ထိုင်းရှိမြန်မာများ ဘဏ်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်ငွေလွှဲပို့ခြင်းအတွက် လျှပ်စစ်ယာဉ်/ လျှပ်စစ် ဆိုင်ကယ် တင်သွင်းခွင့်ပြုမည်
PUBLISHED - November 2, 2024
နေပြည်တော်၊ နိုဝင်ဘာ ၂
မြန်မာလုပ်သားများအနေဖြင့် မြန်မာနိုင်ငံသို ဘဏ်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်ငွေလွှဲပို့ခြင်းအတွက် လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာသံရုံမှ အသိပေးထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများအနေဖြင့် မိမိ မိသားစုထံသို့ လုပ်ခလစာများကို ဘဏ်များမှတစ်ဆင့် လွယ်ကူစွာ လွှဲပို့နိုင်ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဝက်ဆိုဒ်ဖြစ်သည့် www.cbm.gov.mm တွင် လုပ်ခလစာ ငွေလွှနှုန်းများ၊ ပြည်ပငွေလွှလုပ်ငန်းလိုင်စင်ရ (Remittance Business License – RBL) ကုမ္ပဏီစာရင်း၊ နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များစာရင်း၊ အဆိုပါလုပ်ငန်းလိုင်စင်ရဘဏ်များနှင့် ချိတ်ဆက်ထားသော နိုင်ငံတကာမှ ငွေလွှဲနိုင်သည့်အဖွဲအစည်းများစာရင်းကို ဖော်ပြထားသဖြင့် ချိတ်ဆက်ပေးပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင်ရဘဏ်များ၏ ဝက်ဆိုဒ်များတွင်လည်း လုပ်ခလစာ ငွေလွှဲနှုန်းများကို ကြည့်ရှုနိုင်ပြီး ငွေလွှဲရာတွင် ငွေလွှဲခ/ ဘဏ်ဝန်ဆောင်ခများကို အသက်သာဆုံးသောနှုန်းထားများဖြင့် ဝန်ဆောင်မှုပေးနေကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသားများက မိမိတိုရရှိသည့် လစာငွေ၊ သိုမဟုတ် အခြားဝင်ငွေများကို မြန်မာနိုင်ငံသို ဘဏ်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပို့ခြင်းအတွက် အထူးအစီအစဉ်အနေဖြင့် ပုံမှန်လစာရရှိသူများ (သင်္ဘောသားများအပါအဝင်) – တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ ၂ သိန်းနှင့်အထက် လွှဲပိုပါက လွှပိုငွေ၏ ၅ % တန်ဖိုးနှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ် တစ်နှစ်လျှင် တစ်စီးနှုန်း၊ ပုံမှန်လစာရရှိသူများမှအပ အခြားဝင်ငွေရရှိသူများ – တစ်နှစ်အတွင်း အမေရိကန် ဒေါ်လာ ၅ သောင်းနှင့်အထက် လွှဲပိုပါက လွှပိုငွေ၏ ၅ % တန်ဖိုး နှင့် ညီမျှသော လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီးနှုန်း တင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အထက်ဖော်ပြပါ အကျုံးဝင်သူများအနေဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ် သုံးမော်တော်ဆိုင်ကယ် တင်သွင်းခွင့်ပြုရာတွင် တစ်ဦးတစ်ယောက်ချင်း တင်သွင်းမှုကိုလည်းကောင်း၊ တစ်ဦးတစ်ယောက်ချင်း တင်သွင်းရန် ယာဉ်တန်ဖိုး မပြည့်မီပါက စုပေါင်း၍ တင်သွင်းမှုကိုလည်းကောင်း ခွင့်ပြုပေးမည်ဖြစ်ပြီး၊ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ၏ ဖုန်းနံပါတ် ၀၆၇ ၃၄၀၈၄၃၃ နှင့် [email protected] သို ဆက်သွယ်မေးမြန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
#PeopleMedia