• Follow Us on

Home ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲအတွက် ပညာရှင်အဖွဲ့ ဖွဲ့စည်းရေး အစိုးရအဖွဲ့ ထောက်ခံအတည်ပြု

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲအတွက် ပညာရှင်အဖွဲ့ ဖွဲ့စည်းရေး အစိုးရအဖွဲ့ ထောက်ခံအတည်ပြု

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၄

 

ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒခံယူပွဲပြုလုပ်ဖို့အတွက် ပညာရှင်အဖွဲ့တစ်ဖွဲ့ ခန့်အပ်ဖွဲ့စည်းဖို့ အစိုးရအဖွဲ့က အင်္ဂါနေ့ (အောက်တိုဘာလ ၃ ရက်နေ့) က ထောက်ခံအတည်ပြုလိုက်ကြောင်း ဒုတိယဝန်ကြီး ချုပ်နဲ့ ကုန်သွယ်ရေးဝန်ကြီး ဖမ်သမ်ဝီချာယာချိုင်းက ပြောကြားလိုက်ပါတယ်။

 

အဖွဲ့ဝင် ၃၅ ဦးပါဝင်တဲ့အဖွဲ့ကို အစိုးရကိုယ်စားလှယ်များ၊ အတိုက်အခံပါတီများမှ ကိုယ်စားလှယ်များ၊ ဥပဒေရေး ရာကျွမ်းကျင်သူများ၊ ပညာရှင်များ၊ လူမှုတက်ကြွလှုပ်ရှားသူများ၊ ရှေ့နေများနဲ့ ဖွဲ့စည်းသွားမှာဖြစ်ကြောင်း အဖွဲ့ ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ မစ္စတာဖမ်သမ်က ပြောပါတယ်။

 

နိုင်ငံရေးသမားအုပ်စုထဲမှာ ဖီယူထိုင်းပါတီလွှတ်တော်အမတ် ချူဆက်ဆီရီနေးလ်၊ တရားရေးဝန်ကြီးဌာနအမြဲ တမ်းအတွင်းဝန်ဟောင်း ကစ်တီပေါင်ကစ်တီယာရတ်၊ ချတ်ထိုင်းပတ္တနာပါတီက နီခွန်ချမောင်၊ ဖုန်ဂျိုင်ထိုင်းပါတီ က ဆူပါချိုင်းဂျိုင်ဆာမတ်၊ UTN ပါတီက သာနာခွန်ဝန်ဘွန်ကောင်ချာနာနဲ့ ဒီမိုကရက်ပါတီက ဒီချစ်ခိုတောင်တို့ ပါဝင်ပါတယ်။

 

တခြားအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေထဲမှာတော့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်လက် အောက်က ဝန်ကြီးဌာနရုံး ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးချတ်ချာဝယ်လ်ခမ်ကာဆီးမ်၊ ရဲတပ်ဖွဲ့ဒုတိ ယအကြီးအကဲဟောင်း ရဲချုပ်ကြီးဆူသပ်ဒတ်ချ်ရတ်ဆာ၊ ချူလာလောင်ကွန်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံကထိ က ဆီရီပန်နတ်ဆူဝန်ဆဝပ်ဒီ၊ ဆူခိုထိုင်းသမ်မာသီရတ် တက္ကသိုလ်က နိုင်ငံရေးသိပ္ပံကထိက ယတ်သာဖုန်အစ် ဆာရာချိုင်းနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဆီရာဝတ်ဂျာနယူးဆီရီတီဝပ်တို့ပါဝင်ပါတယ်။

 

အဖွဲ့ဲရဲ့တာဝန်တွေအတွက် မူဘောင်သတ်မှတ်ရေးဆွေးနွေးဖို့ှု အခုဖွဲ့စည်းလိုက်တဲ့အဖွဲ့ရဲ့ ပထမဦးဆုံးအစည်း အဝေးကို လာမယ့်စနေနေ့ (အောက်တိုဘာလ ၇ ရက်နေ့) မှာ စတင်ကျင်းပသွားမှာဖြစ်ကြောင်း မစ္စတာဖမ် သမ်က ပြောပါတယ်။

 

“အဲဒီအစည်းအဝေးကျရင် တခြားကဏ္ဍအသီးသီးက ကိုယ်စားလှယ်တွေရဲ့ တုံ့ပြန်မှုတွေကို သိရအောင် ကျွန် တော်တို့ အဲဒီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။ ဒီနှစ်ကုန်လောက်မှာ လူထုဆန္ဒခံယူပွဲ ဆက် လက်ကျင်းပသွားနိုင်အောင် ဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာကို ဆုံးဖြတ်ချက်ချနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။” လို့ မစ္စတာဖမ်သမ်က ပြောပါတယ်။

 

ဒါပေမဲ့ အဆိုပြုထားတဲ့လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး ထပ်မံဆွေးနွေးဖို့အတွက် အခြေခံအချက်အလက်တွေကို ထောက်ပံ့ပေးမယ့် ဒီအဖွဲ့ဲရဲ့ ရည်မှန်းချက်/မူဘောင်တွေနဲ့ စပ်လျဉ်းပြီး Move Forward ပါတီအနေနဲ့ ရှင်းရှင်း လင်းလင်းမသိရသေးတဲ့အတွက် အဲဒီအဖွဲ့နဲ့ပူးပေါင်းဖို့ ငြင်းဆိုထားကြောင်း Move Forward ပါတီဝင် လွှတ် တော်အမတ်လည်းဖြစ်ပြီး ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သူ ပရစ်ဝီချာရာဆင်ဒူက ပြောပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပုဒ်မတချို့ကိုပဲ ပြင်ဆင်ရမှာမဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ခုလုံးကို ရေး ဆွဲရမှာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ပြည်သူတွေရွေးကောက်တင်မြှောက်ထားတဲ့သူတွေပါဝင်တဲ့ အခြေခံဥပဒေမူကြမ်းရေးဆွဲရေးအဖွဲ့က အတူတကွပူးပေါင်းရေးဆွဲရမှာဖြစ်တယ်ဆိုတဲ့ Move Forward ပါတီရဲ့ ရပ်တည်ချက်ကို မစ္စတာပရစ်က ထပ်မံပြောကြားပါတယ်။

 

Ref: Cabinet green lights charter vote panel

 

#PeopleMedia


Share this post