• Follow Us on
Latest News

Home ထိုင်းနိုင်ငံဟာ အာရှတိုက်ရဲ့ ဆီလီကွန်တောင်ကြားဖြစ်လာဖို့ အလားအလာရှိကြောင်း Agoda CEO ပြော

ထိုင်းနိုင်ငံဟာ အာရှတိုက်ရဲ့ ဆီလီကွန်တောင်ကြားဖြစ်လာဖို့ အလားအလာရှိကြောင်း Agoda CEO ပြော

Share this post

နိုင်ငံတကာ၊ ဇွန် ၇

 

ထိုင်းအစိုးရရဲ့ ဒေသတွင်း နည်းပညာဗဟိုချက်မနိုင်ငံဖြစ်မြောက်ရေး ရည်မှန်းချက်ကို ထောက်ခံကြောင်းပြော ဆိုရင်း ထိုင်းနိုင်ငံဟာ အာရှတိုက်ရဲ့ ဆီလီကွန်တောင်ကြားဖြစ်လာဖို့ အလားအလာရှိကြောင်း Agoda ကုမ္ပဏီ ရဲ့ CEO အွမ်ရီ မော်ဂန်ရှတန်က ကြာသပတေးနေ့ (ဇွန်လ ၆ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ဘန်ကောက်မှာရှိတဲ့ Agoda ကုမ္ပဏီရုံးချုပ်မှာ ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်နဲ့ တွေ့ဆုံပြီးနောက်မှာ မော်ဂန် ရှတန်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

 

နည်းပညာဖွံ့ဖြိုးတိုးတက်မှုနဲ့ တီထွင်ဖန်တီးမှုအတွက် ကမ္ဘာ့စင်တာတစ်ခုအဖြစ် ပြောင်းလဲလာအောင်ဆောင် ရွက်ရမယ့်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့ကြောင်း မော်ဂန်ရှတန်ကပြောပါတယ်။

 

“ထိုင်းနိုင်ငံဟာ ယဉ်ကျေးမှုနဲ့ သဘာဝရှုခင်းတွေ ကြွယ်ဝမှုအတွက်သာမကဘဲ နည်းပညာဆိုင်ရာတီထွင်ဖန်တီး မှုရဲ့ ဗဟိုချက်မအဖြစ်လည်း အသိအမှတ်ပြုခံရတဲ့နိုင်ငံဖြစ်တယ်လို့ ကျွန်တာ်တို့မြင်ပါတယ်။ ထိုင်းနိုင်ငံကို အာရှ တိုက်ရဲ့ဆီလီကွန်တောင်ကြားအသစ် ဖြစ်လာအောင် ပြောင်းလဲမယ့်ရည်ရွယ်ချက်ကို ကြိုးပမ်းအားထုတ်နေတဲ့ ထိုင်းအစိုးရကို ကျွန်တော်တို့ကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Agoda ကုမ္ပဏီအနေနဲ့ နှစ်စဉ် ဒေသတွင်းက အရည်အချင်းရှိတဲ့ နည်းပညာသင်တန်းသား ၁၅၀ ကို ပြုစု ပျိုးထောင်ပေးသွားမှာဖြစ်သလို ထိုင်းနိုင်ငံရဲ့ ယှဉ်ပြိုင်မှုစွမ်းအားနဲ့ အရည်အသွေးရှိတဲ့ နည်းပညာလုပ်သား အင်အားစု တိုးတက်လာရေးအထောက်အကူပြုဖို့အတွက် ထိုင်းထိပ်တန်းတက္ကသိုလ်တွေက အင်ဂျင်နီယာ အများအပြားကိုလည်း ငှားရမ်းသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

Agoda ကုမ္ပဏီရဲ့ ဆောင်ရွက်မှုဟာ လုပ်သားအင်အားစုရဲ့ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုကို မြှင့်တင်ပြီး တီထွင်ဖန် တီးမှုကို တွန်းအားပေးမယ့် ထိုင်းအစိုးရရဲ့ကတိကဝတ်နဲ့အညီ ဆောင်ရွက်တာဖြစ်တယ်လို့ဆိုပါတယ်။

 

ကမ္ဘာအဆင့်မီ နည်းပညာဗဟိုချက်မတစ်ခုဖြစ်လာဖို့ ထိုင်းနိုင်ငံက ရည်မှန်းထားကြောင်း ထပ်မံပြောဆိုရင်း Agoda ကုမ္ပဏီရဲ့ကူညီထောက်ပံ့မှုကို ကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ်ဆရက်ထာက ပြောပါတယ်။

 

“Agoda ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ကျွန်တော်တို့ရဲ့နည်းပညာအင်အားစု ဖွံ့ဖြိုးတိုးတက်ရေး အားသာ ချက်တွေကို မြှင့်တင်ပေးသွားမှာဖြစ်သလို ဒစ်ဂျစ်တယ်စီးပွားရေးတစ်ခုတည်ဆောက်မယ့် ကျွန်တော်တို့လမ်းခ ခရီးကိုလည်း ထောက်ပံ့ကူညီသွားမှာဖြစ်ပါတယ်။” လု့ိ ၎င်းက ပြောပါတယ်။

 

နိုင်ငံတကာနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Agoda ကုမ္ပဏီက နိုင်ငံတကာဝန်ထမ်း ၃၀၀၀ ကျော်ဟာ ထိုင်းနိုင် ငံဘန်ကောက်မြို့မှာ အခြေစိုက်အလုပ်လုပ်ကိုင်နေပါတယ်။

 

ကမ္ဘာ့ဒစ်ဂျစ်တယ်ခရီးသွားလုပ်ငန်းဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Agoda ကုမ္ပဏီရဲ့ နိုင်ငံပေါင်း ၇၀ က ဝန် ထမ်းတွေဟာ ဆော့ဖ်ဝဲရေးသားထုတ်လုပ်ခြင်း၊ သတင်းအချက်အလက်လေ့လာခြင်း၊ ထုတ်ကုန်စီမံခန့်ခွဲခြင်း၊ ခေတ်မီနည်းပညာများအသုံးပြု၍ စီးပွားရေးလုပ်ငန်းများအား မဟာဗျူဟာ/နည်းဗျူဟာအရ ခွဲခြမ်းစိတ်ဖြာလေ့ လာခြင်းအပါအဝင် တခြားစီမံချက်လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ဆောင်ရွက်နေကြပါတယ်။

 

ဒါ့အပြင် Agoda ကုမ္ပဏီဟာ ကမ္ဘာတစ်ဝန်း ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုတွေကိုလည်း လုပ်ကိုင်နေ တဲ့ကုမ္ပဏီဖြစ်ပါတယ်။

 

Ref: Agoda CEO sees potential for Thailand to become Asian Silicon Valley

 

#PeopleMedia


Share this post