• Follow Us on

Home ထိုင်းနိုင်ငံမှာ သံမဏိ/သတ္တုစက်ရုံ ၅၆၁ ရုံ ပိတ်လိုက်ရပြီးနောက် စက်ရုံတွေ ထပ်မံပိတ်ရဖွယ်ရှိဟုဆို

ထိုင်းနိုင်ငံမှာ သံမဏိ/သတ္တုစက်ရုံ ၅၆၁ ရုံ ပိတ်လိုက်ရပြီးနောက် စက်ရုံတွေ ထပ်မံပိတ်ရဖွယ်ရှိဟုဆို

Share this post

နိုင်ငံတကာ၊ ဇွန် ၂၀

 

ထိုင်းနိုင်ငံတွင်းမှာရှိတဲ့ သံမဏိနဲ့ သတ္တုစက်ရုံ ၅၆၁ ရုံဟာ အခုနှစ်အတွင်း ပိတ်လိုက်ရပြီးနောက် နောက်ထပ် စက်ရုံတွေ ထပ်မံပိတ်ရဖွယ်အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

 

ထိုင်းနိုင်ငံတွင်း ထုတ်လုပ်မှုစရိတ်မြင့်မားနေပြီး ဈေးကွက်တွင်းကို ဈေးသက်သာတဲ့ တရုတ်ပစ္စည်းတွေ လှိမ့်ဝင် လာတာကြောင့် စက်ရုံပိတ်ရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

 

စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနဲ့ အတိုးနှုန်းမြင့်တက်မှုအပါအဝင် ထုတ်လုပ်မှုစရိတ်တွေ မြင့်တက်နေဆဲဖြစ် မယ်ဆိုရင် စက်ရုံတွေထပ်မံပိတ်ပစ်ရနိုင်ဖွယ်ရှိကြောင်း ထိုင်းစက်မှုလုပ်ငန်းအသင်း (FTI) က ပြောပါတယ်။

 

စက်ရုံလုပ်ငန်းတွေကို ကူညီထောက်ပံ့နိုင်ရေးအတွက် အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ FTI က အစိုးရကို တိုက်တွန်းနေပါတယ်။ FTI အနေနဲ့ စက်ရုံတွေပိတ်နိုင်တဲ့အလားအလာကို အနီးကပ်စောင့်ကြည့်နေကြောင်း FTI ရဲ့ ဒုတိယဥက္ကဋ္ဌ အမ်အယ်လ် ဖိတောင်တောင်းယိုင်က ပြောပါတယ်။

 

အခုနှစ် ဇန်နဝါရီလနဲ့ မေလအတွင်း စက်ရုံပေါင်း ၅၆၁ ရုံ ပိတ်လိုက်ရတဲ့အတွက် လုပ်သား ၁၅,၃၄၂ ဦး အလုပ် လက်မဲ့ဖြစ်ခဲ့ရတယ်လို့ စက်မှုလုပ်ငန်းဦးစီးဌာနက ပြောပါတယ်။

 

ပိတ်ပစ်လိုက်တဲ့စက်ရုံတွေထဲမှာ ပလပ်စတစ်စက်ရုံ ၁၂ ရုံ၊ သတ္တုစက်ရုံ ၁၁ ရုံနဲ့ သစ်သားအချောထည်စက်ရုံ ၈ ရုံတို့လည်းပါဝင်ပါတယ်။

 

အတိုးနှုန်းမြင့်တက်ခြင်းအပါအဝင် ထုတ်လုပ်မှုစရိတ်တွေ ဆက်လက်မြင့်မားနေတာကြောင့် နောက်ထပ်စက်ရုံ တွေပိတ်ပစ်ရမယ့်အရေး စိုးရိမ်ပူပန်နေကြပါတယ်။

 

စက်ရုံတွေကို ကူညီဆောင်ရွက်ပေးဖို့ အစိုးရကို FTI က တိုက်တွန်းနေပေမဲ့ စက်ရုံတွေဘက်ကလည်း ကုန်ကျ စရိတ်တွေလျှော့ချနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေရမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ဈေးနှုန်းချိုသာတဲ့ကုန်ပစ္စည်းတွေ ဈေးကွက်ထဲလှိမ့်ဝင်ခဲ့တဲ့အတွက် ယှဉ်ပြိုင်မှုပမာဏ မြင့် တက်လာခဲ့ပါတယ်။

 

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေက တရုတ်ပစ္စည်းကုန်သွယ်မှုတွေကို စီးပွားရေးပိတ်ဆို့အရေးယူ ထားပေမဲ့ ထိုင်းလုပ်ငန်းရှင်တွေ ယှဉ်ပြိုင်ဖို့ ခက်ခဲလှတဲ့ ကုန်ပစ္စည်းတွေကို ထိုင်းဈေးကွက်ထဲကို ဈေးကွက်ရှာ ပြီး ဝင်ရောက်နေတဲ့အတွက် တရုတ်နိုင်ငံဟာ ၎င်းတို့ကုန်ပစ္စည်းတွေကို ဆက်လက်တိုးမြှင့်ထုတ်လုပ်လျက်ရှိပါ တယ်။

 

၂၀၂၁ ခုနှစ်မှာ စက်ရုံ ၆၇၈ ရုံ၊ ၂၀၂၂ ခုနှစ်မှာ စက်ရုံ ၉၉၇ ရုံ၊ ၂၀၂၃ ခုနှစ်မှာ စက်ရုံ ၁၃၃၇ ရုံ ပိတ်ပစ်ခဲ့ရပြီး ၂၀၂၂ ခုနှစ်ကစပြီး ၆၀% ပြန်လည်မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

 

လွန်ခဲ့တဲ့နှစ်နှစ်နဲ့ နှိုင်းယှဉ်ရင် အခြေအနေတွေပိုမိုဆိုးရွားလာတဲ့အတွက် လက်ရှိစီးပွားရေးအခြေအနေကြောင့် လုပ်ငန်းတွေ ထပ်မံပိတ်သိမ်းနိုင်ဖွယ်ရှိနေကြောင်း FTI ရဲ့ ဒုတိယဥက္ကဋ္ဌ နာဝါချန်းတာနာဆူရာကွန်ကလည်း ပြောပါတယ်။

 

ဈေးနှုန်းသက်သာတဲ့ကုန်ပစ္စည်းတွေ အာဆီယံဒေသတွင်း လှိမ့်ဝင်လာနေသလို အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ တရုတ်နိုင်ငံတို့ကြား လက်ရှိဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးပဋိပက္ခတွေကြောင့်လည်း အခုလိုဖြစ်လာတာလို့ ဆို ပါတယ်။

 

Ref: 561 factories in Thailand shut their doors in 2024

 

#PeopleMedia


Share this post