ထိုင်းဘုရင်မင်းမြတ်ထံ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် အသနားခံစာလျှောက်တင်
PUBLISHED - September 1, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁
ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ကျခံနေရပြီး ထိုင်းရဲတပ်ဖွဲ့အထွေထွေဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာလျှောက်တင်လိုက် ပြီဖြစ်ကြောင်း Thai PBS မှာ ရေးသားဖော်ပြထားပါတယ်။
သက်ဆင်ထံက အသနားခံစာလျှောက်လွှာကို လက်ခံရရှိပြီဖြစ်ပြီး ဝန်ကြီးချုပ်ထံကို ဆက်လက်မတင်ပြခင်မှာ အသေးစိတ်စစ်ဆေးနေကြောင်း ဒုတိယဝန်ကြီးချုပ် ဝစ်ဆာနုကရီယမ်ငမ်က ကြာသပတေးနေ့ကပြောပါတယ်။
အဲဒီအသနားခံစာကို လက်ရှိ (မလွှဲပြောင်းရသေးတဲ့) အစိုးရကပဲ ဝန်ကြီးချုပ်ဆီကို ဆက်လက်ပို့ဆောင်ရမှာ လား၊ နောက်အစိုးရအဖွဲ့ကပဲ ဆက်လက်ပို့ဆောင်ရမှာလားဆိုတာကို ၎င်းအနေနဲ့မသိကြောင်း ဝစ်ဆာနုက ပြောပါတယ်။
လုပ်ထုံးလုပ်နည်းအရတော့ အဲဒီလိုအသနားခံစာမျိုးကို ဝန်ကြီးချုပ်က ထိုင်းဘုရင်မင်းမြတ်ထံ ဆက်လက်တင် ပြရမှာဖြစ်ပါတယ်။
ဒါပေမဲ့ သက်ဆင်ထံက ထိုင်းဘုရင်မင်းမြတ်ထံကို တင်ပြလာမယ့် အသနားခံစာကို ကန့်ကွက်ဆန့်ကျင်ကြောင်း ထိုင်းပတ်ဒီးပါတီက ထိုင်းတရားရေးဌာန ညွှန်ကြားရေးမှူးချုပ်ထံကို သြဂုတ်လ ၂၈ ရက်နေ့က တင်ပြလွှာတစ် စောင်ပေးပို့ခဲ့ပါတယ်။
၎င်းတို့တင်ပြထားတဲ့ကန့်ကွက်လွှာဟာ ထိုင်းနိုင်ငံရဲ့ အုပ်ချုပ်ရေးနဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်ပျက် ပြားစေခဲ့တဲ့ သက်ဆင်ကျူးလွန်ခဲ့တဲ့အဂတိလိုက်စားမှုတွေအပေါ်အခြေခံထားပြီး တင်ပြခဲ့တာဖြစ်ကြောင်း ထိုင်း ပတ်ဒီးပါတီရဲ့ ဘဏ္ဍာရေးမှူးအေနန်ဆာခွန်ချာရွန်က ပြောပါတယ်။
“သက်ဆင်ဟာ တိုင်းပြည်ကနေ ထွက်ပြေးသွားပြီး ပြစ်ဒဏ်တွေကို နှစ်ရှည်လများ ရှောင်ရှားခဲ့သူလည်းဖြစ်ပါ တယ်။ ဒါဟာ သက်ဆင်အနေနဲ့ နိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို လေးစားမှုမရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသလိုက်တာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ထိုင်းဘုရင်မင်းမြတ်ထံ သက်ဆင်တင်ပြထားတဲ့အသနား ခံလျှောက်ထားစာဟာ ဘုရင်မင်းမြတ်ကို စိတ်အနှောင့်အယှက်ဖြစ်စေမှာပဲဖြစ်ပါတယ်။” လို့ အေနန်က ပြောပါ တယ်။
သက်ဆင်ရဲ့ အသနားခံလျှောက်ထားစာကို ခွင့်ပြုလိုက်မယ်ဆိုရင် မျှတမှုရှိမှာမဟုတ်ဘဲ နိုင်ငံတွင်း တရားဥပ ဒေနဲ့ လူမှုရေးအရ မညီမျှမှုကို မီးမောင်းထိုးပြလိုက်တာပဲဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
အဲဒီလိုလုပ်လိုက်မယ်ဆိုရင် ထိုင်းနိုင်ငံမှာ အကျဉ်းထောင်ဆိုတာ ဆင်းရဲသားတွေအတွက်ပဲဆိုတဲ့ အဆိုကို အ တည်ပြုထောက်ခံလိုက်သလိုဖြစ်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ဒါ့အပြင် သက်ဆင်အတွက် တရားရုံးမှာ ဆိုင်းငံ့ထားတဲ့ပြစ်မှုနှစ်ခု ရှိနေသေးကြောင်း၊ သက်ဆင်အနေနဲ့ ထိုင်း ဘုရင်မင်း မြတ်ထံအသနားမခံခင်မှာ အဲဒီအမှုနှစ်ခုအတွက် တရားရုံးမှာ အရင်ရင်ဆိုင်သင့်ကြောင်း ထိုင်းပတ်ဒီး ပါတီက ပြောပါတယ်။
Ref: Thaksin submits application for royal clemency
#PeopleMedia