ထိုင်းနိုင်ငံရဲ့ မတ်လပြည်ပပို့ကုန် ၁၀.၉% ကျဆင်းကြောင်း TPSO ပြော
PUBLISHED - April 30, 2024
နိုင်ငံတကာ၊ ဧပြီ ၃၀
မတ်လအတွင်း ထိုင်းနိုင်ငံပြည်ပပို့ကုန် ၁၀.၉% ကျဆင်းသွားရာ ဒေါ်လာ ၂၄.၉၆ ဘီလျံ ကျဆင်းသွားခြင်းဖြစ် ကြောင်း ကုန်သွယ်ရေးမူဝါဒနဲ့ မဟာဗျူဟာရုံး (TPSO) က တနင်္လာနေ့ (ဧပြီ ၂၉ ရက်နေ့) က ကြေညာလိုက် ပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လအတွင်း ပြည်ပပို့ကုန်ဟာ အလွန်မြင့်မားတဲ့အတွက် ၁၀.၉% ကျဆင်းတယ်ဆိုတာ တစ်စိတ် တစ်ပိုင်း ကျဆင်းသွားတာဖြစ်ကြောင်း ကုန်သွယ်ရေးမူဝါဒနဲ့ မဟာဗျူဟာရုံး (TPSO) ညွှန်ကြားရေးမှူးချုပ် ပွန်း ပေါင်းနိုင်ယာနာပါကွန်က ပြောပါတယ်။
တစ်စိတ်တစ်ပိုင်းကျဆင်းပေမဲ့ ကမ္ဘာ့စီးပွားရေးမရေရာမှုများနဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ မသေချာမှုများရှိနေသည့် တိုင် မတ်လပြည်ပပို့ကုန်တန်ဖိုးဟာ ပြီးခဲ့တဲ့ငါးနှစ်အတွင်း ပျှမ်းမျှပြည်ပပို့ကုန်တန်ဖိုးကို မီလုနီးပါးရှိနေဆဲဖြစ် ကြောင်း ပွန်းပေါင်းက ပြောပါတယ်။
ရာသီဥတု အလွန်အမင်းဆိုးရွားမှုတွေဟာ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ထိခိုက်သလို လယ်ယာကဏ္ဍပြည်ပ ပို့ကုန်ကိုလည်း ထိခိုက်ကြောင်း ၎င်းက ပြောပါတယ်။
မတ်လအတွင်း သွင်းကုန်တန်ဖိုးဟာ ဒေါ်လာ ၂၆.၁၂၃ ဘီလျံရှိတဲ့အတွက် ထိုင်းနိုင်ငံဟာ မတ်လမှာ ကုန်သွယ် ရေးလိုငွေ ဒေါ်လာ ၁.၁၆၃ ဘီလျံရှိခဲ့ကြောင်း ၎င်းက ပြောပါတယ်။
အခုနှစ် ပထမသုံးလအတွင်း ပြည်ပပို့ကုန်တန်ဖိုးဟာ ဒေါ်လာ ၇၀.၉၉၅ ဘီလျံ ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့နှစ် ပထမ သုံးလအတွင်း ပို့ကုန်ထက် ဝ.၂% လျော့ကျသွားတယ်လို့ ဆိုပါတယ်။
အခုနှစ် ပထမသုံးလအတွင်း သွင်းကုန်တန်ဖိုးဟာ ဒေါ်လာ ၇၅.၄၇ ဘီလျံ ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့နှစ် ပထမ သုံး လအတွင်း သွင်းကုန်ထက် ၃.၈% မြင့်တက်သွားတယ်လို့ ဆိုပါတယ်။
ရလဒ်အနေနဲ့ ထိုင်းနိုင်ငံဟာ ပထမသုံးလပတ်မှာ ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၄.၄၇၅ ဘီလျံ ရှိခဲ့ကြောင်း ပွန်း ပေါင်းက ပြောပါတယ်။
Ref: Thailand’s March exports plunge 10.9% year on year: TPSO
#PeopleMedia