ထိုင်းနိုင်ငံရဲ့ နံပတ် ၁ အရောင်းသမားဖြစ်ချင်ကြောင်း ထိုင်းဝန်ကြီးချုပ်ဆရက်ထာ ပြောဆို
PUBLISHED - October 5, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၅
ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က ၎င်းအနေနဲ့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းနံပတ် ၁ အရောင်းသမားဖြစ်ချင် ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
“ဒီကနေ့ ကျွန်တော့်ကို ဝန်ကြီးချုပ်တစ်ယောက်လို မမြင်စေ့ချင်ဘူး။ ထိုင်းနိုင်ငံကို ရှေ့ရောက်အောင်မောင်းနှင် သွားမယ့် စီးပွားရေးသမားတစ်ယောက်အဖြစ်ပဲ မြင်စေ့ချင်ပါတယ်။” လို့ ဗုဒ္ဓဟူးနေ့က ဘန်ကောက်မြို့မှာကျင်း ပခဲ့တဲ့ “၂၀၂၄ ခုနှစ် ထိုင်းစီးပွားရေးအလားအလာ၊ ဒီကနေ့ကစပြီး အနာဂတ်ကိုပြောင်းလဲလိုက်ပါ” ဆိုတဲ့ပွဲမှာ ပြောကြားခဲ့တဲ့မိန့်ခွန်းထဲမှာ ဆရက်ထာက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲကို ထိုင်းဘာသာနဲ့ထုတ်ဝေတဲ့ ကရုန်ထက်ပ်ထူရကစ် (Krungthep Turakij) စီးပွားရေးသတင်းစာက ကမကထလုပ်ပြီး ၎င်းတို့သတင်းစာရဲ့ ၃၆ နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဝေါဒေ့ါဖ်အက်စ်တိုးရီးယားဟိုတယ် မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်ဟာ အရောင်းသမားတစ်ယောက်ပါ။ ကျွန်တော်ဟာ ထိုင်းနိုင်ငံရဲ့ထုတ်ကုန်တွေကိုရောင်းချပြီး ရင်း နှီးမြှုပ်နှံသူတွေယုံကြည်မှုရှိလာအောင် တည်ဆောက်ရမှာပါ။ ဒါဟာ နိုင်ငံရဲ့နံပတ် ၁ အရောင်းသမားတစ်ဦးအ နေနဲ့ ကျွန်တော်ထမ်းဆောင်ရမယ့် တာဝန်နဲ့ ကျွန်တော်ခံယူထားတဲ့တာဝန်ပဲဖြစ်ပါတယ်။” လို့ မစ္စတာဆရက် ထာက ပြောပါတယ်။
ထိုင်းနိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဖြည်းဖြည်းချင်းသွားနေတဲ့ ကားအိုကားဟောင်းတစ်စီးနဲ့တူနေ တယ်ဆိုတာ တခြားစီးပွားရေးသမားတွေမြင်သလို ၎င်းအနေနဲ့လည်း မြင်ကြောင်း ၎င်းက ပြောပါတယ်။
အစိုးရဟောင်းကလည်း အခက်အခဲ/ အကန့်အသတ်မျိုးဆိုနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် အစိုးရဟောင်းနဲ့ပတ် သက်ပြီး ဝေဖန်ပြောကြားစရာအကြောင်း လုံးဝမရှိကြောင်းလည်း ၎င်းက ပြောပါတယ်။
အဲဒီလို အစိုးရဟောင်းကိုဝေဖန်နေမယ့်အစား စီးပွားရေးကဏ္ဍအားလုံး နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုတွေ စိတ်ဝင်စား လာအောင် လက်တွဲဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တခြားနိုင်ငံတွေနဲ့ ဆက်ဆံရာမှာ စေ့စပ်ညှိနှိုင်းနိုင် အောင်လို့ ၎င်းအစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အကူအညီပေးသွားမှာဖြစ်ကြောင်း ဆရက်ထာက ပြောပါတယ်။
