• Follow Us on

Home ထိုင်းရဲအရာရှိကြီးသုံးဦး ပုံမှန်မဟုတ်ဘဲချမ်းသာကြွယ်ဝနေတာကို စစ်ဆေးတွေ့ရှိရကြောင်း NACC ပြောကြား

ထိုင်းရဲအရာရှိကြီးသုံးဦး ပုံမှန်မဟုတ်ဘဲချမ်းသာကြွယ်ဝနေတာကို စစ်ဆေးတွေ့ရှိရကြောင်း NACC ပြောကြား

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၃

 

ထိုင်းနိုင်ငံမှာ ပင်လယ်ရေကြောင်းဆိုင်ရာ ရဲအရာရှိဟောင်းတစ်ဦးနဲ့ တခြားရဲအရာရှိကြီးနှစ်ဦးဟာ ပုံမှန်မဟုတ် ဘဲ ထူးထူးခြားခြား ကြွယ်ဝချမ်းသာနေတာကို တွေ့ရှိရကြောင်း နိုင်ငံတော်အဂတိလိုက် စားမှုတိုက်ဖျက်ရေး ကော်မရှင် (The National Anti-Corruption Commission – NACC) က ပြောကြားလိုက်ပါတယ်။

 

ပထမအမှုကတော့ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) က စစ်ဆေးနေတဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ရဲတပ်ဖွဲ့အ ကြီးအကဲဟောင်း ဘွန်ဆူယက်ပရိုင်သူယန်ရဲ့အမှုဖြစ်ကြောင်း NACC အတွင်းရေးမှူးချုပ် နီဝတ်ချိုင်းကာဆန် မောင်ကူလ်က ပြောပါတယ်။

 

ဘွန်ဆူယက်ဟာ ရေနံမှောင်ခိုဂိုဏ်းတွေနဲ့ လောင်စာဆီကုန်သည်တွေဆီက လာဘ်ငွေတောင်းခံခဲ့တာကို စစ် ဆေးတွေ့ရှိရတယ်လို့ဆိုပါတယ်။

 

ဘွန်ဆူယက်နဲ့ ၎င်းရဲ့ဇနီးတို့ရဲ့ ဘဏ်ငါးခုမှာ လစဉ်ငွေသွင်း/ငွေထုတ်စာရင်းကို စစ်ဆေးခဲ့ရာ စုစုပေါင်းဘဏ် အပ်ငွေ ဘတ်ငွေ ၃၆.၇၇ သန်းအပ်နှံထားကြောင်း တွေ့ရှိရပြီး အဲဒီအထဲက ငွေတချို့ကို အသက်အာမခံကြေး အတွက် သုံးစွဲထားတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

 

ဘွန်ဆူယက်ဟာ ပုံမှန်မဟုတ်ဘဲ ချမ်းသာလာခြင်းဖြစ်တာကို NACC အဖွဲ့က စစ်ဆေးတွေ့ရှိရပြီး တရားမဝင် လာဘ်စားရယူထားတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းနိုင်ဖို့အတွက် စစ်ဆေးတွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေ ကို ရှေ့နေချုပ်ရုံးကို တင်ပြသွားမှာဖြစ်ပါတယ်။

 

ပိုင်ဆိုင်မှုတွေသိမ်းဆည်းဖို့အတွက် ရှေ့နေချုပ်ရုံးက အဂတိလိုက်စားမှုနဲ့ မလျော်ကန်သောအပြုအမူများဆိုင် ရာ ရာဇဝတ်တရားရုံးကို မေးမြန်းသွားမှာဖြစ်ပါတယ်။ ဘွန်ဆူယက်ဟာ ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ရဲမှူးရာထူးက ဖယ်ရှားခံရပြီး အလုပ် ဖြုတ်ခံခဲ့ရသူဖြစ်တယ်လို့ ဆိုပါတယ်။

 

ဘွန်ဆူယက်ဟာ ၂၀၁၄ ခုနှစ်မှာ လာဘ်စားမှုကြောင့် ရာထူးပြုတ်ပြီးထောင်ကျခဲ့တဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) အကြီးအကဲဟောင်း ပေါင်းပတ်ချာယာပန်ရဲ့ ရင်းနှီးတဲ့ ရဲအရာရှိတစ်ဦးလည်းဖြစ်ပါတယ်။

 

CIB အကြီးအကဲဟောင်း ပေါင်းပတ်ချာယာပန်နဲ့ သူ့အရာရှိတွေဟာ လာဘ်ငွေတောင်းယူမှု၊ လက်ခံမှု၊ သူတစ် ပါးထိခိုက်နစ်နာစေမှု၊ ဘုရင်စနစ်ကို ဝေဖန်မှုတို့နဲ့ ထောင်ဒဏ်အသီးသီးကျခံနေရပါတယ်။

 

CIB အကြီးအကဲဟောင်း ပေါင်းပတ်ချာဦးဆောင်ပြီး ရဲတပ်ဖွဲ့အကြီးအကဲတွေပါဝင်တဲ့ ဂိုဏ်းဟာ ၂၀၀၉ ခုနှစ်က နေ ၂၀၁၄ ခုနှစ်ကြားမှာ ရာထူးတိုးမြှင့်ဖို့ လာဘ်ငွေတောင်းခံတာတွေ၊ တခြားတရားမဝင်လုပ်ငန်းတွေက တစ် ဆင့် ငွေသားဘတ်ငွေ ဘီလျံပေါင်းများစွာ၊ အိုးအိမ်အဆောက်အဦတွေ၊ တန်ဖိုးကြီး လက်ဝတ်ရတနာတွေကို ရ ယူခဲ့တယ်လို့ ဆိုပါတယ်။

 

