• Follow Us on
Latest News

Home ထိုင်းလုပ်သားတွေနဲ့ ကျောင်းသားတွေ AI နည်းပညာကျွမ်းကျင်မှုတွေ ဖြည့်ဆည်းထားရမှာဖြစ်ကြောင်း နည်းပညာကုမ္ပဏီကြီးတွေပြော

ထိုင်းလုပ်သားတွေနဲ့ ကျောင်းသားတွေ AI နည်းပညာကျွမ်းကျင်မှုတွေ ဖြည့်ဆည်းထားရမှာဖြစ်ကြောင်း နည်းပညာကုမ္ပဏီကြီးတွေပြော

Share this post

နိုင်ငံတကာ၊ မတ် ၂၂

 

AI နည်းပညာက အစားထိုးသွားမှာကို စိုးရိမ်ကြောက်ရွံ့နေမယ့်အစား AI နည်းပညာ၊ cloud ကွန်ပျူတာဝန်ဆောင်မှု လုပ်ငန်းနဲ့ ဆိုက်ဘာလုံခြုံရေးကဏ္ဍတွေမှာ ပေါ်ထွက်လာတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် လိုအပ်တဲ့ ကျွမ်း ကျင်မှုစွမ်းရည်တွေ ရရှိအောင် ထိုင်းလုပ်သားတွေနဲ့ ထိုင်းကျောင်းသားတွေအနေနဲ့ အဓိက အာရုံစိုက်ဆောင်ရွက်သင့် ကြောင်း နည်းပညာ ကုမ္ပဏီကြီးတွေက အမှုဆောင်အရာရှိတွေက ပြောပါတယ်။

 

နည်းပညာကုမ္ပဏီကြီးတွေ ဝန်ထမ်းခန့်တဲ့အခါ ဆန်းစစ်လေ့လာဝေဖန်ပိုင်းခြားနိုင်တဲ့ စဉ်းစားနည်း (critical thinking) နဲ့ ပြဿနာတွေ ဖြေရှင်းနိုင်တဲ့ ကျွမ်းကျင်မှုတွေ (problem solving skills) အပြင် တစ်သက်တာ လေ့လာသင်ယူမှုဟာ အဓိကချမှတ်ထားတဲ့စံနှုန်းတွေဖြစ်တဲ့အတွက် ထိုင်း ကျောင်းသားတွေအနေနဲ့ critical thinking နဲ့ problem solving skills ကို ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ပြီး တစ်သက်တာလေ့လာသင်ယူမှုကို လက်ခံကျင့်သုံးဖို့ နည်းပညာ ကုမ္ပဏီကြီးတွေရဲ့ အမှုဆောင်အရာရှိတွေက အကြံပြုထားပါတယ်။

 

AI နည်းပညာဟာ ကမ္ဘာ့စက်မှုလုပ်ငန်းတွေကို ပြန်လည်ပုံဖော်နေပြီဖြစ်သလို ထိုင်းနိုင်ငံရဲ့ ဒဏ်ဂျစ်တယ်အခန်းကဏ္ဍက လည်း ဘယ်လိုချွင်းချက်နဲ့မှ ကျန်ရစ်ခဲ့မှာ မဟုတ်ကြောင်း Huawei Technologies (Thailand) ရဲ့ အမှုဆောင်အရာရှိ ဒေးဗစ်လီက ပြောပါတယ်။

 

