ထိုင်းဘုရင်မင်းမြတ်ရဲ့ ပြစ်ဒဏ်ပြောင်းလဲလျှော့ပေါ့ခွင့်ပြုချက် သက်ဆင်ရရှိ
PUBLISHED - September 2, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၂
ထောင်ဒဏ် ၈ နှစ် ချမှတ်ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာကို ထောင်ဒဏ် ၈ နှစ် ကနေ ထောင်ဒဏ် ၁ နှစ်သာ ပြစ်ဒဏ်ကျခံစေဖို့ ထိုင်းဘုရင်မင်းမြတ်က ပြစ်ဒဏ်ပြောင်းလဲလျှော့ပေါ့ခွင့် ပြု လိုက်ကြောင်း Thai PBS သတင်းဌာနမှာ ဖော်ပြထားပါတယ်။
သက်ဆင်အတွက် ပြစ်ဒဏ်ပြောင်းလဲလျှော့ပေါ့ခွင့်ကို သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ခဲ့တဲ့ တော်ဝင် ပြန်တမ်းမှာပါရှိတာဖြစ်ပြီး မကြာခင်ရာထူးကအနားယူတော့မယ့် ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက ထပ်ဆင့် လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး ကိုးရက်အကြာ ထိုင်းရဲတပ်ဖွဲ့အထွေထွေဆေးရုံကြီးမှာ ဆေဝါးကုသမှုခံ ယူနေတဲ့ သက်ဆင်ဟာ ထိုင်းဘုရင်မင်းမြတ်ရဲ့ သက်ညှာခွင့်ကို ရရှိခဲ့တာဖြစ်ပါတယ်။
ထိုင်းဘုရင်မင်းမြတ်က အခုလို ဆုံးဖြတ်ချက်ချမှတ်ခဲ့ရာမှာ “သက်ဆင်ဟာ တော်ဝင်မိသားစုအပေါ် တောက် လျှောက်သစ္စာစောင့်သိခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်းတစ်ယောက်လည်းဖြစ်သလို နိုင်ငံနဲ့ ပြည်သူ့အကျိုးအတွက် လုပ်ငန်းတွေ အများကြီးလုပ်ဆောင်ခဲ့တယ်” ဆိုတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် သင်ဆင်ကို တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်လိုက်တဲ့အချိန်မှာ သက်ဆင်ဟာ ၎င်းရဲ့လုပ်ရပ်အမှားတွေကို အသိအမှတ်ပြုလက်ခံခဲ့ပြီး နောက်ဆုံးမှာ ပြစ်ဒဏ်ကျခံဖို့ သဘောတူညီခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် သက်ဆင်ဟာ အသက်အရွယ်အိုမင်းလာပြီဖြစ်သလို အထူးကျန်းမာရေးပြုစုစောင့်ရှောကမှုခံယူရမယ့် အခြေအနေမျိုးကို ခံစားနေရသူဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီလိုဖြစ်တဲ့အလျောက် နိုင်ငံ၊ လူ့အဖွဲ့အစည်းနဲ့ ပြည်သူတွေကို ဆက်လက်ကူညီဖို့အတွက် သက်ဆင်ဟာ ၎င်းရဲ့အသိဉာဏ်ဗဟုသုတနဲ့ အတွေ့အကြုံတွေကို အသုံးပြုသွားလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သက်ဆင်ရဲ့ ပြစ်ဒဏ်တွေကို ပြောင်းလဲလျှော့ပေါ့ခွင့်ပြုဖို့ ထိုင်းဘုရင်မင်းမြတ်က ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း တော်ဝင်ပြန် တမ်းထဲမှာ ဖော်ပြထားပါတယ်။
Ref: Convict Thaksin granted royal commutation
#PeopleMedia