ဒုတိယအမှုကတော့ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်ကြားမှာ မူးယစ်ဆေးဝါးနှိမ်နှင်းရေးတပ်ဖွဲ့ (NSD) လက်အောက် က မူးယစ်ဆေးဝါးမှောင်ခိုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ ဒုတိယအကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်စဉ် သံသယ ရှိတဲ့ အမှုပေါင်း ၄၄ ခုမှာ ရဲတပ်ဖွဲ့ထံက ဆုငွေလိမ်ညာထုတ်ယူဖို့အတွက် သတင်းမှားတွေ ဖန်တီးခဲ့တယ်လို့ စွပ် စွဲခံထားရတဲ့ ရဲမှူးကြီးနုတ်ပါဒေါ်နင်မာနွန်ရဲ့ အမှုဖြစ်ပါတယ်။

 

အမှုပေါင်းစုံလုပ်ကြံဖန်တီးပြီး ၎င်းထုတ်ယူခဲ့တဲ့ဆုငွေတွေကို ဘဏ်အကောင့်ထဲမှာ ထည့်သွင်းထားခဲ့ရာ စုစု ပေါင်း ဆုငွေ ဘတ်ငွေ ၆၁.၆၅ သန်းရှိတယ်လို့ဆိုပါတယ်။

 

ရဲမှူးကြီးနုတ်ပါဒေါ်နင်မာနွန်ဟာ ချင်းရိုင်ပြည်နယ်၊ မောင်းခရိုင်၊ ရင်းမ်ကောက်ခရိုင်ခွဲမှာ အိမ်တစ်လုံးနဲ့ မြေ ဝယ်ယူဖို့အတွက် ဘတ်ငွေ ၆ သန်း သုံးစွဲခဲ့ပြီး မြောက်ပိုင်းပြည်နယ်က ထာဆိုင်းခရိုင်ခွဲမှာ မြေကွက်နှစ်ကွက် ဝယ်ယူဖို့ ဘတ်ငွေ ၁.၃ သန်း သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

 

ရဲမှူးကြီးနုတ်ပါဒေါ်နင်မာနွန်ရဲ့ တရားမဝင်ပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့အတွက် ရာဇဝတ်တရားရုံးကို မေးမြန်းဖို့ ရှေ့နေချုပ်ရုံးကို NACC အဖွဲ့က အကြံပြုထားပါတယ်။

 

ရက်ပေါင်း ၆၀ အတွင်း ရဲမှူးကြီးနုတ်ပါဒေါ်နင်မာနွန်ကို ရာထူးကဖြုတ်ချဖို့အတွက် တရားရုံးဆုံးစီရင်ချက်နဲ့ NACC အဖွဲ့ရဲ့ အစီရင်ခံစာတွေကို ၎င်းရဲ့အကြီးအကဲထံ ပေးပို့ထားကြောင်း မစ္စတာနီဝတ်ချိုင်းက ပြောပါ တယ်။

 

တတိယအမှုကတော့ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း မူးယစ်ဆေးဝါးမှောင်ခိုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့မှာ ဒုတိယအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အမျိုးသမီးရဲမှူးကြီးဖတ်ချာရာပွန်မောင်းဖုန်းမောင်ရဲ့ အမှု ပဲဖြစ်ပါတယ်။

 

အမျိုးသမီးရဲမှူးကြီးဖတ်ချာရာပွန်မောင်းဖုန်းမောင်ဟာ ၎င်းရဲ့ဘဏ်အကောင့်တွေထဲမှာ ဘဏ်အပ်ငွေပေါင်း မြောက်မြားစွာရှိနေသလို ဒီကနေ့ပေါက်ဈေးနဲ့ ဘတ်ငွေ ၄.၉ သန်းတန်ကြေးရှိတဲ့ ရွှေ ၁.၈၂ ကီလိုဂရမ်ကို ဝယ် ယူထားပြီး ဘတ်ငွေ ၂.၂ သန်းတန် မြေကွက်နှစ်ကွက်ကိုလည်း ချင်းမိုင်ပြည်နယ်မှာ ဝယ်ယူထားကာ ဘဏ် တစ်ခုက အကြွေးဘတ်ငွေ ၇၁၃,၀၀၀ ကိုလည်း ပြန်လည်ပေးချေခဲ့တာကို စစ်ဆေးတွေ့ရှိရတယ်လို့ဆိုပါတယ်။

 

NACC အဖွဲ့က ၎င်းဝင်ငွေကို စစ်ဆေးရာမှာ ၎င်းရဲ့ဝင်ငွေဟာ အဲဒီလောက်အထိ ရွှေတွေဝယ်ယူစုဆောင်း ထားနိုင်လောက်အောင် လုံလောက်မှုမရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

 

အမျိုးသမီးရဲမှူးကြီးဖတ်ချာရာပွန်မောင်းဖုန်းမောင်ရဲ့ တရားမဝင်ပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့အတွက်လည်း ရာဇဝတ်တရားရုံးကို မေးမြန်းဖို့ ရှေ့နေချုပ်ရုံးကို NACC အဖွဲ့က အကြံပြုထားပါတယ်။

 

ဒါ့အပြင် ရက်ပေါင်း ၆၀ အတွင်း အမျိုးသမီးရဲမှူးကြီးဖတ်ချာရာပွန်မောင်းဖုန်းမောင်ကို ရာထူးကဖြုတ်ချဖို့အ တွက် တရားရုံးဆုံးစီရင်ချက်နဲ့ NACC အဖွဲ့ရဲ့ အစီရင်ခံစာတွေကို ၎င်းရဲ့အကြီးအကဲထံ ပေးပို့ထားတယ်လို့ ဆိုပါတယ်။

 

Ref: Three senior police officers declared ‘unusually rich’

 

#PeopleMedia


Share this post