ထိုင်းနိုင်ငံ ဧပြီလ ပြည်ပပို့ကုန် ၆.၈% မြင့်တက်
PUBLISHED - May 24, 2024
နိုင်ငံတကာ၊ မေ ၂၄
ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာပြီး ကမ္ဘာတစ်ဝန်း ငွေကြေးဖောင်းပွမှုနှုန်း လျော့ပါးလာတာကြောင့် မတ်လအတွင်းက ၁၀.၉% အထိ ထိုးကျသွားခဲ့တဲ့ ထိုင်းပြည်ပပို့ကုန်ဟာ ဧပြီလမှာ ပြန်လည်မြင့်တက်လာခဲ့ ပါတယ်။
ဧပြီလ ပြည်ပပို့ကုန်ဟာ ပြီးခဲ့တဲ့နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် ၆.၈% မြင့်တက်လာခဲ့ပြီး ဒေါ်လာ ၂၃.၃ ဘီလျံအ ထိရရှိခဲ့ အခုနှစ်မတ်လနဲ့နှိုင်းယှဉ်ရင် ၁၁.၄% မြင့်တက်ခဲ့တာဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောပါ တယ်။
ဧပြီလအတွင်း သွင်းကုန်ဟာ ၈.၃% မြင့်တက်ခဲ့ပြီး ဒေါ်လာ ၂၄.၉ ဘီလျံရှိတာကြောင့် ကုန်သွယ်မှုလိုငွေ ဒေါ် လာ ၁.၆၄ ဘီလျံရှိတယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ် ပထမလေးလအတွင်း ထိုင်းနိုင်ငံရဲ့ ပြည်ပပို့ကုန်ဟာ ၁.၄% ဒေါ်လာ ၉၄.၃ ဘီလျံရှိပြီး သွင်းကုန် က ၄.၉% ဒေါ်လာ ၁၀၀ ဘီလျံရှိတဲ့အတွက် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၆.၁၁ ဘီလျံရှိပါတယ်။
ဧပြီလအတွင်း ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ဆန်၊ ရော်ဘာ၊ စည်သွပ်ဘူးနဲ့ အသင့်စား အစားအစာတွေ၊ တိရစ္ဆာန်အစာတွေ၊ တာရှည်ခံကြက်သားတွေနဲ့ သစ်သီးတွေအပါအဝင် လယ်ယာစိုက်ပျိုးရေးနဲ့ လယ်ယာစိုက် ပျိုးရေးထွက်ကုန်တွေရဲ့ ပြည်ပပို့ကုန်ဟာ ၂% မြင့်တက်ခဲ့ရာ ဒေါ်လာ ၄.၉၄ ဘီလျံ ရရှိခဲ့ပါတယ်။
မော်တော်ကားတွေ၊ ကားဆက်စပ်ပစ္စည်းတွေ၊ ကွန်ပျူတာတွေ၊ ကွန်ပျူတာဆက်စပ်ပစ္စည်းတွေ၊ တခြားစက် ပစ္စည်းတွေ၊ လေအေးပေးစက်နဲ့ အစိတ်အပိုင်တွေ၊ သံ/ သံမဏိတွေနဲ့ အီလက်ထရစ်ထရန်စဖော်မာတွေနဲ့ ဆက်စပ်ပစ္စည်းတွေပါဝင်တဲ့ စက်မှုထုတ်ကုန်တွေရဲ့ ပြည်ပပို့ကုန်ကတော့ ၉.၂% မြင့်တက်ခဲ့ပြီး ဒေါ်လာ ၁၇.၅ ဘီလျံ ရရှိခဲ့ပါတယ်။
ကမ္ဘာတစ်ဝန်း ငွေကြေးဖောင်းပွမှုနှုန်းလျော့ကျလာပြီး စက်မှုထုတ်ကုန်အမှာစာတွေ ပိုမိုမြင့်တက်လာတဲ့အပြင် မြင့်တက်လာတဲ့ ကမ္ဘာ့ဈေးကွက်ဈေးနှုန်းကြောင့် လယ်ယာစိုက်ပျိုးရေးထွက်ကုန် ဝယ်လိုအားပိုမိုမြင့်မားလာတဲ့ အတွက် အခုလို ဧပြီလ ပြည်ပပို့ကုန် မြင့်တက်လာရခြင်းဖြစ်နိုင်ကြောင်း ကုန်သွယ်ရေးမူဝါဒနဲ့ မဟာဗျူဟာရုံး ညွှန်ကြားရေးမှူးချုပ် ပွန်းပေါင်း နိုင်ယာနာပါကွန်က ပြောပါတယ်။
“ပြည်ပပို့ကုန်က မေလအတွင်းမှာလည်း ဆက်လက်မြင့်တက်မယ်လို့ မျှော်လင့်ထားပါတယ်။ အထူးသဖြင့် ဒူး ရင်းသီးရာသီဖြစ်တဲ့အတွက် သစ်သီးပို့ကုန် ပိုမိုမြင့်တက်လာနိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Thai shipments rebound to record 6.8% growth in April
#PeopleMedia