ထိုင်းဘုရင်စနစ်ကိုအကာအကွယ်ပေးထားတဲ့ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး Move Forward ပါတီ ကာကွယ်ပြောဆို
PUBLISHED - July 14, 2023
နိုင်ငံတကာ၊ ဇူလိုင် ၁၄
ထိုင်းဘုရင်စနစ်ကို အကာအကွယ်ပေးထားတဲ့ ဥပဒေ (ပြစ်မှုဆိုင်ရာပုဒ်မ ၁၁၂) ကို ပြင်ဆင်မယ်လို့ ပါတီက ပြောဆိုထားတာနဲ့ပတ်သက်ပြီး Move Forward ပါတီရဲ့အထွေထွေအတွင်းရေးမှူးချုပ် ချိုင်းသာဝပ်တူလာထန် က ဇူလိုင်လ ၁၃ ရက်နေ့က ကာကွယ်ပြောဆိုလိုက်ပြီး ပါတီအနေနဲ့ ဘာ့ကြောင့် ဒီကိစ္စကို နောက်ပြန်မဆုတ်ရ သလဲဆိုတာ ရှင်းပြသွားပါတယ်။
၂၀၀၀ ပြည့်နှစ်ကတည်းက ဥပဒေကို အလွဲသုံးစားအလုပ်ခံနေရကြောင်း၊ ပြည်သူ ၂၅၂ ဦးဟာ ဘုရင်စနစ်နဲ့ ပတ်သက်ပြီး ၎င်းတို့ရဲ့ထင်မြင်ယူဆချက်ကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုတဲ့အတွက် ဘုရင်စနစ်ကိုအကာ အကွယ်ပေးထားတဲ့ အဲဒီဥပဒေနဲ့ တရားစွဲဆိုတာ ခံခဲ့ရကြောင်း လွှတ်တော်အတွင်းမှာ ချိုင်းသာဝပ်က ပြောဆို ခဲ့ပါတယ်။
ကောင်းဆိုးကျိုးပြစ်ကို ခွဲခြားသိမြင်တတ်တဲ့ပါတီတစ်ရပ်အနေနဲ့ Move Forward ပါတီဟာ အဲဒီဥပဒေထဲက ပြဿနာတွေကို မမြင်ချင်ယောင်ဆောင်မနေနိုင်ကြောင်း၊ ၎င်းသတိပေးထားတဲ့အတိုင်း အဲဒီဥပဒေကို အခုအ ချိန်ကတည်းကပြင်ဆင်မထားဘူးဆိုရင် အဲဒီဥပဒေဟာ အနာဂတ်ကာလမှာ ပေါက်ကွဲသွားမယ့် ချိန်ကိုက်ဗုံး တစ်လုံးကို ပြဿနာရှိလာမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့အတွက် ပါတီကတင်ပြထားတဲ့ဥပဒေကြမ်းဟာ အသေရေဖျက်မှုကိုဆန့်ကျင်တဲ့ လူ ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့အခွင့်အရေးကို ကာကွယ်ထားမှုနဲ့အညီ နိုင်ငံတကာစည်းမျဉ်းဖြစ်တဲ့ လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်ကို လေးစားလိုက်နာထားကြောင်း ၎င်းက ပြောပါတယ်။
အသေရေဖျက်မှုကျူးလွန်တဲ့အတွက် ထောင်ဒဏ်ချမှတ်တဲ့အထိ အပြစ်ပေးတာဟာလည်း လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်ဆိုတဲ့ နိုင်ငံတကာစည်းမျဉ်းနဲ့ မကိုက်ညီကြောင်း ၎င်းက ပြောပါတယ်။
