ထိုင်းလုပ်သားတွေကိုကာကွယ်ပေးဖို့ အစ္စရေးအစိုးရထံ ထိုင်းအစိုးရ မေတ္တာရပ်ခံစာပေးပို့
PUBLISHED - November 4, 2024
နိုင်ငံတကာ၊ နိုဝင်ဘာ ၄
မကြာသေးခင်က အစ္စရေးမြောက်ပိုင်းမှာ ရော့ကက်ထိမှန်ပြီး ထိုင်းလုပ်သား ၄ ဦး သေဆုံးခဲ့သလို ၁ ဦး ဒဏ်ရာ ရခဲ့ပြီးနောက်ပိုင်း ထိုင်းလုပ်သားတွေကို အန္တရာယ်ကြီးမားတဲ့နယ်မြေတွေကို စေလွှတ်ခြင်းမပြုဖို့ အစ္စရေးအစိုး ရကို မေတ္တာရပ်ခံထားတဲ့ စာတစ်စောင် ထိုင်းအစိုးရက ပေးပို့ခဲ့ပါတယ်။
လတ်တလောအချိန်မှာ သေရေးရှင်ရေးကလွဲလို့ အစ္စရေးနိုင်ငံကို ခရီးသွားလာတာကို ဆိုင်းငံ့ထားဖို့နဲ့ အရှေ့အ လယ်ပိုင်းဒေသက တခြားစစ်မက်ဖြစ်ပွားနေတဲ့နေရာတွေကိုလည်း သွားရောက်ခြင်းမပြုဖို့ ထိုင်းနိုင်ငံခြားရေးဝန် ကြီးဌာနကလည်း ထိုင်းနိုင်ငံသားတွေကို အကြံပြုထားပါတယ်။
အစ္စရေးနိုင်ငံ မက်ချူလာမြို့အနီးကို သောကြာနေ့က ဟစ်ဘိုလာရော့ကက် ကျရောက်ပေါက်ကွဲချိန်မှာ ထိုင်း လုပ်သားတွေသေဆုံးသွားတဲ့သတင်းရရှိပြီးနောက် ဝန်ကြီးဌာနက အခုမေတ္တာရပ်ခံစာကို အစ္စရေးအစိုးရထံ ပေးပို့ခဲ့တာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မားရစ်ဆန်ဂျီယမ်ပေါင်ဆာက စနေနေ့က ပြောပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အလျောက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ကို ငြိမ်းချမ်းရေးလမ်းကြောင်းကို ပြန်လည်ရွေးချယ်ဖို့ ထိုင်းနိုင်ငံက တိုက်တွန်းထားကြောင်း ၎င်းက ပြောပါ တယ်။
အစ္စရေးနိုင်ငံမှာ အလုပ်သွားလုပ်မယ့် ထိုင်းလုပ်သားအရေအတွက်ကို လျှော့ချဖို့အတွက် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနဟာ တဲလ်ဗစ်မှာရှိတဲ့ ထိုင်းသံရုံးနဲလည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။
အစ္စရေးအလုပ်ရှင်တချို့ဟာ ထိုင်းလုပ်သားတွေကို အဲဒီအန္တရာယ်ကြီးလှတဲ့နယ်မြေထဲမှာ ကာလတိုကန်ထရိုက် စာချုပ်ချုပ်ပြီး ဆက်လက်စေခိုင်းနေဆဲဖြစ်သလို တချို့လုပ်သားတွေကလည်း အဲဒီနယ်မြေမှာ ၂ နာရီ၊ ၃ နာရီ ကြာမောင် ဆက်လက်နေထိုင်နေဆဲဖြစ်ကြောင်း သတင်းတေါထွက်ပေါ်လာပြီးနောက်မှာ အခုလို ကာကွယ်ရေး မေတ္တာရပ်ခံစာ ပေးပို့ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ထဲက တချို့ဟာ ပိုမိုကောင်းမွန်တဲ့ဘဝ ရရှိဖို့အတွက် နိုင်ငံခြားကို အလုပ်ထွက်လုပ်နေကြရတာ ကို ကောင်းကောင်း နားလည်နိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိဆက်လက်ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အကြမ်းဖက်မှုအ ခြေအနေ ဆိုးရွားနေတဲ့အတွက် အရှေ့အလယ်ပိုင်းဒေသ တချို့နယ်မြေတွေရဲ့ အခြေအနေဟာ တကယ့်ကို ပုံမှန်မဟုတ်ဘူးဖြစ်နေပါတယ်။” လို့ မစ္စတာမားရစ်က ပြောပါတယ်။
သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ ဒဏ်ရာရတဲ့သူတွေကို လျော်ကြေးပေးနိုင်ရေးအတွက် ထိုင်းအစိုးရအာဏာ ပိုင်တွေက လိုအပ်သလို ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
Ref: Thai govt sends letter of protest to Israel
#PeopleMedia