• Follow Us on

Home ထိုင်းလုပ်ငန်းရှင်တွေ အရှေ့အလယ်ပိုင်းဒေသမှာ ဈေးကွက်အခွင့်အလမ်းသစ်တွေ ရှာဖွေ

ထိုင်းလုပ်ငန်းရှင်တွေ အရှေ့အလယ်ပိုင်းဒေသမှာ ဈေးကွက်အခွင့်အလမ်းသစ်တွေ ရှာဖွေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၄

 

ထိုင်းနိုင်ငံက နိုင်ငံတကာစီးပွားရေးရောဌာနက ဦးစီးတဲ့ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က အရှေ့အလယ်ပိုင်းဒေသ ကို သွားရောက်ပြီးချိန်မှာ အီရတ်နဲ့ ကာဒစ္စတန်နိုင်ငံတို့ဟာ ကုန်သွယ်မှုတိုးချဲ့ဖို့အတွက် ရေခံမြေခံကောင်းတဲ့ နေရာတွေဖြစ်ကြောင်း ထိုင်းလုပ်ငန်းရှင်တွေက ပြောကြားလိုက်ပါတယ်။

 

ဒီခရီးစဉ်ဟာ ထိုင်းနိုင်ငံရဲ့ proactive economic diplomacy strategy (ကြိုတင်လက်ဦးမှုရယူသော စီးပွား ရေးရာ သံတမန်မဟာဗျူဟာ) အရ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေရှာဖွေဖို့ မကြာသေးခင်က သွားရောက်ခဲ့တဲ့ ခရီးစဉ်ဖြစ်ပါတယ်။

 

ဒီခရီးစဉ်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ ထိုင်းလုပ်ငန်းတွေ ဈေးကွက်ချဲ့ထွင်ဖို့နဲ့ ကုန်ထုတ်လုပ်ငန်း အဆောက်အုံသစ်တွေ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် အလားအလာတွေရှာဖွေဖို့ရည်ရွယ်ပြီး သွားရောက်ခဲ့ တာဖြစ်ကြောင်း ဂျော်ဒန်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးည ဆူပက်ကရောင်းထူရာက ပြောပါတယ်။

 

အီရတ်နဲ့ ကာဒစ္စတန်နိုင်ငံမှာရှိတဲ့ ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်တွေကလည်း လယ်ယာစိုက်ပျိုးရေး၊ စား သောက်ကုန်၊ အလှကုန်၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး၊ အိမ်သုံးပစ္စည်းများနဲ့ အဆောက်အဦအတွင်းပိုင်း အ လှဆင်လုပ်ငန်းတွေ အပါအဝင် လုပ်ငန်းကဏ္ဍအမျိုးမျိုးမှာ ထိုင်းကုမ္ပဏီတွေနဲ့ လက်တွဲဆောင်ရွက်ဖို့ အလွန် စိတ်ဝင်စားကြောင်း ပြောကြားခဲ့ပါတယ်။

 

တူနာငါးစည်သွပ်ဘူးတွေ၊ ဆာဒင်းငါးစည်သွပ်ဘူးတွေ၊ မက်ကရယ်ငါးစည်သွပ်ဘူးတွေနဲ့ နာနတ်သီးစည်သွပ် ဘူးတွေထုတ်လုပ်တဲ့ Star Cannery ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ နုတ်ပါဝတ်ချာရွန်ဆင်ဖုန်က “လုံခြုံရေး စိုးရိမ်ပူပန်မှုကြောင့် ကနဦးက ဒီခရီးစဉ်ကို သံသယရှိပေမဲ့လည်း ဒေသတွင်းဈေးကွက်ကို ကိုယ်တိုင်တွေ့ကြုံ လာရတဲ့အချိန်မှာ အလားအလာကောင်းတွေ ရှိနေတယ်ဆိုတာကို သိခဲ့ရကြောင်း” ပြောပါတယ်။

 