ထိုင်းဘုရင်စနစ်ကို အကာအကွယ်ပေးထားတဲ့ ဥပဒေကို ပြင်ဆင်ဖို့ Future Forward ပါတီက ရေးဆွဲထားတဲ့ ဥပဒေကြမ်းမှာ “ထိုင်းဘုရင်ကို အသရေဖျက်ဝေဖန်ပြောဆိုခဲ့ရင် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ရာ ကနေ အမြင့်ဆုံးထောင်းဒဏ် ၁ နှစ်အထိသာချမှတ်ဖို့၊ သို့မဟုတ် ဒဏ်ငွေ ဘတ် ၃၀၀,၀၀၀ ပေးဆောင်ဖို့၊ သို့မ ဟုတ် ထောင်ဒဏ်တစ်နှစ်နဲ့ ဘတ်ငွေ ၃၀၀,၀၀၀ ချမှတ်ဖို့နဲ့ ထိုင်း မိဖုယားနဲ့ ရင်ခွင်ပိုက်အုပ်စိုးသူတစ်ဦးဦးကို အ သရေဖျက်စော်ကားခဲ့ရင် အမြင့်ဆုံးထောင်ဒဏ် ခြောက်လ ချမှတ်ဖို့ သို့မဟုတ် ဒဏ်ငွေ ဘတ် ၂၀၀,၀၀၀ ချ မှတ်ဖို့၊ သို့မဟုတ် ထောင်ဒဏ်ခြောက်လနဲ့ ဘတ်ငွေ ၂၀၀,၀၀၀ ချ မှတ်ဖို့ ဖြစ်ပါတယ်။
ဒါပေမဲ့ စွပ်စွဲခံထားရတဲ့အသရေဖျက်မှုဟာ သဘောရိုးနဲ့ ပြောဆိုခဲ့တာဖြစ်ကြောင်း အထင်အရှားသက်သေပြနိုင် ခဲ့ရင် စွပ်စွဲခံရသူကို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပြုဖို့ ပါရှိပါတယ်။ ဒါ့အပြင် အဲဒီပြင်ဆင်မှုဟာ ဘုရင်စနစ်ကို အသရေဖျက်မှုကို သာမန်အသရေဖျက်မှုတွေကို တရားစွဲဆိုတဲ့အတိုင်း ကျင့်သုံးသွားမှာဖြစ်ပါတယ်။
Move Forward ပါတီက တင်ပြထားတဲ့ ဥပဒေကြမ်းဟာ အသစ်အဆန်းမဟုတ်ကြောင်း၊ အဲဒီဥပဒေကို ထိုင်း နိုင်ငံမှာ ၁၉၃၅ ခုနှစ်မှာ ကျင့်သုံးခဲ့ကြောင်း၊ ၁၉၅၆ ခုနှစ်ကျမှသာ အဲဒီဥပဒေကို ပြန်လည်ပြင်ဆင်ခဲ့တာဖြစ် ကြောင်း ချိုင်းသာဝပ်က ပြောပါတယ်။
ထိုင်းဘုရင်စနစ်ကိုအကာအကွယ်ပေးထားတဲ့ဥပဒေကို ပြင်ဆင်လိုက်တယ်ဆိုရင်တောင်မှ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၆ မှာပြဋ္ဌာန်းထားတဲ့ ထိုင်းဘုရင်ရဲ့ အဆင့်အတန်းဂုဏ်အခြေအနေကို ထိခိုက်မှာမဟုတ်ကြောင်း ၎င်းက ပြောပါတယ်။
“ထိုင်းဘုရင်မင်းမြတ်ကို လေးစားကိုးကွယ်ရာအဆင့်အတန်းတစ်ရပ်အဖြစ် နန်းတင်မြှောက်ရမည်ဖြစ်ပြီး ဘုရင် မင်းမြတ်ကို ထိပါးစော်ကားခြင်းမရှိစေရ။ မည်သူတစ်ဦးတစ်ယောက်မျှ ထိုင်းဘုရင်မင်းမြတ်ကို စွပ်စွဲပြစ်တင်ခြင်း အရေးယူဆောင်ရွက်ခြင်း မရှိစေရ။” လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၆ မှာပြဋ္ဌာန်းထားပါတယ်။
Ref: Move Forward party defends its proposal to amend lèse majesté law
#PeopleMedia