• Follow Us on

Home ထိုင်းဘုရင်ကို အသရေဖျက်မှု၊ ကွန်ပျူတာပြစ်မှုတို့နဲ့ သက်ဆင်ကို စွဲချက်တင်မည်

ထိုင်းဘုရင်ကို အသရေဖျက်မှု၊ ကွန်ပျူတာပြစ်မှုတို့နဲ့ သက်ဆင်ကို စွဲချက်တင်မည်

Share this post

နိုင်ငံတကာ၊ မေ ၃၀

 

ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာကို ထိုင်းဘုရင်စနစ်ကို အသရေဖျက်မှု၊ ကွန်ပျူတာပြစ်မှုတို့နဲ့ စွဲ ချက်တင်သွားမှာဖြစ်ကြောင်း ထိုင်းရှေ့နေချုပ်ရုံး OAG က မေလ ၂၉ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

သက်ဆင်ကို အဲဒီအမှုနှစ်ခုနဲ့ စွဲချက်တင်ဖို့ အမိန့်တစ်ရပ်ကို ရှေ့နေချုပ်အမ်နတ်ဂျက်ချာရွန်နက်က တနင်္လာနေ့ (မေလ ၂၇ ရက်နေ့) က ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း ထိုင်းရှေ့နေချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ် ပရာယွတ်ဖတ်ခွန်က ပြောပါတယ်။

 

အခုစွဲဆိုချက်တွေဟာ ၂၀၀၉ ခုနှစ်က တောင်ကိုရီးယားနိုင်ငံမှာ သက်ဆင်လက်ခံတွေ့ဆုံခဲ့တဲ့ အင်တာဗျူးတစ် ခုကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

 

ဒါပေမဲ့ သက်ဆင်ဟာ COVID-19 ကူးစက်ခံထားရပြီး ခုနစ်ရက်အနားယူဖို့ ဆရာဝန်ကညွှန်ကြားထားတဲ့ဆေး စာကို သက်ဆင်ရဲ့ရှေ့နေက တင်ပြလာတဲ့အတွက် စွဲချက်တင်မယ့်ကိစ္စကို ယာယီဆိုင်းငံ့ထားလိုက်တယ်လို့ ဆိုပါတယ်။

 

စွဲချက်တင်မယ့်ရက်ကို ဇွန်လ ၂၅ ရက်နေ့အထိ ရွှေ့ဆိုင်းပေးဖို့ သက်ဆင်ရဲ့ရှေ့နေက တင်ပြခဲ့တာဖြစ်ပါတယ်။

 

ရှေ့နေရဲ့တင်ပြချက်ကို စဉ်းစားပြီးနောက် ရှေ့နေချုပ်က ရွှေ့ဆိုင်းခွင့်ပြုလိုက်ပြီး ဇွန်လ ၁၈ ရက်နေ့မှာ စွပ်စွဲ ချက်အတွက် တရားရင်ဆိုင်ဖို့ သက်ဆင်ကို ညွှန်ကြားလိုက်ပါတယ်။

 

“လက်ရှိအချိန်မှာတော့ သက်ဆင်ဟာ သံသယရှိသူအဖြစ်ပဲရှိပါသေးတယ်။ ဒါပေမဲ့ တရားရုံးက အဲဒီအမှုကို လက်ခံလိုက်ပြီဆိုရင်တော့ တရားပြိုင်အဖြစ် ပြောင်းလဲသွားမှာဖြစ်ပါတယ်။” လို့ ရှေ့နေချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် က ပြောပါတယ်။

 

၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ တိုင်းမ်မဂ္ဂဇင်းနဲ့ အင်တာဗျူးစဉ် သက်ဆင်ဟာ ထိုင်းဘုရင်ကို အသရေ ဖျက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က စွပ်စွဲထားပါတယ်။

 

၂၀၁၅ ခုနှစ်မှာ ထိုင်းစစ်တပ်က သက်ဆင်အင်တာဗျူးနဲ့ပတ်သက်တဲ့ ရဲတပ်ဖွဲ့ရဲ့တိုင်တန်းချက်ကို အမှုဖွင့်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ သက်ဆင်အမှုကို တရားစွဲဆိုဖို့ ခိုင်လုံတဲ့သက်သေအထောက်အထားရှိနေကြောင်း ရှေ့နေ ချုပ်ရုံးက ဆုံးဖြတ်ခဲ့ပြီး ဖမ်းဝရမ်းတစ်စောင် ထုတ်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ပြည်ပြေးဘဝကနေ ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်လာပြီးနောက် ဒီအမှုနဲ့ပတ်သက် ပြီး မျှမျှတတ ကိုင်တွယ်ဆောင်ရွက်ဖို့ သက်ဆင်က မေတ္တာရပ်ခံခဲ့တဲ့အတွက် ရှေ့နေချုပ်ရုံးက ပြန်လည်စုံစမ်း စစ်ဆေးဖို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

 

သက်ဆင်ဟာ ၎င်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ အာဏာအလွဲသုံး စားလုပ်မှုနဲ့ ထောင်ဒဏ်ရှစ်နှစ်ချမှတ်ခံရတဲ့အထဲက ပြစ်ဒဏ်လျှော့ပေါ့ပြီး တစ်နှစ်သာ ကျခံရန် အမိန့်ချမှတ်ခံရ ပြီးနောက် ပြစ်ဒဏ် ခြောက်လကျခံပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။

 

Ref: Thaksin to be indicted on lese majeste, computer crime charges: The Nation

 

#PeopleMedia


Share this post