ထိုင်းရေတပ် ရေငုပ်သင်္ဘောအစား တရုတ်ဖရီးဂိတ်စစ်သင်္ဘောတစ်စီး ဝယ်ယူမည်
PUBLISHED - October 21, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၁
ထိုင်းရေတပ်အတွက် တရုတ်နိုင်ငံက ရေငုပ်သင်္ဘောမှာယူရာမှာ ထိုင်းရေတပ်ကလိုချင်တဲ့ ဂျာမန်အင်ဂျင်တပ် ဆင်ထားတာမရနိုင်တဲ့အတွက် အဲဒီရေငုပ်သင်္ဘောအစား တရုတ်ဖရီးဂိတ်စစ်သင်္ဘောတစ်စင်းကို ဝယ်ယူသွား မှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဆုတင်ကလန်ဆန်းက ပြောကြားလိုက်ပါတယ်။
အခုလိုဆုံးဖြတ်လိုက်တာဟာ ရေငုပ်သင်္ဘောမဝယ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာမဟုတ်ကြောင်း မစ္စတာဆု တင်က သောကြာနေ့က ရေတပ်ဌာနချုပ်စခန်းကိုသွားရောက်စဉ်မှာ ပြောပါတယ်။
“ရေငုပ်သင်္ဘောဝယ်ယူရေး စီမံချက်ကို ဖျက်သိမ်းလိုက်တာ မဟုတ်ပါဘူး။ အချိန်အတိုင်းအတာတစ်ခုအထိ ရွှေ့ဆိုင်းလိုက်တာပါ။ ကျွန်တော်တို့နိုင်ငံ အဆင်သင့်ဖြစ်တဲ့အချိန်မှာ အဲဒီအစီအစဉ်ကို ပြန်လည်ဆောင်ရွက် မှာပါ။” လို့ ၎င်းက ပြောပါတယ်။
၂၀၁၇ ခုနှစ်က လက်မှတ်ရေးထိုးခဲ့တဲ့ မူလသဘောတူညီချက်အရ ဂျာမန်ဒီဇယ်အင်ဂျင်တပ်ထားတဲ့ တရုတ်နိုင် ငံထုတ် S26T Yuan-class ရေငုပ်သင်္ဘောကို ရောင်းချပေးသွားမှာဖြစ်ပေမဲ့ ဂျာမနီနိုင်ငံက ၎င်းတို့အင်ဂျင်တွေ ကို တရုတ်စစ်တပ်နဲ့ တရုတ်နိုင်ငံထုတ်စစ်လက်နက်ပစ္စည်းတွေမှာ တပ်ဆင်အသုံးပြုခွင့်ကို ပိတ်ပင်ထားတယ် လို့ ဆိုပါတယ်။
တရုတ်အစိုးရက ရေငုပ်သင်္ဘောမှာ တရုတ်ထုတ်အင်ဂျင်တပ်ဆင်ပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ထိုင်းနိုင်ငံက တရုတ် အင်ဂျင်ရဲ့အရည်အသေးမပြည့်မီမှုကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံက ၎င်းတို့နိုင်ငံထုတ်အင်ဂျင်ဟာ အရည်အသွေးကောင်းမွန်ကြောင်း ထိုင်းရေတပ်ကို ကြိုးစားစည်း ရုံးရင်း လေးငါးကြိမ်လောက် စေ့စပ်ညှိနှိုင်းခဲ့ကြပါတယ်။
နောက်ဆုံး ထိုင်းရေတပ်က သဘောတူညီခဲ့ပြီး ရေတပ်ဗိုလ်ချုပ်ကြီး ချိုဝန်ချိုင်းချွမ်ချိုဝန်ပက်တ်က တရုတ်ထုတ် အင်ဂျင်နဲ့ ရေငုပ်သင်္ဘောကိုဝယ်ယူနိုင်ရေး ခွင့်ပြုပေးဖို့ လွှတ်တော်ကိုတင်ပြသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့လက ပြောပါတယ်။
ဒါပေမဲ့ ဂျာမန်ထုတ်အင်ဂျင်တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောကိုသာဝယ်ယူဖို့ အစိုးရက ထပ်တလဲလဲပြောနေပြီး ရေငုပ်သင်္ဘောဝယ်ယူရေးစီမံချက်ကို ပြန်လည်ပြင်ဆင်ဖို့ ရေတပ်ကို ပြောပါတယ်။
ရေတပ်က အစီအစဉ်နှစ်ရပ် တင်ပြခဲ့ရာမှာ ပထမအစီအစဉ်က ရေငုပ်သင်္ဘောတိုက်ဖျက်ရေးအတွက် ဖရီးဂိတ် စစ်သင်္ဘောတစ်စီး ဝယ်ယူဖို့ဖြစ်ပြီး ဒုတိယအစီအစဉ်ကတော့ ကမ်းဝေးကင်းလှည့်ရေယာဉ်တစ်စီး ဝယ်ယူဖို့ဖြစ် ပါတယ်။
မစ္စတာဆုတင်က ၎င်းနဲ့ အစိုးရအဖွဲ့ဟာ ရေငုပ်သင်္ဘောစီမံချက်ထက် ဘတ်ငွေ ၁ ဘီလျံပိုများတဲ့ ဘတ်ငွေ ၁၇ ဘီလျံတန် ဖရီးဂိတ်စစ်သင်္ဘောဝယ်ယူရေးကို ရွေးချယ်လိုက်ကြောင်း ပြောပါတယ်။
Ref: Navy to buy frigate instead of Chinese sub
#PeopleMedia