• Follow Us on

Home ထိုင်းဘဏ္ဍာရေးဝန်ကြီးဖိချိုင်း ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးနဲ့ တွေ့ဆုံဆွေးနွေးမည်

ထိုင်းဘဏ္ဍာရေးဝန်ကြီးဖိချိုင်း ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးနဲ့ တွေ့ဆုံဆွေးနွေးမည်

Share this post

နိုင်ငံတကာ၊ မေ ၈

 

ငွေကြေးဆိုင်ရာမူဝါဒတွေနဲ့ အစိုးရမူဝါဒတွေ အတူတကွလက်တွဲဆောင်ရွက်သွားနိုင်ရေးအတွက် ထိုင်းဗဟို ဘဏ်အက်ဥပဒေကို ပြင်ဆင်ဖို့လိုမလို စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဖိချိုင်း ချွန်ဟာဗာ ဂျီရာက အင်္ဂါနေ့ (မေလ ၇ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အစိုးရနဲ့ ဗဟိုဘဏ်ကြား မူဝါဒတွေနဲ့ပတ်သက်ပြီး ဆွေးနွေးတာဟာ ပုံမှန်အလုပ်ဖြစ်ပေမဲ့ တကယ့်ပြဿနာအ စစ်အမှတ်ကို ရှာဖွေဖော်ထုတ်ပြီး နားလည်ဖို့က အရေးကြီးကြောင်း ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်က အင် တာဗျူးတစ်ခုမှာ ၎င်းက ပြောပါတယ်။

 

“ပကတိအရှိတရားတွေနဲ့ ကိုင်တွယ်ဆောင်ရွက်တဲ့နည်းလမ်းအမျိုးမျိုးကြားမှာ အမြဲပဲ ပြဿနာတွေရှိနေပါ တယ်။ ပြဿနာကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးလမ်းညွှန်ချက်တွေ ရှာဖွေဖော်ထုတ်နိုင်အောင် လူတိုင်း အမြင်တူတဲ့နားလည်မှုရရှိရေးအတွက် ကျွန်တော်တို့ ဆောင်ရွက်ဖို့လိုပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

၎င်းအနေနဲ့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ဆီသာပွတ် ဆုသီဝါတနာရူးပွတ်နဲ့ ဆွေးနွေးသွားမှာဖြစ်တယ်ဆိုတာ အ တည်ပြုပြောကြားသလို ၎င်းတို့နှစ်ဦးဟာ ဘဏ်လောကမှာ အတူတကွအလုပ်လုပ်ကိုင်ခဲ့ကြသူတွေဖြစ်လို့ အ ဆင်ပြေချောမွေ့စွာ ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီးဖိချိုင်းက ပြောပါတယ်။

 

“အတွေးအမြင်မတူတာက ဖြစ်မြဲဓမ္မတာပါ။ ဒါပေမဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဗဟိုဘဏ်ဟာ လွတ်လပ်စွာတည်ရှိနေတဲ့အတွက် ငွေကြေးမူဝါဒတွေနဲ့ ပတ်သက်လာရင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် အရ ဆုံးဖြတ်နိုင်ပေမဲ့ အဲဒီမူဝါဒတွေဟာ အစိုးရမူဝါဒတွေကို ပံ့ပိုးပေးရမှာဖြစ်ကြောင်း ဖိချိုင်းက ပြောပါတယ်။

 

အစိုးရရဲ့ ဘတ် ၁၀,၀၀၀ တန် ဒစ်ဂျစ်တယ်လ်ငွေကြေးစနစ်အစီအစဉ်ကိုလည်း ဆွေးနွေးနေကြောင်း၊ တိုးတက် မှုအခြေအနေတွေကို ပုံမှန်သိရှိနေကြောင်း ၎င်းက ပြောပေမဲ့ သတင်းစာရှင်းလင်းပွဲလုပ်မလားဆိုတာကိုတော့ ပြောကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

 

ဘဏ္ဍာရေးဝန်ကြီးအနေနဲ့ ဖီယူထိုင်းပါတီအစိုးရရဲ့ ဘဏ္ဍာရေးပြဿနာတွေကို ဖြေရှင်းသွားမှာလးဆိုတာကို ၎င်းက ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပြီး ဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေကို ဂရုစိုက်ဖို့ တခြားနည်းလမ်းတွေ ရှာဖွေသွား မှာဖြစ်ပြီး စီးပွားရေးကို အားပေးမြှင့်တင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

 

တပြိုင်တည်းမှာပဲ အမျိုးသားအကျိုးစီးပွားနဲ့ အစိုးရမူဝါဒတွေကို တုံ့ပြန်ဆောင်ရွက်ရာမှာ အဖွဲ့အစည်းအားလုံး ဟာ လွတ်လပ်စွာဆောင်ရွက်နိုင်ရမှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး အနူတင်ချန်းဗီရာကူလ်က ပြောပါတယ်။ “မူဝါဒတွေဟာ အခြေခံဥပဒေ/ ဥပဒေတွေနဲ့ အညီဖြစ်သင့်သလို နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးရှိရမှာဖြစ်ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Finance Minister Pichai to hold talks with central bank boss

 

#PeopleMedia


Share this post