• Follow Us on
Latest News

Home ထိုင်းနိုင်ငံရဲ့ ဖေဖော်ဝါရီလ ပို့ကုန် ၁၄% အထိ မြင့်တက်

ထိုင်းနိုင်ငံရဲ့ ဖေဖော်ဝါရီလ ပို့ကုန် ၁၄% အထိ မြင့်တက်

Share this post

နိုင်ငံတကာ၊ မတ် ၂၂

 

အမေရိကန်ကုန်သွယ်ရေးမူဝါဒကြောင့် လာမယ့်နှစ် ကုန်သွယ်ရေးအလားအလာ ခန့်မှန်းရခက်ပေမဲ့ ထိုင်းပြည်ပပို့ကုန် တင်ပို့မှု ၈ လဆက်တိုက်မြင့်တက်လာခဲ့ရာမှာ ဖေဖော်ဝါရီလမှာ မျှော်မှန်းထားတာထက် ပိုမိုမြင့်တက်ခဲ့ကြောင်း ကုန် သွယ်ရေးဝန်ကြီးဌာနက မတ်လ ၂၁ ရက်နေ့ (သောကြာနေ့) က ပြောကြားလိုက်ပါတယ်။

 

အခုနှစ် ဇန်နဝါရီလမှာ ပို့ကုန် ၁၃.၆% မြင့်တက်ခဲ့ပြီးနောက် ဖေဖော်ဝါရီလမှာ ပို့ကုန် ၉.၇% အထက် မြင့်တက်နိုင်ဖွယ်ရှိ ကြောင်း ရိုက်တာသတင်းဌာနသုသတေသနအဖွဲ့က ခန့်မှန်းထားပေမဲ့ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ယှဉ်ရင် ဒီနှစ်ဖေဖော်ဝါရီလ မှာ ပို့ကုန် ၁၄.ဝ% မြင့်တက်ခဲ့ကြောင်း သိရပါတယ်။

 

“ပြည်ပပို့ကုန်ကတော့ အလွန်ကောင်းပါတယ်ခင်ဗျ။ ကျွန်တော်တို့ ကျေနပ်နေကြပါတယ်။” လို့ ကုန်သွယ်ရေးဝန်ကြီး ဖိချိုင်းနာရစ်သာဖန်းက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

 

ပထမသုံးလပတ်အတွင်းမှာ ပြည်ပပို့ကန်ု ၁၀% မြင့်တက်နိုင်ဖွယ်ရှိကြောင်း ဝန်ကြီးက ပြောပါတယ်။

 

“ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေက စီးဝင်နေပြီး ကုန်သွယ်ရေးလွတ်လပ်ခွင့် စေ့စပ်ညှိနှိုင်းမှုတွေကလည်း ပြည်ပပို့ ကုန် မြှင့်တင်ရာမှာ အထောက်အကူပြုသွားမှာဖြစ်ပါတယ်။” လို့ မစ္စတာဖိချိုင်းက ပြောပါတယ်။

 

၂၀၂၄ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ ပြည်ပပို့ကုန်ဟာ ၅.၄% မြင့်တက်လာခဲ့ပြီး ဒေါ်လာ ၃၀၁ ဘီလျံဖိုးအထိ ပြည်ပနိုင်ငံတွေ ကို တင်ပို့နိုင်ခဲ့ပါတယ်။ အခုနှစ်မှာတော့ ပြည်ပပို့ကုန် ၂% ကနေ ၃% အထိ မြင့်တက်လာနိုင်တယ်လို့ ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

 

“ပြည်ပပို့ကုန် ၃% အထက် မြင့်တက်လာနိုင်ဖွယ်ရှိပါတယ်။ လာမယ့်သုံးလပတ်အတွင်းမှာ လယ်ယာထွက်ကုန်တွေ ပြန်ပြီး ရောင်းအားမြင့်လာမှာဖြစ်ပါတယ်။ ဒီနှစ်ထဲ ပထမနှစ်လအတွင်း အမေရိကန်ကုန်သွယ်ရေးမူဝါဒဟာ ထိုင်းပို့ကုန် တွေအပေါ် ထိခိုက်မှု လုံးဝမရှိပါဘူး။” လို့ ကုန်သွယ်ရေးမူဝါဒနဲ့ မဟာဗျူဟာရုံး အကြီးအကဲ ပွန်းပေါင်းနိုင်ယာနာပါခွန်က ပြောပါတယ်။

 

ဒါပေမဲ့ ကမ္ဘာ့ကုန်သွယ်ရေးအခြေအနေတွေဟာ အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်ဆဲဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။

 

ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်နဲ့ ကုန်သွယ်ရာမှာ ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၃၅.၄ ဘီလျံရှိခဲ့တဲ့အတွက် ကုန်သွယ်ရေးပိုငွေ လျှော့ချနိုင်ရေး အမေရိကန်ပြည်ထောင်စုက ထုတ်ကုန်တွေကို ပိုမိုဝယ်ယူဖို့ ကြိုးစားနေပါတယ်။

 

Ref: Thai February exports jump 14%, beating forecast

 

#PeopleMedia


Share this post