• Follow Us on
Latest News

Home ထိုင်းနိုင်ငံရဲ့ပထမဦးဆုံး တရုတ်ထုတ် ရေငုပ်သင်္ဘော သုံးနှစ်အတွင်းရောက်ရှိလာမယ်လို့ ထိုင်းရေတပ် မျှော်လင့်

ထိုင်းနိုင်ငံရဲ့ပထမဦးဆုံး တရုတ်ထုတ် ရေငုပ်သင်္ဘော သုံးနှစ်အတွင်းရောက်ရှိလာမယ်လို့ ထိုင်းရေတပ် မျှော်လင့်

Share this post

နိုင်ငံတကာ၊ မေ ၃၁

 

တော်ဝင်ထိုင်းရေတပ်အတွက် တရုတ်ထုတ် S26T Yuan-class ရေငုပ်သင်္ဘောတစ်စီးဝယ်ယူဖို့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း Thai PBS World မှာ ရေးသားဖော်ပြထားပါတယ်။

 

ရေငုပ်သင်္ဘောဝယ်ယူရေးသဘောတူညီချက်ကို အစိုးရအဖွဲ့ရဲ့ အပြီးသတ်ခွင့်ပြုချက်စောင့်နေတာဖြစ်ပြီး ခွင့်ပြု ချက်ရတာနဲ့ တော်ဝင်ထိုင်းရေတပ်က စာချုပ်ပါအတိုင်းတရုတ်ကုမ္ပဏီနဲ့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ် ကြောင်း တော်ဝင်ထိုင်းရေတပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး အဒွန်းပန်အီယမ်က မေလ ၃၀ ရက်နေ့က ပြော ပါတယ်။

 

ခေတ်မီလက်နက်တွေတပ်ဆင်သွားမယ့် S26T Yuan-class ရေငုပ်သင်္ဘောဟာ အရှေ့တောင်အာရှဒေသတွင်း ပထမဦးဆုံး S26Tရေငုပ်သင်္ဘောဖြစ်တဲ့အတွက် ထိုင်းရေတပ်ရဲ့စွမ်းရည်ကို မြှင့်တင်ပေးသွားမှာဖြစ်သလို သုံး နှစ်အတွင်း အဆိုပါရေငုပ်သင်္ဘော ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ၎င်းကပြောပါတယ်။

 

ထိုင်းရေတပ်က ဂျာမန်ထုတ်ဒီဇယ်အင်ဂျင်တပ်ဆင်ပေးဖို့ တောက်လျှောက်တောင်းဆိုခဲ့ရာကနေ ရေငုပ် သင်္ဘောဝယ်ယူရေးအစီအစဉ်ဟာ အခုလို နှစ်နဲ့ချီပြီး ကြာမြင့်ခဲ့တာဖြစ်ပါတယ်။

 

ဥရောပသမဂ္ဂက တရုတ်နိုင်ငံကို သပိတ်မှောက်ထားတဲ့အတွက် ဂျာမနီက ၎င်းတို့နိုင်ငံထုတ် ရေငုပ်သင်္ဘော အင်ဂျင်ကို တရုတ်နိုင်ငံကို ပို့ဆောင်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

 

လက်ရှိအချိန်မှာတော့ တော်ဝင်ထိုင်းရေတပ်က ၎င်းတို့ရဲ့ ဂျာမန်ထုတ်အင်ဂျင်တောင်းဆိုချက်ကို ရပ်တန့်လိုက် ပြီး တရုတ်ထုတ် CHD620 အင်ဂျင်တပ်ဆင်ပေးမှာကို လက်ခံလိုက်ပြီဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံရဲ့ ပထမဦးဆုံးရေငုပ်သင်္ဘောကို ထိုင်းတော်ဝင်ရေတပ်က ပိုင်ဆိုင်ရတဲ့အတွက် ထိုင်းပြည်သူတွေအ နေနဲ့ ဂုဏ်ယူနေမယ်လို့ ယုံကြည်ကြောင်း၊ နောက်ထပ် တစ်စီး ဒါမှမဟုတ် နှစ်စီးခန့် ထပ်မံဝယ်ယူဖို့လည်း အစီ အစဉ်ရှိကြောင်း ရေတပ်ဗိုလ်ချုပ်ကြီး အဒွန်းက ပြောပါတယ်။

 

Ref: Thai navy expects delivery of first Chinese submarine in next three years

 

#PeopleMedia


Share this post