ထိုင်းနိုင်ငံရဲ့ ဗီဇာကင်းလွတ်ခွင့်သဘောတူညီချက် ကြိုးပမ်းမှု ပြင်သစ်ထောက်ခံ
PUBLISHED - March 13, 2024
နိုင်ငံတကာ၊ မတ် ၁၃
ထိုင်းနိုင်ငံနဲ့ ဥရောပသမဂ္ဂ လွတ်လပ်စွာကုန်သွယ်ခွင့်သဘောတူညီချက်ရရှိရေး စေ့စပ်ညှိနှိုင်းမှုတွေကို အရှိန် မြှင့်ဆောင်ရွက်နေစဉ်အတွင်း ရှန်းဂန်နယ်မြေခေါ် ဥရောပ ၂၇ နိုင်ငံပါဝင်တဲ့ နိုင်ငံတွေနဲ့ ဗီဇာကင်းလွတ်ခွင့်သ ဘောတူညီချက်ရရှိရေးကြိုးပမ်းမှုကို ပြင်သစ်နိုင်ငံက ထောက်ခံလိုက်ကြောင်း ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင် က အင်္ဂါနေ့ (မတ်လ ၁၃ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ အဲလိစ်နန်းတော်မှာ ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်နဲ့ တွေ့ဆုံပြီးနောက် အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
တနင်္လာနေ့က ပြင်သစ်စံတော်ချိန် မွန်းလွဲပိုင်းမှာ ခေါင်းဆောင်နှစ်ဦး ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါ တယ်။
ရှန်းဂန်နယ်မြေအတွင်းက ဥရောပနိုင်ငံတွေနဲ့ ဗီဇာကင်းလွတ်ခွင့်သဘောတူညီချက်ရရှိရေး ထိုင်းနိုင်ငံရဲ့ကြိုး ပမ်းမှုကို သမ္မတမက်ခရွန်က လိုလိုလားလား ထောက်ခံခဲ့ကြောင်း မစ္စတာဆရက်ထာက ထိုင်းမီဒီယာတွေနဲ့ သီး သန့်အင်တာဗျူးမှာ ပြောပါတယ်။
ဇွန်လ ၆ ရက်နေ့ကနေ ၉ ရက်န့အထိ ကျင်းပမယ့် ၂၀၂၄ ခုနှစ် ဥရောပလွှတ်တော်ရွေးကောက်ပွဲအပြီး တစ်ချိန် ချိန်မှာ ဗီဇာကင်းလွတ်ခွင့်အစီအစဉ်ကို ထိုင်းနိုင်ငံနဲ့ ပြင်သစ်နိုင်ငံတို့ စတင်ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း ဝန် ကြီးချုပ်ဆရက်ထာက ပြောပါတယ်။
အခုနှစ်ကုန်ပိုင်းလောက်မှာ ဆုံးဖြတ်ချက်ချနိုင်ဖွယ်ရှိတယ်လို့လည်း ဆရက်ထာက ပြောပါတယ်။
ရှန်းဂန်နယ်မြေမှာ အဖွဲ့အစည်းထဲပါဝင်တဲ့နိုင်ငံတွေရဲ့ နယ်စပ်ထိန်းချုပ်မှုတွေကို ဖျက်သိမ်းထားတဲ့ ဥရောပ ၂၇ နိုင်ငံပါဝင်တဲ့ နယ်မြေဖြစ်ပါတယ်။
ဗီဇာကင်းလွတ်ခွင့်အစီအစဉ်ဟာ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်း တွေ ပိုမိုရရှိလာရုံတင်မကဘဲ တခြားနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ထိုင်းနိုင်ငံနဲ့ ရှန်းဂန်နယ် မြေဥရောပနိုင်ငံတွေက ပြည်သူတွေအတွက်လည်း အခွင့်အလမ်းတွေ ထောက်ပံ့သွားမှာဖြစ်ကြောင်း မစ္စတာ မက်ခရွန်ကို အလေးထားပြောကြားခဲ့တယ်လို့ ဝန်ကြီးချုပ်ဆရက်ထာက ပြောပါတယ်။
ထိုင်း-ဥရောပသမဂ္ဂ လွတ်လပ်စွာကုန်သွယ်ခွင့်သဘောတူညီချက်နဲ့ပတ်သက်ပြီး ၁၈ လအတွင်း ရလဒ်ကောင်း တွေထွက်ပေါ်လာမယ်လို့ မျှော်လင့်ထားကြောင်း ၎င်းက ပြောပါတယ်။
ထိုင်းနဲ့ ပြင်သစ် နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက်လည်း ဆွေးနွေးခဲ့ကြောင်း၊ နောက်ဆက်တွဲ ဆွေးနွေးပွဲတွေမှာ အသေးစိတ်ထပ်မံဆွေးနွေးသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
တပြိုင်တည်းမှာ ထိုင်းစီးပွားရေးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မေလအတွင်း ပြင်သစ်နိုင်ငံကို သွားရောက်ဖို့ စီစဉ် ထားသလို ပြင်သစ်ကိုယ်စားလှယ်တစ်ဖွဲ့ကလည်း စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံကို လာရောက်မှာဖြစ် ကြောင်း ၎င်းက ပြောပါတယ်။
ပြင်သစ်သမ္မတ မစ္စတာမက်ခရွန်ကတော့ နောက်နှစ်မှာ ထိုင်းနိုင်ငံကို နောက်ထပ်တစ်ကြိမ်လာရောက်လည် ပတ်ဦးမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ဆရက်ထာက ပြောပါတယ်။
နယ်ပယ်ရှစ်ခုဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ စားနပ်ရိက္ခာ နဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ခေတ်မီကား ထုတ်လုပ်ရေးလုပ်ငန်း၊ ဒစ်ဂျစ်တယ်လ်စီးပွားရေးလုပ်ငန်းနဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေမှာ ဒေသတွင်း ဗဟိုချက်မ နိုင်ငံတစ်ခုဖြစ်လာဖို့ ထိုင်းနိုင်ငံရဲ့ ရည်ရွယ်ချက်ကိုလည်း မစ္စတာဆရက်ထာက အစောပိုင်း ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Ref: France said to back Thai visa-free push
#PeopleMedia