ထိုင်းဗဟိုဘဏ်က အတိုးနှုန်းမလျှော့တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေ စိတ်ပျက်
PUBLISHED - February 9, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၉
ထိုင်းနိုင်ငံရဲ့ စီးပွားရေးအပြည့်အဝ ပြန်လည်ကောင်းမွန်လာရေး ရင်းနှီးမြှုပ်နံှသူတွေကို ဆွဲဆောင်ဖို့ ဘဏ်တိုး နှုန်း လျှော့ချသင့်တယ်လို့ ယုံကြည်တဲ့အတွက် အတိုးနှုန်း ၂.၅၀% ကို ထိန်းထားဖို့ ချမှတ်လိုက်တဲ့ ထိုင်းဗဟို ဘဏ် (BOT) ရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်မိကြောင်း ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေက ထုတ်ဖော်ပြောကြား လိုက်ပါတယ်။
ဆယ်စုနှစ်တစ်ခုနီးပါး မြင့်တက်နေတဲ့ အတိုးနှုန်းကို ဆက်လက်ထိန်းထားဖို့ ထိုင်းဗဟိုဘဏ်ရဲ့ ငွေကြွေးမူဝါဒ ဆိုင်ရာကော်မတီ (MPC) က ဗုဒ္ဓဟူးနေ့က မဲခွဲဆုံးဖြတ်ခဲ့ရာမှာ အတိုးနှုန်းဆက်လက်ထိန်းထားဖို့ ၅ မဲက ထောက်ခံခဲ့ပြီး ၂ မဲက ကန့်ကွက်ခဲ့ပါတယ်။
ဈေးနှုန်းကျဆင်းမှုဟာ အစားအသောက်နဲ့ စွမ်းအင်လို ကဏ္ဍတွေမှာ စုပြုံဖြစ်ပေါ်နေတာကြောင့် အဓိက ငွေ ကြေးဖောင်းပွမှုဟာ မျှော်မှန်းထားတာထက် နိမ့်ကျပေမဲ့ ဝယ်လိုအားနိမ့်ကျသွားတာမဟုတ်ဘူးလို့ ငွေကြွေးမူ ဝါဒဆိုင်ရာကော်မတီ (MPC) က ယုံကြည်ကြောင်း ဗဟိုဘဏ်က ပြောပါတယ်။
အတိုးနှုန်းဆက်လက်ထိန်းထားဖို့ ဆုံးဖြတ်ချက်ကို ၎င်းအနေနဲ့ သဘောမတူကြောင်း၊ အတိုးနှုန်းပြန်လည်ချိန်ညှိ နေတဲ့အချိန်တိုင်းမှာ စီးပွားရေးတိုးတက်မှု နှေးကွေးတဲ့ဒဏ်ကို ခံစားရကြောင်း ဗဟိုဘဏ်ကြေညာချက်ထွက် ပေါ်လာပြီးနောက် ထိုင်းစက်မှုလုပ်ငန်းဖက်ဒရေးရှင်းရဲ့ ဥက္ကဋ္ဌဟောင်းနဲ့ Synnex Thailand ကုမ္ပဏီရဲ့ CEO ဖြစ်သူ ဆူဖန်းမောင်းကိုးလ်ဆူသီက ပြောပါတယ်။
“အတိုးနှုန်းမြင့်မားတာဟာ အိမ်ပေါင်ချေးငွေအပါအဝင် အိမ်ထောင်စုအကြွေးဒဏ် ခံစားနေရတဲ့ ရင်းနှီးမြှုုပ်နံှ သူတွေအတွက်ရော အောက်ခြေလူတန်းစားတွေအတွက်ရော ထိခိုက်ပါတယ်။ ထိုင်းဗဟိုဘဏ်အနေနဲ့ လေး လကြာ ကျဆင်းနေတဲ့ ငွေကြွေးဖောင်းပွမှုကို ထိန်းညှိဖို့အတွက် အတိုးနှုန်းကိုလျှော့ချပေးသင့်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း စီးပွားရေးလုပ်ငန်းတွေမှာ သုံးစွဲခဲ့သူတွေအတွက် အခွန်ငွေ ဘတ်ငွေ ၅၀၀၀၀ အထိ ပြန်အမ်းပေးမယ့် Easy E-Receipt အစီအစဉ်ကို အစိုးရကဆောင်ရွက်ခဲ့ပေမဲ့ ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အ ဆုံးမှာ နိုင်ငံ့စီးပွားရေး မျှော်မှန်းထားသလောက် မတိုးတက်ခဲ့ဘူးဆိုတာကို ဗဟိုဘဏ်က ဝန်ခံသင့်ကြောင်း ဆူ ဖန်းက ထောက်ပြပါတယ်။
ဗဟိုဘဏ်အနေနဲ့ ငွေကြေးဖောင်းပွမှုနှုန်းနဲ့အညီ အခုနှစ်မကုန်ခင် ၂% အောက်မရောက်ခင်မှာ မူဝါဒ အတိုး နှုန်းကို တဖြည်းဖြည်း လျှော့ချသင့်ကြောင်း ၎င်းက ပြောပါတယ်။
ထိုင်းဗဟိုဘဏ်အနေနဲ့ အမေရိကန်ဗဟိုဘဏ်မူဝါဒနဲ့ GDP တိုးတက်မှုနှုန်းအပါအဝင် အကြောင်းအရာလေးငါး ခုပေါ်မူတည်ပြီး ၂၀၂၄ ခုနှစ် နှစ်လယ်လောက်မှာဖြစ်စေ ဒုတိယနှစ်ဝက်ကာလလောက်မှာဖြစ်စေ အတိုးနှုန်းကို လျှော့ချသွားလိမ့်မယ်လို့ ယုံကြည်ကြောင်း WHA Corporation ရဲ့ ဥက္ကဋ္ဌနဲ့ CEO ဖြစ်သူ ဂျာရီးပွန်းဂျာရူကွန်ဆာ ကူလ်က ပြောပါတယ်။
“ဒီလမ်းကြောင်းကို ထောက်ပံ့ကူညီဖို့အတွက် WHA Corporation အနေနဲ့ လျော့ကျသွားတဲ့အတိုးနှုန်းအတွက် အချိန်မီကာမိအောင် အခုနှစ်အကုန်လောက်မှာဖြစ်စေ နောက်နှစ်အစောပိုင်းမှာဖြစ်စေ ဘတ်ငွေ ၁၀ ဘီလျံတန် ကြေးရှိ ငွေချေးလက်မှတ်တွေ ထုတ်ပေးသွားဖို့ စီစဉ်ထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Business leaders dissatisfied with decision not to lower interest rate
#PeopleMedia