• Follow Us on

Home ထိုင်းနိုင်ငံမှာ လျှပ်စစ်ကားစက်ရုံဆောက်မယ့်စီမံချက် တက်ဆလာကုမ္ပဏီ ပယ်ဖျက်

ထိုင်းနိုင်ငံမှာ လျှပ်စစ်ကားစက်ရုံဆောက်မယ့်စီမံချက် တက်ဆလာကုမ္ပဏီ ပယ်ဖျက်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၇

 

ကမ္ဘာကျော်တက်ဆလာကုမ္ပဏီဟာ ထိုင်းနိုင်ငံမှာ လျှပ်စစ်ကားထုတ်လုပ်ရေးစက်ရုံတစ်ရုံလာရောက်တည် ဆောက်မယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး လျှပ်စစ်ကားအားသွင်းရုံတွေ တည်ဆောက်ရေးကိုအသာ အဓိက အာရုံစိုက်ဆောင်ရွက်မှာဖြစ်ကြောင်း အစိုးရအိမ်တော်က သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းက ထိုင်းနိုင်ငံကို လာရောက်ခဲ့တဲ့ တက်ဆလာကုမ္ပဏီရဲ့ အမှု ဆောင်အရာရှိအဖွဲ့ကို အလုပ်ဖြုတ်လိုက်ပြီးနောက်မှာ အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

“ထိုင်းနိုင်ငံတစ်ခုတည်းမှာသာမဟုတ်ဘဲ ကမ္ဘာတစ်ဝန်း တက်ဆလာကုမ္ပဏီရဲ့ အစီအစဉ်တွေကို ရပ်တန့်ထား တာကြောင့် လက်ရှိအချိန်မှာ ကုမ္ပဏီအနေနဲ့ လျှပ်စစ်ကားအားသွင်းစက်ရုံတည်ဆောက်ရေးကိစ္စတစ်ခုတည်း ကိုသာ ဆွေးနွေးနေပါတယ်။ တရုတ်၊ အမေရိကနဲ့ ဂျာမနီကလွဲလို့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ တခြား ဘယ်နေရာ မှာမတို လုပ်ငန်းတွေ ဆက်လက်ဖြစ်မှာမဟုတ်ပါဘူး။” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

 

တက်ဆလာကုမ္ပဏီအနေနဲ့ ထိုင်းနိုင်ငံကို ၎င်းတို့ကုမ္ပဏီရဲ့ လျှပ်စစ်ကားထုတ်လုပ်တဲ့ ဗဟိုချက်မနိုင်ငံတစ်ခုအ ဖြစ်လာအောင် ဆောင်ရွက်သွားဖို့ အသင့်ရှိနေကြောင်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဝန်ကြီးချုပ်ဆရက်ထာထာဗီ ဆင်က ပြောကြားခဲ့ပါတယ်။

 

ဝန်ကြီးချုပ်ဟာ အမေရိကန်နိုင်ငံမှာရော ထိုင်းနိုင်ငံထဲမှာပါ တက်ဆလာကုမ္ပဏီရဲ့ အမှုဆောင်အရာရှိတွေနဲ့ လေးငါးကြိမ် ဆွေးနွေးပြီးမှ အခုလို ကြေညာခဲ့တာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အမေရိကန်နိုင်ငံမှာကျင်းပခဲ့တဲ့ အကြိမ် ၃၀ မြောက် APEC အစည်းအဝေးတက် ရောက်ဖို့ သွားခဲ့တဲ့ခရီးစဉ်အတွင်း ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ တက်ဆလာကုမ္ပဏီရဲ့ ဖရီးမန့်စက်ရုံမှာ ရှိတဲ့ အမှုဆောင်အရာရှိတွေနဲ့ ဝန်ကြီးချုပ်ဆရက်ထာသွားရောက်တွေ့ဆုံခဲ့ပါတယ်။

 

ဝန်ကြီးချုပ်သက်ဆင်နဲ့ အာဏာရပါတီခေါင်းဆောင် ပေထောင်တန်ရှင်နာဝပ်ထရာတို့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ လ ၂၈ ရက်နေ့က တက်ဆလာကုမ္ပဏီရဲ့ ထိပ်တန်းအမှုဆောင်အရာရှိ ရိုဟန်ပက်တယ်လ်ကို ချင်းမိုင်မြို့က ယီ ပန်းပွဲတော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

 

တပြိုင်တည်းမှာပဲ တက်ဆလာကုမ္ပဏီဟာ ထိုင်းနိုင်ငံတွင်း လျှပ်စစ်ကားစက်ရုံဆောက်နိုင်မယ့် နေရာသုံးခုကို ဆန်းစစ်လေ့လာနေပြီး အခုနှစ် ပထမသုံးလပတ်အတွင်း ဒေါ်လာ ၅ ဘီလျံ ကျော်ရင်းနှီးမြှုပ်နှံသွားမယ်လို့ မျှော် လင့်ထားကြောင်း ဝန်ကြီးချုပ်က ကြေညာခဲ့ပါတယ်။

 

ဒါပေမဲ့ တက်ဆလာကုမ္ပဏီဟာ ၎င်းတို့ရဲ့ အမှုဆောင်အရာရှိအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီးနောက် ထိုင်းနိုင်ငံထဲ မှာ ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်ကိုပါ ပယ်ဖျက်လိုက်ပါတယ်။

 

ဒီဖျက်သိမ်းမှုဟာ အာရှတိုက်နဲ့ ကမ္ဘာတစ်ဝန်း ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်ရုပ်သိမ်းနေတဲ့ တက်ဆလာ ကုမ္ပဏီရဲ့ဆောင်ရွက်ချက် တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

 

အမေရိကန်သမ္မတလောင်းဒေါ်နယ်ထရမ့်က မက္ကဆီကိုနိုင်ငံမှာ ထုတ်လုပ်တဲ့ကားတွေကို ၁၀၀% အခွန် ကောက်ဖို့ ဥပဒေပြဋ္ဌာန်းသွားမှာဖြစ်ကြောင်း ပြောကြားခဲ့တဲ့အတွက် နိုဝင်ဘာလမှာကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲမတိုင်ခင် မက္ကဆီကိုနိုင်ငံမှာ ဂစ်ဂါစက်ရုံတည်ဆောက်ရေးစီမံချက်တွေကို လုပ်ငန်းရပ် ဆိုင်းထားကြောင်း တက်ဆလာကုမ္ပဏီက အစောပိုင်းကတည်းက ကြေညာခဲ့ပါတယ်။

 

မက္ကဆီကိုနိုင်ငံက ဂစ်ဂါစက်ရုံဟာ ၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွင်း လုပ်ငန်းစတင်မယ်လို့ မျှော်လင့်ထား ပေမဲ့ စီမံချက်ဟာ နှောင့်နှေးကြန့်ကြာမှှုတွေ၊ မသေချာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 

Ref: Tesla scraps plan for EV factory in Thailand

 

#PeopleMedia


Share this post