• Follow Us on

Home ထိုင်းနိုင်ငံ လေကြောင်းလိုင်းဗဟိုချက်မဖြစ်ဖို့အတွက် အစိုးရပံ့ပိုးမှုတွေ လိုအပ်ကြောင်း ဘန်ကောက် လေ ကြောင်းလိုင်းရဲ့ CEO ပြော

ထိုင်းနိုင်ငံ လေကြောင်းလိုင်းဗဟိုချက်မဖြစ်ဖို့အတွက် အစိုးရပံ့ပိုးမှုတွေ လိုအပ်ကြောင်း ဘန်ကောက် လေ ကြောင်းလိုင်းရဲ့ CEO ပြော

Share this post

နိုင်ငံတကာ၊ ဧပြီ ၁၀

 

လွန်ခဲ့တဲ့ ခြောက်လအတွင်း အစိုးရရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြင့်တင်မှုတွေကို လေကြောင်းလိုင်းကုမ္ပဏီ သဘောကျကျေနပ်ပေမဲ့ ထိုင်းနိုင်ငံကို လေကြောင်းလိုင်းခရီးစဉ်တွေရဲ့ ဗဟိုချက်မနိုင်ငံဖြစ်အောင် ဆောင်ရွက် မယ်ဆိုတဲ့ ရည်မှန်းချက်အောင်မြင်ဖို့အတွက် လေကြောင်းလိုင်းလုပ်ငန်းအနေနဲ့ အစိုးရထံက ပံ့ပိုးမှုတွေ ပိုမိုရရှိ ဖို့ လိုအပ်ကြောင်း ထိုင်းလေကြောင်းလိုင်းများအသင်းက ပြောကြားလိုက်ပါတယ်။

 

လက်ရှိအစိုးရရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်မှုနဲ့ အခုအချိန်အထိ ရထားတဲ့ အောင်မြင်မှုတွေနဲ့ ပတ် သက်ပြီး ပြောကြားရာမှာ ထိုင်းလေကြောင်းလိုင်းများအသင်းရဲ့ တွဲဖက်ဥက္ကဋ္ဌ ပွတ်တီပေါင်ပရာဆတ်တောင် အို ဆောက်က အခုလို ပြောကြားတာဖြစ်ပါတယ်။

 

“ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို နိုင်ငံရဲ့ ချက်ချင်းရတဲ့အောင်မြင်မှုအဖြစ် မှတ်ယူထားကြတယ်။ ပြည်သူတွေရဲ့ ဝင်ငွေနဲ့ ဘဝအရည်အသွေးမြှင့်တင်ရာမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက လျင်မြန်တဲ့ရလဒ်တွေ ဖန်တီးပေးပါ တယ်။” လို့ ၎င်းက ပြောပါတယ်။

 

“ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အားပေးမြှင့်တင်တာဟာ လေကြောင်းလိုင်းတွေအတွက်သာမက ဟိုတယ် တွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ၊ ကုန်ပစ္စည်းအရောင်းဆိုင်တွေလို စီးပွားရေး လုပ်ငန်းတွေအတွက်ပါ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုကို ဖန်တီးပေးပါတယ်။” လို့ ၎င်းက ပြော ပါတယ်။

 

အစိုးရက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း မြှင့်တင်ဆောင်ရွက်တဲ့အတွက် သဘောကျပေမဲ့ ထိုင်းနိုင်ငံကို ဒေသ တွင်း လေကြောင်းလိုင်းခရီးစဉ်တွေရဲ့ဗဟိုချက်မနိုင်ငံဖြစ်လာအောင်ဆောင်ရွက်မယ့်ရည်မှန်းချက် အောင်မြင် ဖို့အတွက် လေကြောင်းလိုင်းကုမ္ပဏီတွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုထက် ပိုမိုလိုအပ်မှာဖြစ်ကြောင်း ဘန်ကောက် လေကြောင်းလိုင်းရဲ့ CEO ဖြစ်တဲ့ ပွတ်တီပေါင်က ပြောပါတယ်။

 

အဲဒီရည်ရွယ်ချက်ဟာ ဖေဖော်ဝါရီလအတွင်းက ကြေညာခဲ့တဲ့ အစိုးရရဲ့ “Ignite Thailand” အစီအစဉ်သစ်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

 

“Ignite Thailand” အစီအစဉ်မှာ ထိုင်းနိုင်ငံကို ၂၀၃၀ ပြည့်နှစ်မတိုင်ခင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ဆေးဝါး ကုသမှုလုပ်ငန်း၊ အစားအသောက်လုပ်ငန်း၊ လေကြောင်းလိုင်းလုပ်ငန်း၊ လော်ဂျစ်စတစ်၊ လျှပ်စစ်ကားထုတ်လုပ် မှုလုပ်ငန်း၊ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေရဲ့ ဗဟိုချက်မဖြစ်လာရမယ်လို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

 

“ထိုင်းနိုင်ငံဟာ CLMV လေးနိုင်ငံ (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်) ထဲမှာ လေကြောင်းလိုင်းခရီးစဉ် ဗဟိုချက်မအဖြစ် ဆောင်ရွက်နိုင်တဲ့ နိုင်ငံရဲ့မဟာဗျူဟာမြောက် တည်ရှိမှုကတစ်ဆင့် အားသာချက်တစ်ရပ်တစ် ရပ်ရှိနေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“ဒါပေမဲ့ ပြိုင်ဘက်မရှိဘဲနဲ့ ကျွန်တော်တို့က ဗဟိုချက်မဖြစ်လာမှာမဟုတ်ပါဘူး။ အထူုးသဖြင့် အရှေ့တောင်အာ ရှဒေသမှာ လေကြောင်းလိုင်းခရီးစဉ် ဗဟိုချက်မတွေဖြစ်နေပြီးသားဖြစ်တဲ့ ဟောင်ကောင်၊ စင်္ကာပူတို့လို ပြိုင် ဘက်နိုင်ငံတွေ မပါဘဲနဲ့ ပေါ့။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Airlines seek govt support to make Thailand an aviation hub

 

#PeopleMedia


Share this post