• Follow Us on

Home ထိုင်းဘုရင့်တပ်မတော်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ထိုင်းဘုရင့်တပ်မတော်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၂

 

ထိုင်းဘုရင့်တပ်မတော်နေ့ အထိမ်းအမှတ်အခမ်းအနားကို ဇန်နဝါရီလ ၂၀ ရက်နေ့ညပိုင်းတွင် ရန်ကုန်မြို့၊ Novotel Hotel ၌ ကျင်းပခဲ့သည်။

 

အထိမ်းအမှတ်အခမ်းအနားသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr.Mongkol Visitstump၊ (ကြည်း၊ ရေ၊ လေ၊ ရဲ) စစ်သံမှူးများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ အခမ်းအနားကို နှစ်နိုင်ငံနိုင်ငံတော်သီချင်းများဖွင့်၍ အလေးပြုကာဖွင့်လှစ်ကြသည်။

 

ထို့နောက် သံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ထိုင်းဘုရင့်တပ်မတော်ဆိုင်ရာ ဗီဒီယိုပြသမှုအားကြည့်ရှုကြသည်။ ယင်းနောက် တိုင်းမှူးနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့က အထိမ်းအမှတ် ကိတ်မုန့်လှီးဖြတ်ခဲ့ကြသည်။

 

#PeopleMedia


Share this post