• Follow Us on
Latest News

Home ထိုင်းနိုင်ငံရဲ့ နိုဝင်ဘာလ ဆန်တင်ပို့မှုမြင့်တက်ခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ် ပြည်ပဆန်တင်ပို့မှု ကနဦးရည်မှန်း ချက်ကို ကျော်လွန်သွားနိုင်တယ်လို့ ခန့်မှန်းထား

ထိုင်းနိုင်ငံရဲ့ နိုဝင်ဘာလ ဆန်တင်ပို့မှုမြင့်တက်ခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ် ပြည်ပဆန်တင်ပို့မှု ကနဦးရည်မှန်း ချက်ကို ကျော်လွန်သွားနိုင်တယ်လို့ ခန့်မှန်းထား

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၀

 

ထိုင်းနိုင်ငံဟာ နိုဝင်ဘာလအတွင်း ပြည်ပဆန်တင်ပို့မှု မြင့်တက်လာခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ် ပြည်ပဆန် တင် ပို့မှုကနဦးရည်မှန်းချက်ကို ကျော်လွန်သွားနိုင်တယ်လို့ မျှော်လင့်ထားကြောင်း ပြည်ပဆန် တင်ပို့သူများအသင်း က ပြောကြားလိုက်ပါတယ်။

 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ဘတ်ငွေ ၂၃.၀၁ သန်းတန်ကြေးရှိ ဆန်တန်ချိန် ၁.၀၀၇ သန်း တင်ပို့နိုင်ခဲ့ရာ အောက်တိုဘာလနဲ့ နှိုင်းယှဉ်ရင် ၁၉.၉% နဲ့ ၂၃.၃% မြင့်တက်လာခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်ပဆန်တင်ပို့သူ များအသင်းဥက္ကဋ္ဌ ချာရွန်လိုသာမာတက်စ်က ပြောပါတယ်။

 

ပြည်ပနိုင်ငံက ဆန်တင်သွင်းသူတွေဟာ ၁၅ နှစ်အတွင်း ကမ္ဘာ့ဆန်ဈေးမြင့်တက်ခဲ့တဲ့ကြားထဲမှာ လျော့ပါးလာ တဲ့ဆန်ဂိုဒေါင်တွေကို ပြန်လည်ဖြည့်တင်းချင်တဲ့အတွက် နိုဝင်ဘာလအတွင်းမှာ ဆန်ချောနဲ့ စပယ်ဆန်တွေဟာ တခြားဆန်တွေကြားထဲမှာ အရောင်းမြင့်တက်ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလအတွင်း ဆန်ချောတင်ပို့မှုဟာ ၆၅၉,၆၉၄ တန်အထိ မြင့်တက်ခဲ့ပြီး အောက်တိုဘာလနဲ့ နှိုင်းယှဉ်ရင် ၃၁% မြင့်တက်ခဲ့ပါတယ်။

 

ထိုင်းဆန်ချောရောင်းချရေးအတွက် အဓိကဈေးကွက်နိုင်ငံတွေကတော့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အယ်လ်ဂျီးရီး ယား၊ အီရတ်၊ မလေးရှား၊ ဂျပန်၊ ဘရာဇီးနဲ့ ကင်မရွန်းနိုင်ငံတို့ဖြစ်ကြောင်း ချာရွန်လိုသာမာတက်စ်က ပြောပါ တယ်။

 

တခြားဆန်တွေနဲ့ မတူတာကတော့ နိုဝင်ဘာလအတွင်း ပေါင်းဆန်ရောင်းအားဟာ ၉၁,၃၀၃ တန်သာ ရောင်းချ နိုင်ခဲ့တဲ့အတွက် အောက်တိုဘာလ ရောင်းအားထက် ၁၁.၂% လျော့ကျသွားပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလနဲ့ နိုဝင်ဘာလကြားမှာ ထိုင်းနိုင်ငံဟာ ဆန်တန်ချိန် ၇.၉၄၅ သန်း တင်ပို့နိုင်ခဲ့တဲ့အတွက် ၂၀၂၂ ခုနှစ် ကာလတူရောင်းအားထက် ၁၄.၇ % မြင့်တက်ခဲ့ပါတယ်။

 

ဆန်ပြည်ပတင်ပို့မှုကနေရရှိတဲ့ဝင်ငွေဟာ ဒေါ်လာ ၄.၆၁ သန်း (ထိုင်းဘတ်ငွေ ၁၆၁.၂၆ သန်း) ဖြစ်ပြီး အရင်နှစ် နဲ့ နှိုင်းယှဉ်ရင် ဝင်ငွေ ၂၈.၉% မြင့်တက်ခဲ့ပါတယ်။

 

ဒီဇင်ဘာလအတွင်းမှာတော့ ဆန်တန်ချိန် ၈၀၀,၀၀၀ နဲ့ ၉၀၀,၀၀၀ ကြား တင်ပို့နိုင်ခဲ့တယ်လို့ ခန့်မှန်းထားပြီး ထိုင်းနိုင်ငံအနေနဲ့ ၂၀၂၃ ခုနှစ် ကနဦးဆန်တင်ပို့မှုရည်မှန်းချက် တန်ချိန် ၈.၅ သန်းကို ကျော်လွန်သွားလိမ့် မယ်လို့ မျှော်မှန်းထားပါတယ်။

 

ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ ရရှိထားတဲ့သတင်းတွေအရ ဗီယက်နမ်ဆန်မွှေးဟာ တစ်တန်ကို ၆၅၃-၆၅၇ ဒေါ်လာဈေးပေါက်နေပြီး ထိုင်းဆန်မွေးကတော့ တစ်တန်ကို ၆၅၉ ဒေါ်လာ ဈေးပေါက်နေကြောင်း သိရပါတယ်။

 

Ref: Thailand set to surpass 2023 rice export target as November figures surge

 

#PeopleMedia


Share this post