အစိုးရလုပ်ငန်းတွေအနေနဲ့လည်း (မလုပ်မရှုပ်မပြုတ် ကျောက်ချထိုင်မနေဘဲ) အခြေအနေကို ဖန်တီးယူတဲ့ လုပ်ငန်း တွေဖြစ်လာအောင် ကြိုးစားဖို့ ၎င်းက တောင်းဆိုလိုက်တဲ့အပြင် ထိုင်းစတော့အိပ်ချိန်းအနေနဲ့လည်း စီးပွားရေးပွဲတွေမှာပါဝင်ဆင်နွှဲနိုင်ပြီး ထိုင်းနိုင်ငံဟာ ရင်းနှီးမြှုပ်နှံဖို့ သင့်တော်တဲ့နိုင်ငံဖြစ်တယ်ဆိုတာကို အ ကြောင်းကြားပေးနိုင်ဖို့ မျှော်လင့်ထားကြောင်း ၎င်းက ပြောပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေကြားမှာ ယုံကြည်မှုတည်ဆောက်ဖို့အတွက် အစိုးရကဏ္ဍရော ပုဂ္ဂလိကကဏ္ဍပါ အတူတကွ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အစိုးရအနေနဲ့ ထိုင်းစက်မှုလုပ်ငန်းတွကို မြှင့်တင်ပေးသွားမှာဖြစ်သလို နိုင် ငံကို နောက်ထပ်အခန်းကဏ္ဍသစ်ရောက်အောင် တွန်းပို့သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အိမ်နီးချင်းနိုင်ငံနဲ့ ယှဉ်ရင် နိုင်ငံကိုနောက်ကျစေတဲ့ ခေတ်မမီတော့တဲ့ ဥပဒေ/စည်းမျဉ်းစည်းကမ်း တွေ အများအပြားရှိနေတာကို ၎င်းအနေနဲ့သဘောပေါက်ကြောင်း၊ ဥပဒေတွေပြင်ဆင်ရေးဆိုတာ မလွယ်ကူပေ မဲ့လည်း အဲဒီလို ဥပဒေပြင်ဆင်ရေးဟာ ထိုင်းနိုင်ငံရဲ့အကြီးမားဆုံတာဝန်ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍကိုလည်း ပြန်လည်တည်ဆောက်ဖို့လိုနေကြောင်း ဆရက်ထာက ပြောပါတယ်။
အကြွေးတွေဆိုင်းငံ့ထားပြီး ကောက်ပဲသီးနှံဈေးနှုန်းကို အာမခံချက်ပေးထားတာမျိုးလို မူဝါဒတွေကို ၎င်းအနေနဲ့ သဘောမတူကြောင်း၊ အဲဒီလိုလုပ်မယ့်အစား လယ်သမားတွေ ဝင်ငွေပိုမိုရရှိအောင်ကူညီဖို့အတွက် အစိုးရအ နေနဲ့ နည်းလမ်းတွေရှာဖွေဖို့ လိုအပ်ကြောင်း၊ ဒါမှသာ လယ်သမားတွေ အကြွေးပြန်ဆပ်နိုင်မှာဖြစ်ကြောင်း၊ အခု လာမယ့်လေးနှစ်အတွင်းမှာ လယ်သမားတွေရဲ့ဝင်ငွေ သုံးဆမြင့်တက်သွားလိမ့်မယ်လို့ ၎င်းအနေနဲ့ မျှော်လင့် ထားကြောင်း ဆရက်ထာက ပြောပါတယ်။
ဝန်ကြီးချုပ်ဆရက်ထာက ရေအရင်းအမြစ်ကိစ္စတွေ၊ မိုးခေါင်/ရေကြီးခြင်းကိစ္စတွေနဲ့ ရေလုပ်ငန်းကဏ္ဍကိုလည်း ထည့်သွင်းပြောဆိုသွားပါတယ်။
Ref: Prime Minister Srettha Thavisin declared that he wants to be Thailand’s No 1 salesman, seeking new markets and attracting more foreign investment.
#PeopleMedia