• Follow Us on

Home ထိုင်းနိုင်ငံ မိုက်ခရိုချိ (ပ်) ထုတ်လုပ်ရေးမှာ ရင်းနှီးမြှုပ်နှံဖို့ အမေရိကန်ကုမ္ပဏီတွေကို ဆရက်ထာ တိုက်တွန်း မည်

ထိုင်းနိုင်ငံ မိုက်ခရိုချိ (ပ်) ထုတ်လုပ်ရေးမှာ ရင်းနှီးမြှုပ်နှံဖို့ အမေရိကန်ကုမ္ပဏီတွေကို ဆရက်ထာ တိုက်တွန်း မည်

Share this post

နိုင်ငံတကာ၊ မတ် ၁၅

 

အမေရိကန်ကုမ္ပဏီတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ မိုက်ခရိုချိ (ပ်) နဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်သွားဖို့ ကြာသပတေးနေ့ (မတ်လ ၁၄ ရက်နေ့) က အစိုးရအိမ်တော်တွေ့ဆုံ ပွဲမှာ ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဂျီနာရိုင်းမွန်ဒိုကို ပြောကြား သွားမှာဖြစ်ကြောင်း သိရပါတယ်။

 

ဝန်ကြီးချုပ်ဆရက်ထာဟာ အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဂျီနာရိုင်းမွန်ဒိုနဲ့ သမ္မတရဲ့ ပြည်ပပို့ကုန်ကောင်စီ ဥက္ကဋ္ဌမာ့ခ်အိုင်တို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

 

ကိုယ့်ကိုယ်ကိုယ် အရောင်းသမားတစ်ယောက်လို့ တင်စားခေါ်ဝေါ်လေ့ရှိတဲ့ ထိုင်းဝန်ကြီးချုပ်ဟာ ပြင်သစ်နဲ့ ဂျာမနီမှာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆွေးနွေးပြီး ပြန်လာခါစ အချိန်ဖြစ်ပါတယ်။

 

နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ဝန်ကြီးချုပ်ဆရက်ထာက အမေရိကန်ထိပ်တန်း အရာရှိတွေနဲ့ ဆွေးနွေးခဲ့တာဖြစ်ကြောင်း အစိုးရအိမ်တော်သတင်းရင်းမြစ်က ပြောပါတယ်။

 

ထိုင်းနိုင်ငံက မိုက်ခရိုချိ (ပ်) နဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အမေရိကန်ထိပ်တန်းကုမ္ပဏီတွေကို ဖိတ်ခေါ်သွားမှာဖြစ်သလို ထိုင်းကုန်ပစ္စည်းတွေအတွက် ဈေးကွက်ဖွင့်လှစ် ပေးဖို့လည်း အမေရိကန်ကို တောင်းဆိုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေအနေနဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေတဲ့ တရုတ်နိုင်ငံထုတ် ခေတ်မီချိ (ပ်) တွေနဲ့ တခြားအဆင့်မြင့်နည်းပညာတွေ အသုံးပြုနေတာတွေကို ရပ်တန့်ဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း က ဂျီနာရိုင်းမွန်ဒိုက တိုက်တွန်းခဲ့ပါတယ်။

 

ထိုင်းနိုင်ငံဟာ ဘန်ကောက်မြို့အရှေ့ဘက်က အရှေ့ဖျားစီးပွားရေးလမ်းကြောင်းမှာ ဆောင်ရွက်နေတဲ့ ကိုယ် ပိုင်ဆီလီကွန်တောင်ကြားကို စတင်တည်ဆောက်နေပြီဖြစ်ပါတယ်။

 

ထိုင်းကုန်သွယ်ရေးဝန်ကြီး ဖမ်သမ်ဝီချာယာချိုင်းနဲ့ ထိုင်းနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အမေရိကန်ကုန်သွယ်ရေးအရာရှိတွေ တွေ့ဆုံပြီးနောက်မှာ အခုလို ဝန်ကြီးချုပ်နဲ့ အမေရိကန်ကုန်သွယ်ရေး ဝန်ကြီးတို့ တွေ့ဆုံပွဲထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

နှစ်နိုင်ငံကြား စီးပွားရေး/ ကုန်သွယ်ရေး/ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ရာမှာ ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနအနေ နဲ့ အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာန/ သမ္မတပြည်ပပို့ကုန်ကောင်စီတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိ နေကြောင်း မစ္စတာဖမ်သမ်က အမေရိကန်ကိုယ်စားလှယ်တွေကို ပြောပါတယ်။

 

သမ္မတပြည်ပပို့ကုန်ကောင်စီ (PEC) ဟာ အမေရိကန်ကုန်သွယ်ရေးအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ အစိုးရမူ ဝါဒတွေ/ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတကို အကြံပေးခြင်း၊ ပြည်ပပို့ကုန်တိုးချဲ့မှုမြှင့်တင်ခြင်း၊ stakeholder တွေကြား ကုန်သွယ်ရေးဆက်နွယ်တဲ့ပြသနာတွေဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေးပွဲကျင်းပခြင်း တွေ ဆောင်ရွက်ပါတယ်။

 

Ref: Srettha to push US investment in Thailand’s microchip industry

 

#PeopleMedia


Share this post