာယ်ရှိနိုင်တဲ့နှုန်းက ၁၀.၆၃% ရှိနေတာကို တွေ့ရှိရကြောင်း စိတ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

 

ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် ပိုမိုဆိုးရွားမြင့်တက်လာတာဖြစ်ကြောင်း၊ စိတ်ကျန်းမာ ရေးပြဿနာဟာ နိုင်ငံ့စီးပွားရေးကို အကြီးအကျယ်ထိခိုက်စေနိုင်ကြောင်း မစ္စတာ ဒနူချာက ပြောပါတယ်။

 

စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုဒဏ်ဟာ ကမ္ဘာတစ်ဝန်းအလုပ်လုပ်တဲ့ရက်ပေါင်း ၁၂ ဘီလျံအထိ ဆုံးရှုံးရာမှာ ပါဝင် ခဲ့တဲ့အကြောင်းအရာဖြစ်ပြီး အဲဒီလို ရက်ပေါင်းများစွာဆုံးရှုံးတဲ့အတွက် ဒေါ်လာ ၁ ထရီလီယန်အထိ ဆုံးရှုံးခဲ့ရ ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။

 

၂၀၂၃ ခုနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ်သတ်သေမှုနှုန်းဟာ ၁၉၉၇ ခုနှစ် ထမ်းယမ်ကောင်းအကျပ်အတည်း (Tom Yam Kung crisis – အာရှငွေကြေး အကျပ်တည်း) ကာလတုန်းက သတ်သေတဲ့နှုန်းနီးပါးအထိ ရှိခဲ့ ကြောင်း မစ္စတာဒနူချာက ပြောပါတယ်။

 

“၂၀၂၃ ခုနှစ်မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့နှုန်းဟ လူ ၁၀၀,၀၀၀ မှာ ၇.၉၄ ရှိတဲ့အတွက် လူ ၁၀၀,၀၀၀ မှာ ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့နှုန်း ၈.၅၉ ရှိတဲ့ ထမ်းယမ်ကောင်းအကျပ်အတည်းကာလနှုန်းထားနီးပါးရှိတယ် လို့ ပြောနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကလည်း စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။

 

လေထုညစ်ညမ်းမှုကြောင့် လူငယ်တွေကြားမှာ ၂၀% စိတ်ကျရောဂါဖြစ်စေတယ်လို့ ဗြိတိန်စစ်တမ်းတစ်ရပ်က ပြောပါတယ်။

 

ဘန်ကောက်မြို့မှာရှိတဲ့ လူ ၁၀ ဦးမှာ ၇ ဦးဟာ လုပ်ငန်းခွင်စိတ်ဖိစီးမှုဒဏ် ခံစားနေရကြောင်း မဟီဒေါ တက္ကသိုလ်ရဲ့ လေ့လာဆန်းစစ်မှုစစ်တမ်းအရ သိရပါတယ်။

 

Ref: NESDC says 1 in 70 people a suicide risk

 

#PeopleMedia


Share this post