• Follow Us on

Home ထိုင်းရဲတပ်ဖွဲ့ဝင်အများအပြား အကြွေးနွံနစ်နေကြောင်း ရဲချုပ်ကြီးပြော

ထိုင်းရဲတပ်ဖွဲ့ဝင်အများအပြား အကြွေးနွံနစ်နေကြောင်း ရဲချုပ်ကြီးပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၃

 

ထိုင်းနိုင်ငံမှာ ရဲတပ်ဖွဲ့ဝင်အများအပြား အကြွေးနွံနစ်နေကြရာ ဘတ်ငွေ ဘီလျံ ၃၀၀ ဝန်းကျင်ရှိပြီး ရဲတပ်ဖွဲ့ဝင်အ များစုဟာ ဒေဝါလီခံရတော့မယ့် အခြေအနေမှာ ဆိုက်ရောက်နေကြောင်း အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ် ကြီး ထောဆတ်ဆပ်ဗီမိုလ်က ပြောကြားလိုက်ပါတယ်။

 

၂၀၂၄ ခုနှစ် ဘတ်ဂျက်အသုံးစရိတ်ဥပဒေကြမ်းနဲ့ပတ်သက်ပြီး အောက်လွှတ်တော်ကော်မတီက မေးမြန်းချက် ကို ရဲချုပ်ကြီးက အခုလိုပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

 

တော်ဝင်ထိုင်းရဲတပ်ဖွဲ့ကို ဘတ်ဂျက် ၁၁၇ ဘီလျံ ခွဲဝေပေးထားတာနဲ့ပတ်သက်ပြီး အောက်လွှတ်တော်ကော်မ တီရဲ့ မေးခွန်းတွေကို ဖြေကြားဖို့ အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ်ကြီးကို အင်္ဂါနေ့ (ဖေဖော်ဝါရီလ ၂၀ ရက် နေ့) က ဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။

 

ရဲအရာရှိအများအပြား အကြွေးနွံနစ်နေပြီး ရဲတပ်ဖွဲ့တစ်ခုလုံး ဘတ်ငွေ ဘီလျံ ၃၀၀ ဝန်းကျင် အကြွေးတင်နေတဲ့ အတွက် ဒေဝါလီခံရတော့မယ့်ကိန်းဆိုက်နေကြောင်း၊ ရဲတပ်ဖွဲ့ဝင်တွေဟာ အိမ်တစ်လုံးပိုင်ဆိုင်ဖို့ဆောင် အ သည်းအသန်ကြိုးစားရုန်းကန်နေကြရကြောင်း ရဲချုပ်ကြီးထောဆတ်က ပြောပါတယ်။

 

“လူမှုဖူလုံရေးအိမ်ရာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ရဲအရာရှိတွေအတွက် တိုက်ခန်းတွေဆောက်လုပ်ဖို့ ဘတ် ဂျက်တစ်ခု ကျွန်တော်တောင်းခံထားပါတယ်။ သူတို့ရဲ့ လူနေမှုအဆင့်အတန်းမြင့်မားလာမှ ပြည်သူကို အလုပ် အကျွေးပြုပြီး ကာကွယ်စောင့်ရှောက်ဖို့ စိတ်ဓာတ်တက်ကြွလာမှာဖြစ်ပါတယ်။” လို့ ရဲချုပ်ကြီးက ပြောပါတယ်။

 

“ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရာမှာ လုပ်ငန်းတာဝန်ကို ပိုပြီး တက်တက် ကြွကြွထမ်းဆောင်ဖို့ ဂျူနီယာရဲအရာရှိတွေကို စီနီယာရဲအရာရှိတွေက တိုက်တွန်းအားပေးပါတယ်။ ဒါပေမဲ့ ရဲ အရာရှိတွေရဲ့ ဘဝအရည်အသွေးတွေက တိကျတဲ့စံနှုန်းတွေနဲ့ ကိုက်ညီဖို့လိုပါတယ်။” လို့ ၎င်းကပြောပါတယ်။

 

“တော်ဝင်ထိုင်းရဲတပ်ဖွဲ့က ဆောင်ရွက်တဲ့ စီမံချက်လုပ်ငန်းမှန်သမျှ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုရှိရမှာဖြစ်ပါ တယ်။ သံသယဖြစ်စရာ တစ်စုံတရာတွေ့တာနဲ့ ကျွန်တော်လက်မှတ်ထိုးမှာ မဟုတ်ပါဘူး။” လို့ ရဲချုပ်ကြီးထော ဆတ်က ပြောပါတယ်။

 

ပြီးခဲ့တဲ့သုံးနှစ် Covid-19 ကပ်ရောဂါဘေးကာလအတွင်း ရဲတပ်ဖွဲ့ဝင်အင်အား လျော့နည်းသွားတာကိုလည်း ရဲချုပ်ကြီးက ထောက်ပြခဲ့ပါတယ်။

 

ဥပမာအားဖြင့် ဘန်ကောက်မြို့အနီးက ရဲစခန်းတစ်ခုမှာ ရဲအရာရှိ ၂၀၀ လစ်လပ်နေပေမဲ့ လက်ရှိအချိန်မှာ လစ် လပ်အင်အား တစ်ဝက်ခန့်ကိုသာ ပြန်လည်ဖြည့်တင်းနိုင်သေးကြောင်း ၎င်းက ပြောပါတယ်။

 

အဲဒီရဲစခန်းဟာ ၎င်းရဲ့စီရင်ပိုင်ခွင့်ရှိတဲ့နယ်မြေထဲက တရားမဝင်လူဦးရေအပါအဝင် ပြည်သူ ၄၀၀,၀၀၀ ဝန်း ကျင်အတွက် တာဝန်ထမ်းဆောင်နေရတာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ရဲအရာရှိတွေလစ်လပ်နေတာကို ပြန်လည်ဖြည့်တင်းဖို့အတွက် နည်းလမ်းတွေ ရှာဖွေနေကြောင်း၊ ဒီပြဿနာ ဟာ တစ်စိတ်တစ်ပိုင်းအားဖြင့် တချို့ပြည်နယ်အဖွဲ့အစည်းတွေက ၎င်းတို့အဖွဲ့အစည်းတွေအတွက် ရဲတပ်ဖွဲ့ ဝင်တွေကို ငှားရမ်းအသုံးပြုတာကြောင့်လည်းဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ရဲတပ်ဖွဲ့ဝင်တွေလစ်လပ်မှု ပိုမိုဆိုးရွားမလာအောင် တချို့ရာထူးတွေကို အစားထိုးခန်အပ်သွားဖို့လည်း လိုအပ် ကြောင်း ၎င်းက ပြောပါတယ်။

 

Ref: Many cops in serious debt

 

#PeopleMedia


Share this post