• Follow Us on
Latest News

Home ထိုင်းနိုင်ငံမှာ ICT ကျွမ်းကျင်ပညာရှင်တွေ မွေးထုတ်ဖို့ ဟွာဝေးကုမ္ပဏီ ကူညီမည်

ထိုင်းနိုင်ငံမှာ ICT ကျွမ်းကျင်ပညာရှင်တွေ မွေးထုတ်ဖို့ ဟွာဝေးကုမ္ပဏီ ကူညီမည်

Share this post

နိုင်ငံတကာ၊ ဇွန် ၃

 

အရှေ့တောင်အာရှဒေသတွင်း ဒစ်ဂျစ်တယ်စီးပွားရေးဗဟိုချက်မအဖြစ် တည်ဆောက်မယ့် ထိုင်းနိုင်ငံရဲ့ ရည် ရွယ်ချက်အောင်မြင်ရေး အထောက်အကူပြုဖို့အတွက် ဒစ်ဂျစ်တယ်စွမ်းရည်ရှိသူတွေနဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့ အကြုံပေါင်းစပ်ထားတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးဖေါ်ထုတ်ဖို့ မဟာဗျူဟာမြောက် မိတ်ဖက်အဖွဲ့ အစည်းတွေအဖြစ် ထိုင်းအစိုးရနဲ့အတူ တည်ဆောက်သွားမှာဖြစ်ကြောင်း တရုတ်နည်းပညာကုမ္ပဏီ ဟွာဝေးက ကြေညာလိုက်ပါတယ်။

 

ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနဲ့ တီထွင်ဖန်တီးမှု ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းပြီး သတင်းနဲ့ ဆက်သွယ်ရေးနည်းပညာ (ICT) ကျွမ်းကျင်ပညာရှင် ၁၀,၀၀၀၊ Cloud AI ဖန်တီးထုတ် လုပ်တဲ့ပညာရှင် ၅,၀၀၀ နဲ့ အစိမ်းရောင်အင်ဂျင်နီယာ (သဘာဝပတ်ဝန်းကျင်မထိခိုက်အောင် လုပ်ငန်းဆောင် ရွက်တဲ့အင်ဂျင်နီယာ) ၂,၀၀၀ ကို ၂၀၂၅ ခုနှစ်မတိုင်ခင် ဟွာဝေးကုမ္ပဏီက လေ့ကျင့်မွေးထုတ်ပေးသွားဖို့ ရည် ရွယ်ထားပါတယ်။

 

“ဒီစီမံချက်အရ ထိုင်းနိုင်ငံထဲက တက္ကသိုလ် ၂၀ ကျော်မှာ ဟွာဝေးရဲ့ ဒစ်ဂျစ်တယ်နဲ့ Cloud ဖန်တီးထုတ်လုပ်မှု သင်တန်းတွေကို ပို့ချသွားမှာဖြစ်ပါတယ်။” လို့ ဟွာဝေးနည်းပညာ (ထိုင်းနိုင်ငံ) ရဲ့ CEO လီရှန်းဝေက မေလ ၃၁ ရက်နေ့က ပြောပါတယ်။

 

လုပ်ငန်းခွင်တည်ဆောက်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းနဲ့ ဆော့ဖ်ဝဲလ် ဒီဇိုင်းရေးဆွဲထုတ်လုပ်ခြင်းတွေအပါအ ဝင် နယ်ပယ်အသီးသီးမှာ အခွင့်အလမ်းတွေရရှိလာအောင် ဟွာဝေးရဲ့ လေ့ကျင့်သင်ကြားမှု/ အသိအမှတ်ပြုမှု တို့နဲ့အတူ ကျောင်းသားတွေနဲ့ လိုက်ဖက်မယ့် လုပ်ငန်းပြပွဲတစ်ခုဖြစ်ကြောင်း ဘန်ကောက်မြို့မှာကျင်းပတဲ့ ထိုင်းနိုင်ငံဒစ်ဂျစ်တယ်စွမ်းရည်အစည်းအဝေးမှာ လီက ပြောပါတယ်။

 

အခုလို မိတ်ဖက်ဆောင်ရွက်မှုဟာ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေကြား ပညဗဟုသုတမျှဝေမှု တွေကိုလည်း မြှင့်တင်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“ဟွာဝေးကုမ္ပဏီအနေနဲ့ ထိုင်းနိုင်ငံထဲမှာ ထိုင်းနိုင်ငံရဲ့ရည်မှန်းချက်နဲ့အညီ ဒစ်ဂျစ်တယ်မဟာဗျူဟာရေးဆွဲ တည်ဆောက်ရေးမှာ ပါဝင်ကူညီသွားဖို့ ပြတ်ပြတ်သားသား သံန္နိဋ္ဌာန်ချထားပြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဒစ်ဂျစ် တယ်နည်းပညာနိုင်ငံ၊ အရည်အချင်းရှိတဲ့နိုင်ငံနဲ့ သဘာဝပတ်ဝန်းကျင်မထိခိုက်အောင်ဆောင်ရွက်တဲ့နိုင်ငံ ဖြစ် မြောက်လာရေးအတွက် ကျွန်တော်တို့ ဆက်လက်ကူညီဆောင်ရွက်သွားမှာပါ။” လို့ လီက ပြောပါတယ်။

 

အရှေ့တောင်အာရှမှာ ဒစ်ဂျစ်တယ်ဗဟိုချက်မနိုင်ငံဖြစ်လာဖို့ ရည်မှန်းပြီး နည်းပညာဖန်တီးမှုနဲ့ AI နည်းပညာ ဖန်တီးမှုတို့ကို ထောက်ပံ့ကူညီသွားဖို့အတွက် အစိုးရက မဟာဗျူဟာမြောက်အစီအစဉ်ရေးဆွဲဆောင်ရွက်သွား မှာဖြစ်ကြောင်း ဖေဖော်ဝါရီလက ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က ပြောကြားခဲ့ပါတယ်။

 

ထိုင်းနိုင်ငံဟာ AI နည်းပညာနဲ့ဆက်နွယ်တဲ့အလုပ်အကိုင်တွေအတွက် ကျွမ်းကျင်ပညာရှင် ၁၀၀,၀၀၀ ဝန်းကျင် လိုအပ်နေပေမဲ့ လက်ရှိအချိန်မှာ AI ကျွမ်းကျင်ပညာရှင် ၂၁,၀၀၀ သာရှိသေးကြောင်း ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

 

၂၀၂၇ ခုနှစ်မတိုင်ခင် ထိုင်းနိုင်ငံဟာ အဆင့်မြင့်ဒစ်ဂျစ်တယ်ကျွမ်းကျင်ပညာရှင် ၆၀၀,၀၀၀ ပြတ်လပ်မှုနဲ့ ရင် ဆိုင်ရမယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။

 

Ref: Huawei to help boost Thai ICT talent

 

#PeopleMedia


Share this post