• Follow Us on
Latest News

Home ထိုင်းဘောလုံးအသင်း တောင်ကိုရီးယားကိုနိုင်ရင် ဘတ် ၉ သန်း ချီးမြှင့်မည်

ထိုင်းဘောလုံးအသင်း တောင်ကိုရီးယားကိုနိုင်ရင် ဘတ် ၉ သန်း ချီးမြှင့်မည်

Share this post

နိုင်ငံတကာ၊ မတ် ၂၅

 

အင်္ဂါနေ့ (မတ်လ ၂၆ ရက်နေ့) မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တောင်ကိုရီးယားအသင်းကို အနိုင်ရ အောင်ကန်နိုင်ခဲ့ရင် ထိုင်းဘောလုံးအသင်းကို ဘတ်ငွေ ၉ သန်း ဆုချီးမြှင့်သွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက်ထာထာဗီဆင်က ပြောကြားလိုက်ပါတယ်။ တောင်ကိုရီးယားအသင်းနဲ့ သရေကျခဲ့ရင် ဘတ်ငွေ ၃ သန်း ချီးမြှင့်သွားမှာဖြစ်ပြီး ဆုငွေကို အရင်းအမြစ်လေး ငါးခုက ရရှိမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“ခင်ဗျားတို့သိပြီးဖြစ်ကောင်းဖြစ်မယ် ဘောလုံးဆိုတာ ကျွန်တော်အနှစ်သက်ဆုံး အားကစားတစ်ခုပါ။ မနက်ဖြန် ပွဲအတွက် ကျွန်တော်ရင်ခုန်နေပါတယ်။ ကျွန်တော် မနက်ဖြန် ရာဇမင်္ဂလာ (Rajamangala) အားကစားရုံကြီး မှာ ထိုင်းအသင်းကို သွားရောက်အားပေးမှာပါ။” လို့ ဆရက်ထာက X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

 

ထိုင်းဘောလုံးအသင်းကို အားကစားကွင်းထဲမှာဖြစ်စေ ထိုင်းအသင်းရဲ့ ညနေ ၇ ညနာရီခွဲမှာ ထုတ်လွှင့်မယ့် YouTube ချယ်နယ်မှာဖြစ်စေ တခဲနက် အားပေးကြဖို့ ထိုင်းဘောလုံးပရိသတ်ကိုလည်း ဆရက်ထာက တိုက် တွန်းထားပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ် ကြာသပတေးနေ့ (မတ်လ ၂၁ ရက်နေ့) ညပိုင်းက ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ တောင်ကို ရီးယားအသင်းကို ထိုင်း War Elephants အသင်းကို ၁ ဂိုး- ၁ ဂိုးနဲ့ သရေကျအောင် ကန်နိုင်ခဲ့တဲ့အတွက် ဘော လုံးပါရမီရှင်လေး ဆူဖနတ်မွီးထာက တစ်မှတ်ရယူပေးနိုင်ခဲ့ပါတယ်။

 

တောင်ကိုရီးယားအသင်းကတော့ တော့တင်ဟမ်ဟော့စပါးအသင်းက နာမည်ကျော် အသင်းခေါင်းဆောင် ဆွန် ဟောင်မင်းက ကိုရီးယားအသင်းအတွက် ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

 

တောင်ကိုရီးယားအသင်းဟာ ကမ္ဘာ့အဆင့် ၂၂ ရှိပြီး ထိုင်းအသင်းကတော့ ကမ္ဘာ့အဆင့် ၁၀၁ ဖြစ်ပါတယ်။

 

တောင်ကိုရီးယားမှာကန်ခဲ့တဲ့ သရေပွဲအပြီးမှာတော့ ထိုင်းဘောလုံးအသင်းကို ထိုင်းဘောလုံးအသင်းဥက္ကဋ္ဌ နျူ ရယ်ဖန်း မဒမ်ဖန်း လမ်ဆမ်းက ချီးမြှင့်ခဲ့ပါတယ်။

 

လက်မှတ်မရှိတဲ့ ပရိသတ်တွေ ဘောလုံးပွဲကြည့်နိုင်အောင်လို့ ထိုင်းအားကစားဝန်ကြီးဌာနအာဏာပိုင်တွေက ရာဇမင်္ဂလာအားကစားကွင်းရှေ့မှာ ဧရာမပိတ်ကားကြီးထောင်ထားမှာဖြစ်ကြောင်း သိရပါတယ်။

 

တောင်ကိုရီးယားနိုင်ငံဟာ လက်ရှိအချိန်မှာ နှစ်ပွဲနိုင်/ တစ်ပွဲသရေနဲ့ ထိပ်ဆုံးကနေ ၇ မှတ်ရရှိထားပြီး ထိုင်းနိုင်ငံ ကတော့ လေးမှတ်နဲ့ ဒုတိယလိုက်နေပါတယ်။

 

Ref: Thai players to get 9m baht if they beat S Korea in World Cup qualifier

 

#PeopleMedia


Share this post