ထိုင်းဗီဇာကင်းလွတ်ခွင့်မူဝါဒကို တရုတ်က ကျေးဇူးတင်ကြောင်းပြော

PUBLISHED - September 15, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၅
တရုတ်ကမ္ဘာလှည့်ခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့်ပေးလိုက်တဲ့ ထိုင်းအစိုးရရဲ့မူဝါဒကြောင့် တရုတ်ခရီးသွား တွေကို ပိုမိုဆွဲဆောင်ရာမှာ အထောက်အကူပြုသွားမှာဖြစ်သလို ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုလည်း ပိုမို ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ကြောင်း ပြောဆိုရင်း ဗီဇာကင်းလွတ်ခွင့်အတွက် ထိုင်းအစိုးရကို ကျေးဇူးတင်ကြောင်း တရုတ်သံရုံးက ပြောကြားလိုက်ပါတယ်။
တရုတ်အစိုးရအနေနဲ့ တရုတ်နိုင်ငံသားတွေအပေါ် ဗီဇာကင်းလွတ်ခွင့်ပြုလိုက်တဲ့ ထိုင်းနိုင်ငံရဲ့မူဝါဒအကြောင်း ကြားသိရတာ ဝမ်းမြောက်ကြောင်း၊ အဲဒီအစီအစဉ်ကိုလည်း ဝမ်းမြောက်ဝမ်းသာကူညီထောက်ပံ့သွားမှာဖြစ် ကြောင်း တရုတ်သံရုံးရဲ့ Facebook မှာ ဗုဒ္ဓဟူးနေ့က ရေးသားဖော်ပြထားပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံသားတွေ ထိုင်းနိုင်ငံမှာရောက်ရှိနေစဉ်အတွင်း ၎င်းတို့ရဲ့ ဘေးကင်းလုံခြုံမှုကို ထိုင်းအစိုးရ အနေနဲ့ တိကျသေချာအောင်ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်းကိုလည်း အဲဒီ Facebook ပို့စ်မှာအလေးထား ပြောကြားထားပါတယ်။
ထိုင်းအစိုးရအနေနဲ့ အခုနှစ်အတွင်း တရုတ်ခရီးသွား ၅ သန်းအပါဝင် နိုင်ငံတကာခရီးသွား ၂၈ သန်းအထိ မျှော် လင့်ထားတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းပိုမိုတိုးတက်စေဖို့အတွက် အခုနှစ် စက်တင်ဘာလ ၂၅ ရက် နေ့ကနေ နောက်နှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ တရုတ်ခရီးသွားနဲ့ ကာဇက်စတန်ခရီးသွားတွေကို ဗီဇာ ကင်းလွတ်ခွင့်ပေးကြောင်း ဗုဒ္ဓဟူးနေ့ (စက်တင်ဘာလ ၁၃ ရက်နေ့) က ကြေညာခဲ့ပါတယ်။
တပြိုင်တည်းမှာပဲ တရုတ်ကမ္ဘာလှည့်ခရီးသွားတွေအတွက် လုံခြုံရေးမြှင့်တင်ဖို့ လိုအပ်တဲ့လုံခြုံရေးအစီအစဉ် တွေကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့ (စက်တင်ဘာလ ၁၄ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံထဲမှာရှိနေစဉ်အတွင်း တရုတ်ခရီးသွားတချို့ အလိမ်အညာခံရပြီး ပြန်ပေးဆွဲခံနေရတယ်ဆိုတဲ့သတင်း တွေ ပြန့်နှံ့နေတဲ့အတွက် တရုတ်ကမ္ဘာလှည့်ခရီးသွားတွေဟာ စိုးရိမ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြော ခွင့်ရပုဂ္ဂိုလ် ကန်ချာနာဖာတရာချုပ်က ပြောပါတယ်။
“တရုတ်နိုင်ငံသားတချို့ ပြန်ပေးဆွဲခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံဟာ မလုံခြုံ ဘူး.. အထူးသဖြင့် တရုတ်ခရီးသွားတွေအတွက် မလုံခြုံဘူးလို့ လူမှုကွန်ရက်တွေပေါ်မှာ သတင်းတွေပြန့်နေပါ တယ်။” လို့ ၎င်းက ပြောပါတယ်။
“ကျွန်မတို့အနေနဲ့ ဘေးကင်းလုံခြုံမှုနဲ့ပတ်သက်ပြီး မြှင့်တင်ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် လုံးဝစိုးရိမ်စရာမလို ပါဘူးဆိုတာကို နိုင်ငံအားလုံးက ကမ္ဘာလှည့်ခရီးသွားတွေကို အာမခံပြောကြားလိုပါတယ်ရှင်။ နိုင်ငံအားလုံးက ရောက်ရှိလာမယ့် ကမ္ဘာလှည့်ခရီးသွားအားလုံး ဘေးကင်းလုံခြုံပြီး သက်သောင့်သက်သာဖြစ်စေဖို့အတွက် ကျွန်မတို့ ဆောင်ရွက်သွားမယ်ဆိုတာ အာမခံပြောကြားလိုပါတယ်ရှင်။” လို့ ၎င်းက ပြောပါတယ်။
အခုနှစ် ပထမရှစ်လအတွင်း တရုတ်ခရီးသွား၂ သန်းဝန်းကျင်နဲ့ ကာဇက်စတန်ခရီးသွား ၁၀၀,၀၀၀ ဝန်းကျင် ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ခဲ့ကြောင်း ထိုင်းကမ္ဘာလှည့်ခရီးသွားအာဏာပိုင်အဖွဲ့ (Tourism Authority of Thailand) က သတင်းအချက်အလက်တွေကို ကိုးကားပြီး မစ္စကန်ချာနာက ပြောပါတယ်။
Ref: Visa-free policy wins China praise
#PeopleMedia