• Follow Us on
Latest News

Home ထိုင်းနိုင်ငံသူရဲကောင်း မသန်စွမ်းအားကစားသမားများကို ဝန်ကြီးချုပ်ပေထောင်တန် ဂုဏ်ပြုချီးမြှင့်

ထိုင်းနိုင်ငံသူရဲကောင်း မသန်စွမ်းအားကစားသမားများကို ဝန်ကြီးချုပ်ပေထောင်တန် ဂုဏ်ပြုချီးမြှင့်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၈

 

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ထိုင်းမသန်စွမ်းအားကစားသမားများအဖွဲ့ကို ထိုင်းအစိုးရက သောကြာနေ့က အစိုးရအိမ်တော်မှာ ဘတ်ငွေ ၂၁၂ သန်းကျော် ချီးမြှင့်ခဲ့ပါတယ်။

 

“အမျိုးသားအားကစားဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ” NSDF ကိုအသုံးပြုပြီး ဝန်ကြီးချုပ်ပေထောင်တန်က မသန် စွမ်းအားကစားသမားများ၊ နည်းပြများ၊ တွဲဖက်ဝန်ထမ်းများပါဝင်တဲ့အားကစားအဖွဲ့ကို ချီးမြှင့်ငွေ ဘတ် ၂၁၂,၁၅၀,၀၀၀ ချီးမြှင့်ခဲ့ပါတယ်။

 

ထိုင်းမသန်စွမ်းအားကစားသမားတွေဟာ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၆ ဆု၊ ငွေတံဆိပ် ၁၁ ခု၊ ကြေး တံဆိပ် ၁၃ ခု ရရှိခဲ့ပြီး အဆင့် ၂၁ ရရှိခဲ့ပါတယ်။

 

ဒီအဆင့်ဟာ ထိုင်းနိုင်ငံရဲ့ မသန်စွမ်းအားကစားပြိုင်ပွဲသမိုင်းမှာ အောင်မြင်မှုအရဆုံး အဆင့်လို့ဆိုပါတယ်။ ထိုင်းဝန်ကြီးချုပ်ပေထောင်တန်က ပဲရစ်အားကစားပြိုင်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်ခဲ့တဲ့အတွက် အားကစား သမားတွေကို ချီးကျူးပြောဆိုလိုက်ပါတယ်။

 

“ပဲရစ်မှာ အကောင်းဆုံးယှဉ်ပြိုင်ခဲ့တဲ့ အားကစားသမားအားလုံးကို ချီးကျူးဂုဏ်ယူကြောင်း ကျွန်မပြောလိုပါ တယ်။ ရှင်တို့အားလုံးဟာ ထိုင်းနိုင်ငံရဲ့ သူရဲကောင်းတွေပါပဲ။” လို့ သောကြာနေ့က ဆုငွေချီးမြှင့်တဲ့အခမ်းအ နားမှာ ဝန်ကြီးချုပ်က ပြောပါတယ်။

 

“အခုချီးမြှင့်ခဲ့တဲ့ဆုငွေတွေဟာ ထိုင်းနိုင်ငံကို ကိုယ်စားပြုဖို့အတွက် အားကစားသမားတွေအနေနဲ့ ပြင်းပြင်းထန် ထန် ဆက်လက်လေ့ကျင့်ရာမှာ အထောက်အကူပြုသွားနိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ရှင်တို့ရဲ့ အောင်မြင်မှုဟာ ရှင်တို့ခြေရာကို လိုက်နင်းမယ့် မျိုးဆက်သစ်တွေအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမှာဖြစ်ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။

 

အခမ်းအနားကို ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာန ဝန်ကြီး ဆိုရာဝေါင်းသီယန်သောင်နဲ့ ထိုင်းနိုင်ငံအားကစားအာဏာပိုင်အဖွဲ့ အုပ်ချုပ်ရေးမှူး ဂေါင်းဆက်ယုဒ်မာနီတို့လည်း တက်ရောက်ခဲ့ပါတယ်။