“AI နည်းပညာဟာ အလိုအလျောက်ဆောင်ရွက်သွားတဲ့ အလုပ်တွေဖြစ်ပေမဲ့လည်း အဆင့်မြင့်တီထွင်ဖန်တီးမှု၊ critical thinking နဲ့ နည်းပညာကျွမ်းကျင်မှုတွေ လိုအပ်တဲ့ တန်ဖိုးမြင့်အခန်းကဏ္ဍအတွက် အခွင့်အလမ်းသစ်တွေကိုလည်း ဖန် တီးထားတာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ထိုင်းနိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်မတိုင်ခင် အထူးသဖြင့် AI ဖွံ့ဖြိုးရေး၊ cloud ဗိသုကာနဲ့ system ဒီဇိုင်းရေးဆွဲမှုတို့လို ပညာ ရပ်နယ်ပယ်တွေမှာ ဒစ်ဂျစ်တယ်ကျွမ်းကျင်ပညာရှင် ၅၀၀၀၀၀ အထိ ပြတ်လပ်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း Huawei ကုမ္ပဏီ၊ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းဝန်ကြီးဌာန၊ အဆင့်မြင့်ပညာရေး/ သိပ္ပံ/ သုတေသနနဲ့ တီထွင်ဆန်း သစ်မှုဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ဆန်းစစ်လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။

 

မျိုးဆက်သစ်တီထွင်ဖန်တီးသူတွေ မွေးဖွားဖို့ အဓိကရည်ရွယ်ပြီး Huawei ကုမ္ပဏီဟာ ၂၀၂၃ ခုနှစ်မှာ “သုံးနှစ်ကြာ Developer ၂၀၀၀၀ မွေးထုတ်ရေးစီမံချက်” ကို စတင်ဆောင်ရွက်ခဲ့ပါတယ်။

 

ဥပမာ – AI နည်းပညာနဲ့အတူ ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်တဲ့ hybrid cloud management နဲ့ AI-optimized development skill တွေ လေ့ကျင့်သင်ကြားပေးဖို့အတွက် အခုနှစ်အတွင်း စတင်ဆောင်ရွက်မယ့် “Cloud Essentials” သင်တန်းဖွင့် လှစ်ဖို့အတွက် Huawei ကုမ္ပဏီဟာ ချူလာလောင်ကွန်တက္ကသိုလ်က တက္ကသိုလ်အင်ဂျင်နီယာအဖွဲ့နဲ့ ပူးပေါင်းဆောင် ရွက်ခဲ့ပါတယ်။

 

AI နည်းပညာဟာ အလုပ်တွေကို ရှင်းလင်းဖယ်ရှားပစ်တာ မဟုတ်ဘဲ အဆင့်နိမ့်အလုပ်တွေကနေ အဆင့်မြင့်အလုပ် တွေအဖြစ် အသွင်ပြောင်းပေးလိုက်တာဖြစ်ကြောင်း မစ္စတာလီက ပြောပါတယ်။ ဥပမာအားဖြင့် AI နည်းပြတွေနဲ့ AI ကျင့်ဝတ်စောင့်ကြည့်ထိန်းညှိသူတွေဟာ လူသားနဲ့ AI နည်းပညာ ပူးပေါင်းဆောင် ရွက်မှုတွေ လိုအပ်တဲ့ အခန်းကဏ္ဍတွေထဲမှာ ပါရှိကြောင်း ၎င်းက ပြောပါတယ်။

 

IT လုပ်ငန်းတွေအတွက် hybrid cloud platforms နဲ့ AI နည်းပညာတို့နဲ့ ဆက်စပ်နေတဲ့ ကျွမ်းကျင်ပိုင်နိုင်မှုတို့လို စက် ပစ္စည်းတွေက အလွယ်တကူ တုပမလုပ်နိုင်တဲ့ AI-complementary skills (data analysis or strategic decision-making – သတင်းအချက်အလက်ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့လို AI နည်းပညာ က မြှင့်တင်ပေးနိုင်တဲ့ လူသားတွေရဲ့ ကျွမ်းကျင်မှု) ကို ဦးစားပေးလေ့လာသင်ယူသင့်ကြောင်း ၎င်းက ပြောပါတယ်။

 

ကျောင်းသားတွေအနေနဲ့ AI ဆက်စပ်ကိရိယာတွေကို ကျွမ်းကျင်ပိုင်နိုင်အောင် သုံးစွဲတတ်ဖို့၊ critical thinking skills တိုးတက်လာအောင် မြှင့်တင်ဆောင်ရွက်ဖို့နဲ့ မိမိတို့ ရွေးချယ်ထားတဲ့နယ်ပယ်တွေမှာ အထူးကျွမ်းကျင်အောင် လေ့လာ သင်ယူဖို့ အဓိက ဆောင်ရွက်သွားရမှာဖြစ်ကြောင်း Microsoft Thailand ရဲ့ chief operating officer ဗာဆူပွန်ထန် ကာကန်က ပြောပါတယ်။

