• Follow Us on

Home ထိုင်းနိုင်ငံ ကရိန်းမျှော်စင်ပြိုကျရာမှာ သေဆုံးသွားတဲ့ မြန်မာလုပ်သားများ တစ်ဦးလျှင် ဘတ်ငွေ ၁.၆ သန်း လျော်ကြေးရမည်

ထိုင်းနိုင်ငံ ကရိန်းမျှော်စင်ပြိုကျရာမှာ သေဆုံးသွားတဲ့ မြန်မာလုပ်သားများ တစ်ဦးလျှင် ဘတ်ငွေ ၁.၆ သန်း လျော်ကြေးရမည်

Share this post

နိုင်ငံတကာ၊ ဧပြီ ၁

 

ထိုင်းနိုင်ငံ ရာယောင်းပြည်နယ်၊ ပလူယက်ဒန်းခရိုင်ရှိ တရုတ်ကုမ္ပဏီလုပ်ငန်းခွင်တစ်ခုမှာ ပြီးခဲ့တဲ့သောကြာနေ့ (မတ်လ ၂၉ ရက်နေ့) က ကရိန်းမျှော်စင်တစ်ခု ပြိုကျခဲ့ရာမှာ သေဆုံးသွားသူတွေအတွက် တစ်ဦးကို ဘတ်ငွေ ၁.၆ သန်း လျော်ကြေးပေးသွားမှာဖြစ်တယ်လို့ Bangkok Post မှာ ရေးသားဖော်ပြထားပါတယ်။

 

နာရီပေါင်းများစွာ ညှိနှိုင်းဆွေးနွေးပြီးနောက်မှာ အခင်းဖြစ်နေရာက လုပ်သား ၇ ဦးရဲ့အလောင်းတွေကို စနေနေ့ မှာ ကယ်ဆယ်ရေးလုပ်သားတွေ ပြန်လည်သယ်ယူခဲ့ကြပါတယ်။

 

စက်ရုံဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ သောကြာနေ့ ညနေ ၅ နာရီက ကရိန်းမျှော်စင်ပြိုကျခဲ့ရာမှာ မြန်မာနိုင် ငံသား ၆ ဦးနဲ့ တရုတ်နိုင်ငံသား ၁ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ပြီး မြန်မာနိုင်ငံသားတစ်ဦးကတော့ ဒဏ်ရာရရှိခဲ့ တယ်လို့ ဆိုပါတယ်။

 

ကရိန်းပြိုကျပြီးနောက် သေဆုံးလုပ်သားတွေရဲ့ အလောင်းတွေကို ကယ်ဆယ်ရေးလုပ်သားတွေက ထုတ်ယူဖို့ ဆောင်ရွက်ရာမှာ လျော်ကြေးငွေ ၅ သန်း ပေးပို့ ကုမ္ပဏီကသဘောမတူမချင်း အခင်းဖြစ်လုပ်ငန်းခွင်ထဲက လုပ် သားအများအပြားက အလောင်းသယ်ယူခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။

 

ဒေသတွင်းလွှတ်တော်အမတ်များ၊ ပလူယက်ဒန်းခရိုင် အကြီးအကဲ၊ သေဆုံးလုပ်သားများရဲ့ မိသားစုဝင်များနဲ့ စက်ရုံစီမံခန့်ခွဲရေးအဖွဲ့တို့ သောကြာနေ့ ည ၁၁ နာရီမှာ တွေ့ဆုံခဲ့ကြပြီး လူမှုဖူလုံရေးပြန်ထုတ်ငွေတွေကို ဖယ် ထုတ်ပြီး ဘတ်ငွေ ၂ သန်း လျော်ကြေးပေးဖို့ ကနဦးမှာ ညှိနှိုင်းခဲ့ကြပါတယ်။

 

ဒါပေမဲ့ စက်ရုံစီမံခန့်ခွဲရေးအဖွဲ့က အဲဒီအဆိုပြုချက်ကို ငြင်းပယ်ခဲ့ကြောင်း ရာယောင်းပြည်နယ် လွှတ်တော်အ မတ် ချူတီပေါင်ပီပုတ်ပင်ညိုက ပြောပါတယ်။

 

နောက်ပိုင်းမှာ မြန်မာလုပ်သားများကူညီထောက်ပံ့ရေးအဖွဲ့ (Worker Assistance Group for Myanmar – WAG) က ကိုယ်စားလှယ်တွေ ရောက်လာပြီး သေဆုံးသူမိသားစုတွေအတွက် တစ်ဦးကို ဘတ်ငွေ ၁.၆ သန်း လျော်ကြေးပေးဖို့နဲ့ ကနဦးပေးချေမှုအဖြစ် ဘတ်ငွေ ၅၀၀၀၀၀ အရင်ပေးချေဖို့၊ ကျန်တဲ့လျော်ကြေးငွေကို သုံးလ အတွင်း အပြီးပေးချေဖို့ သဘောတူညီခဲ့ကြောင်း မစ္စတာချူတီပေါင်က ပြောပါတယ်။

 

လျော်ကြေးပေးဖို့ သဘောတူညီပြီးဖြစ်ကြောင်း လုပ်ငန်းခွင်ထဲက လုပ်သားတွေကို အကြောင်းကြားပြီးမှ ပလူယက်ဒန်းဆေးရုံကို အလောင်းတွေသယ်ယူဖို့ ကယ်ဆယ်ရေးကားတွေကို အဲဒီလုပ်သားတွေက ဝင် ရောက်ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

 

မတော်တဆမှုဖြစ်ပွားရခြင်းအကြောင်းကို စုံစမ်းစစ်ဆေးရာမှာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ထိုင်းအင်ဂျင်နီယာ အင်စတီကျုရဲ့ဥက္ကဋ္ဌ ဝတ်ချာရင်ဂါဆာလတ်ခ်ဦးဆောင်တဲ့ ကျွမ်းကျင်အဖွဲ့တစ်ဖွဲ့ဟာ စနေနေ့က လုပ်ငန်းခွင်ထဲ ကို လာရောက်စစ်ဆေးခဲ့ပါတယ်။

 

Ref: Families of Myanmar crane collapse victims agree B1.6m compensation

 

#PeopleMedia


Share this post