 

မသန်စွမ်းအားကစားပြိုင်ပွဲအတွက် NSDF က စီစဉ်ထားတဲ့ ဆုကြေးငွေချီးမြှင့်ရေးအစီအစဉ်အရ ရွှေတံဆိပ် ရရှိသူကို ဘတ်ငွေ ၇.၂ သန်း၊ ငွေတံဆိပ်ရရှိသူကို ဘတ်ငွေ ၄.၈ သန်းနဲ့ ကြေးတံဆိပ်ရရှိသူကို ဘတ်ငွေ ၃ သန်း ဆုချီးမြှင့်ခဲ့ပါတယ်။

 

အဲဒီအထဲမှာမှ ဘီးတပ်ကုလားထိုင်ပေါ်ကနေ ယှဉ်ပြိုင်ရတဲ့ ဓားခုတ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဆေးဆူနီ ဂျာနာဟာ ပြင်သစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၃ ခုနဲ့ ကြေးတံဆိပ် ၁ ခုရရှိခဲ့တဲ့အတွက် ဆုငွေ ဘတ်ငွေ ၂၄. ၆ သန်း ရရှိပြီး အားကစားသမားအားလုံးထဲမှာ ဆုငွေအများဆုံးရရှိသူ ဖြစ်ပါတယ်။

 

အသက် ၅၀ အရွယ် ဆေးဆူနီဂျာနာဟာ အမျိုးအစားမတူတဲ့ တစ်ဦးချင်း ဘီးတပ်ကုလားထိုင်ဓားခုတ်ပြိုင်ပွဲ ၃ ပွဲစလုံးမှာ ရွှေတံဆိပ်ဆု ၃ ဆုရရှိခဲ့ပြီး အသင်းလိုက်အမျိုးသမီးဓားခုတ်ပြိုင်ပွဲမှာ ကြေးတံဆိပ်ဆု ၁ ဆု ရှရှိခဲ့ တာဖြစ်ပါတယ်။

 

ဘီးတပ်ကုလားထိုင်ဓားခုတ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၁ ခုနဲ့ ငွေတံဆိပ် ၂ ခု ရရှိခဲ့တဲ့ ပေါင်ဆာခွန်ပေယိုက ဆုငွေ ဘတ်ငွေ ၁၆. ၈ သန်းရရှိခဲ့ပြီး မသန်စွမ်းစားပွဲတင်တင်းနစ်ပြိုင်ပွဲမှာ ငွေတံဆိပ် ၁ ခု နဲ့ ကြေးတံဆိပ် ၂ ခု ရရှိခဲ့တဲ့ ယွတ်တာဂျက်ဂလင်းဘန်ချူယန်က ဆုငွေ ဘတ် ၁၀. ၈ သန်း ရရှိသွားပါတယ်။

 

ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ဆုရရှိခဲ့သူအားလုံး ဘတ်ငွေ ၁၆၂,၆၀၀,၀၀၀ ရရှိခဲ့ပြီး နည်းပြတွေနဲ့ တွဲဖက်ဝန်ထမ်းတွေ ကတော့ ဘတ်ငွေ ၄၄၁၅၀၀၀၀ ရရှိခဲ့ပါတယ်။

 

အိုလံပစ်ပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဘာဆုမှ ရမလာတဲ့အားကစားသမားတွေကိုလည်း တစ်ဦးကို ဘတ် ငွေ ၁၀၀,၀၀၀ စီ ချီးမြှင့်ခဲ့ပြီး အကူ အပြေးနည်းပြနှစ်ဦးကိုလည်း တစ်ဦးကို ဘတ်ငွေ ၅၀,၀၀၀ စီ ချီးမြှင့်ခဲ့ပါ တယ်။

 

Ref: PM honours Paralympic heroes

 

#PeopleMedia


Share this post