• Follow Us on

Home ထိုင်းဘုရင်က ဆရက်သာကို ထိုင်းနိုင်ငံဝန်ကြီးချုပ်အဖြစ် အတည်ပြုထောက်ခံချက်ပေး

ထိုင်းဘုရင်က ဆရက်သာကို ထိုင်းနိုင်ငံဝန်ကြီးချုပ်အဖြစ် အတည်ပြုထောက်ခံချက်ပေး

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၄

 

ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ထောက်ခံမဲရရှိခဲ့တဲ့ ဆရက်သာသာဗီဆင်ဟာ သြဂုတ်လ ၂၃ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မှာ ထိုင်းနိုင်ငံရဲ့ အကြိမ် ၃၀ မြောက် ဝန်ကြီးချုပ်အဖြစ် ထိုင်းဘုရင်ရဲ့အတည်ပြုထောက်ခံချက်ကို တရားဝင်လက် ခံရရှိခဲ့ပါတယ်။

 

ထိုင်းနိုင်ငံတော်ဝင်ပြန်တမ်းမှာ ထိုင်းဘုရင်ရဲ့ တော်ဝင်ထောက်ခံချက်ကို သြဂုတ်လ ၂၃ ရက်နေ့က တရားဝင် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

 

ဘန်ကောက်မြို့မှာရှိတဲ့ ဖီယူထိုင်းပါတီဌာနချုပ်မှာ ညနေ ၆ နာရီဝန်းကျင်လောက်မှာ အခမ်းအနားတစ်ရပ်ကျင်း ပခဲ့ပြီး အဲဒီအခမ်းအနားကို ဖီယူထိုင်းပါတီဦးဆောင်တဲ့ညွန့်ပေါင်းအဖွဲ့က နိုင်ငံရေးသမားတွေတက်ရောက်ခဲ့ကြ ပါတယ်။

 

ထိုင်းဘုရင်ရဲ့အတည်ပြုထောက်ခံချက်ရရှိပြီးနောက်မှာ ဆရက်သာက “ချစ်ခင်လေးစားရပါသော ထိုင်းပြည်သူ များခင်ဗျား..ကျွန်တော်ဟာ ဂုဏ်သိက္ခာရှိစွာနဲ့ နိုင်ငံ့တာဝန်များကိုထမ်းဆောင်သွားမှာဖြစ်ပြီး နိုင်ငံနဲ့ ပြည်သူ တွေရဲ့အကျိုးကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လာမယ့်လေးနှစ်တာကာလဟာ အပြောင်းအလဲဖြစ် ရမယ့်လေးနှစ်တာကာလဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။” လို့ ပြောကြားသွားပါတယ်။

 

ထိုင်းနိုင်ငံဟာ စီးပွားရေး၊ လူမှုရေး၊ ဂေဟဗေဒ၊ အကျင့်ပျက်ခြစားမှု၊ မမျှတမှုတို့နဲ့ ဆက်နွယ်နေတဲ့ စိန်ခေါ်မှု တွေနဲ့ ရင်ဆိုင်နေရကြောင်း ၎င်းက ပြောပါတယ်။

 

“ပြဿနာတွေကို ရှင်းလင်းဖို့၊ မက်ခရိုစီးပွားရေးနဲ့ မိသားစုအဆင့်အလိုက် တိုးတက်မှုတွေနဲ့ ပြောင်းလဲမှုတွေကို အရှိန်မြှင့်တင်နိုင်ရေး အဲဒီအခက်အခဲအကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် ရေးဆွဲပြင်ဆင်ထားတဲ့ မူဝါဒအ မျိုးမျိုးကို ကျွန်တော်အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ ဆန္ဒရှိပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“ကျွန်တော် ဆရက်သာသာဗီဆင်ဟာ နိုင်ငံ့အရေးကို အားသွန်ခွန်စိုက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန် တော်တို့နိုင်ငံရဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ သဟဇာတဖြစ်အောင်၊ ထိုင်းနိုင်ငံရှေ့ခရီးရောက်အောင် အလုပ် ကြိုး စားပြီး ပြည်သူ့အသံကိုနားထောင်တဲ့ အစိုးရဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်သလို ကျွန်တော်တို့ကလေးတွေ အတွက် ပိုမိုတောက်ပတဲ့အနာဂတ်ကို တည်ဆောက်သွားမှာဖြစ်ပါတယ်။” လို့ ဆရက်သာက ပြောပါတယ်။

 

ထိုင်းဘုရင်ရဲ့အတည်ပြုထောက်ခံချက်ရရှိပြီးနောက် ဥပဒေအရလုပ်ပိုင်ခွင့်အပ်နှင်းခံရပြီးတဲ့အချိန်မှာ ဝန်ကြီး ချုပ်အနေနဲ့ အစိုးရအဖွဲ့ကို ခန့်အပ်ရမှာဖြစ်ပါတယ်။

 

အစိုးရအဖွဲ့အနေနဲ့ ထိုင်းဘုရင်ရဲ့အတည်ပြုထောက်ခံချက်ရရှိပြီးတာနဲ့ ဝန်ကြီးချုပ်က ကျမ်းသစ္စာကျိန်ဆိုပြီး ၎င်း တို့အစိုးရရဲ့မူဝါဒတွေကို ၁၅ ရက်အတွင်း လွှတ်တော်ထဲမှာကြေညာရမှာဖြစ်ပါတယ်။

 

အိမ်ခြံမြေသူဌေးကြီးဟောင်းဖြစ်တဲ့ ဆရက်သာသာဗီဆင်ဟာ အင်္ဂါနေ့ (သြဂုတ်လ ၂၂ ရက်နေ့) က ကျင်းပခဲ့ တဲ့ ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ အထက်/အောက် လွှတ်တော်နှစ်ရပ်စလုံးကလွှတ်တော်အမတ်တွေရဲ့ထောက်ခံမဲ ၄၈၂ မဲကို ရရှိခဲ့ပြီး ဝန်ကြီးချုပ်ဖြစ်လာတာဖြစ်ပါတယ်။

 

Ref: Srettha gets royal endorsement as prime minister

 

#PeopleMedia


Share this post