• Follow Us on
Latest News

Home ထိုင်းနိုင်ငံမှာ Facebook ပိတ်ဖို့ ထိုင်းအာဏာပိုင်တွေ ကြိုးပမ်းနေ

ထိုင်းနိုင်ငံမှာ Facebook ပိတ်ဖို့ ထိုင်းအာဏာပိုင်တွေ ကြိုးပမ်းနေ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၃

 

ထိုင်းနိုင်ငံမှာ Facebook လူမှုကွန်ရက်မီဒီယာဝန်ဆောင်မှုလုပ်ငန်းကို ပိတ်ပင်သွားဖို့ ထိုင်းတရားရုံးကို တင်ပြ သွားရန် ထိုင်းအာဏာပိုင်တွေက ကြိုးပမ်းနေကြောင်း ထိုင်း PBS မီဒီယာမှာရေးသားဖော်ပြထားပါတယ်။

 

Facebook လူမှုကွန်ရက်ဟာ ထိုင်းလူမျိုး ၂၀၀၀၀၀ ကျော်ကို လိမ်လည်လှည့်ဖျားပြီး ရင်းနှီးမြှုပ်နှံမှုအတုတွေ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေက ကြော်ငြာတွေကို လက်ခံနေကြောင်း အဲဒီထိုင်းအာဏာပိုင်တွေက ပြောပါ တယ်။

 

ထိုင်းနိုင်ငံသားတွေ လှည့်ဖျားပြီး လိမ်ညာခံလိုက်ရတဲ့ စုစုပေါင်းငွေပမာဏဟာ ဘတ်ငွေ ၁၀ ဘီလျံထက် မနည်းရှိကြောင်း ထိုင်းနိုင်ငံဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းဝန်ကြီး ချိုင်းဝပ်သာနာကာမာနူဆွန်က ပြောပါတယ်။

 

“ဒီကိစ္စနဲ့ပတ်သက်ပြီး လုပ်ငန်းအတုကကြော်ငြာတွေကို စစ်ဆေးပေးဖို့ ထိုင်းအာဏာပိုင်တွေက Facebook ကို အကြိမ်ပေါင်းများစွာတင်ပြခဲ့ပါတယ်။ ဒါပေမဲ့ Facebook က ကျွန်တော်တို့တင်ပြတာတွေကို ကူညီစစ်ဆေးပေး ခြင်းမရှိပါဘူး။” ဝန်ကြီးက ပြောပါတယ်။

 

ဒါ့ကြောင့် ထိုင်းနိုင်ငံမှာ Facebook လူမှုကွန်ရက်ကို ပိတ်ပင်သွားဖို့ ထိုင်းတရားကို ခုနစ်ရက်အတွင်း တင်ပြ တောင်းဆိုသွားဖို့ ရည်ရွယ်ထားကြောင်း သတင်းစာရှင်းလင်းပွဲမှာ ၎င်းက ပြောပါတယ်။

 

အဲဒီသတင်းစာရှင်းလင်းပွဲကို အစုရှယ်ယာလက်မှတ်နဲ့ ငွေကြေးလဲလှယ်ရေးကော်မရှင် ယာယီအထွေထွေ အတွင်းရေးမှူး၊ သာဝပ်ချိုင်း ပစ်တယာဆိုဖုန်၊ အီလက်ထရောနစ်ငွေကြေးလွှဲပြောင်းမှုအေဂျင်စီအမှုဆောင် ညွှန်ကြားရေးမှူး ချိုင်းချာနာမီတာပန့်နဲ့ ဆိုင်ဘာပြစ်မှုစုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ ဒုတိယရဲမင်းကြီး ရဲမှူးချုပ် သာ ယွတ်ချန်သာဝုန်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

 

“တကယ်လို့ Facebook အနေနဲ့ ထိုင်းနိုင်ငံမှာ ဆက်ပြီးအလုပ်လုပ်ချင်တယ်ဆိုရင် အခုကိစ္စမှာ ပိုပြီး တာဝန်ယူ ဖို့ လိုပါတယ်။” လို့ ချိုင်းဝပ်သာနာကာမာနူဆွန်က ပြောပါတယ်။

 

တချို့လူလိမ်တွေဟာ တရားဝင်အသိအမှတ်ပြုခံထားရတဲ့ ကုမ္ပဏီတွေဖြစ်ကြောင်း ယုံကြည်အောင်ပြောဆိုပြီး အစုရှယ်ယာလက်မှတ်နဲ့ ငွေကြေးလဲလှယ်ရေးကော်မရှင်ရဲ့ အမှတ်တံဆိပ်ကိုအသုံးပြုပြသထားကာ Facebook ပေါ်မှာကြော်ငြာတွေတင်ထားကြောင်း၊ ၎င်းတို့ဟာ ၎င်းတို့ထံမှာ ရင်းနှီးမြှုပ်နှံပါက အမြတ်အစွန်းအများအပြား ရရှိမှာဖြစ်တယ်လို့ လူတွေယုံကြည်အောင်ပြောဆိုကာ လိမ်လည်နေသူတွေဖြစ်ကြောင်း ဝန်ကြီးကပြောပါတယ်။

 

ကြော်ငြာအတုတွေကို ယုံစားမိပြီး ရင်းနှီးမြှုပ်နှံခဲ့တဲ့သူတွေမှာလည်း အဲဒီလူလိမ်တွေကတိပြုထားတဲ့ ငွေကြေး တွေကို ဘယ်တုန်းကမှ မရရှိခဲ့ကြောင်း သိရပါတယ်။

 

Ref: Facebook in Thailand threatened with closure: Thia PBS and Photo Credit The Nation and Others

 

#PeopleMedia


Share this post