“ဒီနေရာကို ရောက်လာပြီးမှ ကျွန်တော်တို့ ကုမ္ပဏီဈေးကွက်ချဲ့ထွင်ဖို့ တကယ့်အခွင့်အလမ်းကောင်းတွေရှိနေ တယ်ဆိုတာ သိလိုက်ရပါတယ်။” လို့ နုတ်ပါဝတ်က ပြောပါတယ်။ Star Cannery ကုမ္ပဏီဟာ အီရတ်ကို ကုန်စည်တွေတင်ပို့နေတာ နှစ်နှစ်/သုံးနှစ်လောက်ရှိပြီဖြစ်ပြီး အခုခရီးစဉ် ကို ၎င်းတို့ရဲ့ဈေးကွက်ချဲ့ထွင်ရာမှာ အလွန်အရေးပါတဲ့ အဆင့်တစ်ရပ်အဖြစ်ရှုမြင်ကြောင်း နုတ်ပါဝတ်က ပြော ပါတယ်။

 

“ထိုင်းအမှတ်တံဆိပ်ကပ်ထားတဲ့ ထုတ်ကုန် အထူးသဖြင့် စားသောက်ကုန်တွေဟာ ၎င်းတို့ရဲ့ အရည်အသွေး ကြောင့် ကောင်းကောင်းကြီး အသိအမှတ်ပြုခံထားရပြီး ယှဉ်ပြိုင်မှုနယ်ပယ်မှာ အသာစီးရအောင် ဆောင်ရွက် ပေးနိုင်တဲ့ ထုတ်ကုန်တွေဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ရေထွက်ပစ္စည်းထုတ်ကုန်တွေအတွက် အီရတ်နိုင်ငံဈေးကွက်ထဲမှာ အလွန်ကောင်းမွန်တဲ့ အလားအလာရှိနေ ကြောင်း CK အေးခဲငါးနဲ့ သစ်သီးထုတ်ကုန်လုပ်ငန်းရဲ့ ဥက္ကဋ္ဌ မိုဟာမက်အလီခန်းက ပြောပါတယ်။

 

“အရင်တုန်းကတော့ ကျွန်တော်တို့ဟာ ဂျော်ဒန်နိုင်ငံကတစ်ဆင့် ငွေပေးချေနေရပါတယ်။ ဒါပေမဲ့ အခုလက်ရှိအ ချိန်မှတော့ အီရတ်ကနေ တိုက်ရိုက်ငွေကြေးလွှဲပြောင်းနိုင်ပါပြီ။ ဒါကလည်း ကောင်းမွန်တဲ့ တိုးတက်မှုတစ်ခုပါ ပဲ။” လို့ ခန်းက ပြောပါတယ်။

 

Madamdo Interfood ကုမ္ပဏီရဲ့ အမှုဆောင်ဒါရိုက်တာ မွန်သီတာဆပ်ဆန်ဂါကလည်း “၎င်းတို့ ကုမ္ပဏီအနေ နဲ့ အရင်ကတည်းက အရှေ့အလယ်ပိုင်းဒေသကို ဆန်တင်ပို့ခဲ့ပေမဲ့ အခုခရီးစဉ်ဟာ ဆန်ကိုအဓိကထားစားသုံး ကြတဲ့ လူဦးရေ သန်း ၄၀ ရှိတဲ့ ဈေးကွက်တစ်ခုကို ရှာဖွေဖို့အတွက် အခွင့်အလမ်းရခဲ့တဲ့ ခရီးစဉ်ဖြစ်ကြောင်း” ပြောပါတယ်။

 

“ပြည်ပပို့ကုန်တွေ ခဏရပ်တန့်ထားခဲ့ပေမဲ့ ကျွန်မတို့ ထိုင်းဆန်တွေဟာ အီရတ်ဈေးကွက်မှာ နှစ်ပေါင်းများစွာ ကြာအောင် အဓိကနေရာယူထားခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်သုံးနှစ်အတွင်း ကုန်သွယ်မှုတွေ ပြန်လည်စ တင်တဲ့အချိန်မှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လအတွင်း ထိုင်းနိုင်ငံကနေ အီရတ်ကို ဆန်တန်ချိန် ၂၀၀,၀၀၀ ကျော် တင်ပို့ခဲ့ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Thai businesses explore new market opportunities in Mideast

 

#PeopleMedia


Share this post