ထိုင်းလုပ်သားတွေကို လစာပိုပေးပြီး ဖြားယောင်းသွေးဆောင်နေတဲ့ အစ္စရေးအလုပ်ရှင်တွေကို ဝန်ကြီးချုပ် ဆရက်ထာ ပြစ်တင်ရှုတ်ချ

PUBLISHED - October 25, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၅
အစ္စရေးလုပ်ငန်းရှင်တွေဟာ ထိုင်းလုပ်သားတွေပြန်သွားမှာစိုးရိမ်တာနဲ့ ထိုင်းလုပ်သားတွေကို ဖြားယောင်းသွေး ဆောင်ဖို့ လုပ်ခလစာတွေတိုးမြှင့်ပေးပြီး သိမ်းသွင်းစည်းရုံးနေတာကို အစ္စရေးသံအမတ်ကြီးထံ တိုင်ကြားခဲ့ ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက်ထာထာဗီဆင်က အင်္ဂါနေ့ (အောက်တိုဘာလ ၂၄ ရက်နေ့) က ပြောကြား လိုက်ပါတယ်။
ဝန်ကြီးချုပ်အနေနဲ့ ၎င်းရဲ့မကျေနပ်ချက်တွေကို အစ္စရေးသံအမတ်ကြီး အိုနာဆာဂီထံ တနင်္လာနေ့က ဖုန်းဆက် ပြောကြားခဲ့ကြောင်း အပတ်စဉ်အစိုးရအစည်းအဝေးပြုလုပ်အပြီး ဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြော ကြားခဲ့တာဖြစ်ပါတယ်။
အစ္စရေးမှာရောက်နေတဲ့ ထိုင်းလုပ်သားတွေအားလုံး မိခင်ထိုင်းနိုင်ငံကို ပြန်လာကြဖို့ ဝန်ကြီးချုပ်က ပြောကြား ထားပေမဲ့ ထိုင်းလုပ်သားအများအပြားဟာ လစာတိုးမြှင့်ရရှိထားကြတဲ့အတွက် အစ္စရေးနိုင်ငံမှာပဲ ဆက်လက် နေထိုင်ဖို့ ရွေးချယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“ထိုင်းလုပ်သားတွေကို ငွေကြေးအသုံးပြုပြီး ဖြားယောင်းမြူဆွယ်တာမျိုး အစ္စရေးအလုပ်ရှင်တွေအနေနဲ့ မလုပ် သင့်ဘူးဆိုတာ ပြောဆိုရင်း ကျွန်တော့်ရဲ့မကျေနပ်ချက်တွေကို သံအမတ်ကြီးကို ပြောပြခဲ့ပါတယ်။ အဲဒီလိုလုပ် တာဟာ မမှန်ကန်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။
အစ္စရေးသံအမတ်ကြီးက အဲဒီအကြောင်းကို မကြားသိရသေးကြောင်း၊ အခြေအနေအားလုံးသိရအောင် ထပ်မံ စုံစမ်းဦးမည်ဖြစ်ကြောင်း၊ ၎င်းအနေနဲ့လည်း ထိုင်းလုပ်သားတွေ ဘေးရန်ကင်းရှင်းဖို့အတွက် စိုးရိမ်ပူပန်ကြောင်း ပြန်လည်ပြောကြားခဲ့တယ်လု့ိ ဝန်ကြီးချုပ်ဆရက်ထာက ပြောပါတယ်။
ဒါ့အပြင် ထိုင်းလုပ်သားတွေ မိခင်နိုင်ငံကို ပြန်မသွားနိုင်အောင် ၎င်းတို့ရဲ့ အောက်တိုဘာလအတွက် လစာငွေ တွေကိုလည်း နိုဝင်ဘာလ ၁၀ ရက်နေ့အထိ ရွှေ့ဆိုင်းထားကြောင်း ထိုင်းလုပ်သားတွေက တိုင်တန်းထားတာ ကို အစ္စရေးသံအမတ်ကြီးကို သတင်းပို့ထားကြောင်း ၎င်းကပြောပါတယ်။
အစ္စရေးသံအမတ်ကြီးက အဲဒီအကြောင်းတွေကိုလည်း မသိရှိရသေးတဲ့အတွက် ဆက်လက်စုံစမ်းစစ်ဆေးသွား မှာဖြစ်တယ်လို့ အကြောင်းပြန်ထားကြောင်း ဆရက်ထာက ပြောပါတယ်။
Ref: Srettha slams Israeli employers for tempting Thai workers to stay with more money
#PeopleMedia