 

“Critical thinking skills က AI နည်းပညာက တုပမလုပ်နိုင်တဲ့ အခြေအနေတွေ ခွဲခြမ်းစိတ်ဖြာတာတွေ၊ စုဆောင်းရရှိ ထားတဲ့ သတင်းအချက်အလက်တွေအားလုံးကို အသုံးချပြီး အကောင်းဆုံး ဆုံးဖြတ်ချတာတွေနဲ့ ရှုပ်ထွေးလှတဲ့ ပြဿ နာတွေကို ဖြေရှင်းနိုင်တာတွေ ဆောင်ရွက်နိုင်စွမ်းရှိမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ကျောင်းသားတွေအနေနဲ့ အဖွဲ့အစည်းနဲ့ အလုပ်လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်း၊ ကိုယ်ချင်းစာတရား၊ စေ့စပ်ညှိနှိုှုင်းမှုအပါ အဝင် လူသားအချင်းချင်းကြားမှာ အပြန်အလှန်ဆက်သွယ်ရေးကျွမ်းကျင်မှုတွေကိုလည်း ပြုစုပျိုးထောင်ဖို့ လိုအပ်တယ် လို့ ၎င်းက ပြောပါတယ်။

 

အဆိုပါ လူသားဗဟိုပြုကျွမ်းကျင်မှုတွေကို AI နည်းပညာနဲ့ အစားထိုးလို့မရကြောင်း၊ အဲဒီကျွမ်းကျင်မှုတွေဟာ လုပ်ငန်း ခွင်ထဲမှာ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ခေါင်းဆောင်မှုတို့အတွက် မရှိမဖြစ် အရေးကြီးကြောင်း ၎င်းက ပြောပါတယ်။

 

“အဲဒီနယ်ပယ်တွေမှာ အဓိကအာရုံစိုက်ဆောင်ရွက်ခြင်းအားဖြင့် ကျောင်းသားတွေဟာ AI နည်းပညာ ဖွံ့ဖြိုးတိုးတက် လာမှုနဲ့အတူ ၎င်းတို့ရဲ့ အောင်မြင်မှုတွေနဲ့ အနာဂတ်ရေရှည်အောင်မြင်မှုတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေကို မြှင့် တင်သွားနိုင်မှာဖြစ်ပါတယ်။” လို့ မစ္စတာ ဗာဆူပွန်က ပြောပါတယ်။

 

လိုအပ်တဲ့ကျွမ်းကျင်မှုတွေ၊ သက်ဆိုင်ရာ အတွေ့အကြုံတွေနဲ့ တန်ဖိုး/ယဉ်ကျေးမှုတွေနဲ့ လိုက်လျောညီထွေရှိတဲ့ အရည် အချင်း လက္ခဏာသွင်ပြင်တွေရှိတဲ့ လျှောက်လွှာရှင်တွေကို Microsoft ကုမ္ပဏီက ရှာဖွေနေကြောင်း ၎င်းက ပြောပါ တယ်။

 

Microsoft ကုမ္ပဏီရဲ့အဓိက စံနှုန်းသတ်မှတ်ချက်တွေထဲမှာ critical thinking ကတစ်ဆင့် သက်သေပြနိုင်တဲ့ problem-solving ability ပါဝင်ကြောင်း ၎င်းက ပြောပါတယ်။ ထိုင်းနိုင်ငံထဲမှာ AI နည်းပညာဆက်နွယ်တဲ့အလုပ်တွေကို လစာမြင့်မြင့်မားမားနဲ့ ခေါ်ယူနေတာကိုလည်း တွေ့ရမှာဖြစ် ပါတယ်။

 

Ref: AI skills deemed vital for workers, students

 

#PeopleMedia


Share this post