• Follow Us on

Home ထိုင်းလုပ်သားသေဆုံးဦးရေ ၃၀ အထိ တိုးမြင့်သွား၊ ကုလအတွင်းရေးမှူးချုပ် ဝမ်းနည်းကြောင်းပြော၊ တစ်ရက် ကို ထိုင်းလုပ်သား ၆၀၀ အထိ ပြန်လည်ခေါ်ယူသွားမည်

ထိုင်းလုပ်သားသေဆုံးဦးရေ ၃၀ အထိ တိုးမြင့်သွား၊ ကုလအတွင်းရေးမှူးချုပ် ဝမ်းနည်းကြောင်းပြော၊ တစ်ရက် ကို ထိုင်းလုပ်သား ၆၀၀ အထိ ပြန်လည်ခေါ်ယူသွားမည်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၉

 

အစ္စရေးရောက်ထိုင်းလုပ်သား သေဆုံးစာရင်း ၃၀ ဖြစ်သွားပြီဖြစ်ကြောင်း အစ္စရေးအစိုးရက အတည်ပြုပြော ကြားခဲ့ပြီးနောက် အစ္စရေးနိုင်ငံမှာ ထိုင်းနိုင်ငံသားတွေသေဆုံးခဲ့မှုအတွက် ဝမ်းနည်းကြောင်း ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ်က ပြောကြားခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က ဗုဒ္ဓဟူးနေ့ (အောက် တိုဘာလ ၁၈ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အစ္စရေး-ဟားမတ်စ် ပဋိပက္ခကြောင့် ထိုင်းနိုင်ငံသား ၃၀ သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၁၆ ဦး၊ ဓားစာခံအဖြစ် ဖမ်း ဆီးခံရသူ ၁၈ ဦးရှိကြောင်း ဝန်ကြီးချုပ်ဆရက်ထာက ဗုဒ္ဓဟူးနေ့မနက်ပိုင်းက ဘေဂျင်းမြို့မှာ သတင်းထောက် တွေကို ပြောပါတယ်။

 

တတိယအကြိမ်မြောက်ပိုးလမ်းမကြီးစီမံကိန်းဖိုရမ်ရဲ့ ဘေးပန်းအစီအစဉ်အဖြစ် ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်ကို ထိုင်းဝန်ကြီးချုပ်ဆရက်ထာက တွေ့ဆုံခဲ့ပါတယ်။

 

ထိုင်းနိုင်ငံဟာ ပါလက်စတိုင်းအရေးမှာ ပဋိပက္ခဖြစ်ပွားနေတဲ့ အဓိကနိုင်ငံမဟုတ်ပေမဲ့ အခုသေဆုံးမှုတွေမှာ အ မေရိကန်နိုင်ငံပြီးရင် ဒုတိယအများဆုံးနေရာကလိုက်နေကြောင်း ကုလသမဂ္ဂအကြီးအကဲကို ပြောကြားခဲ့တယ် လို့ ဆရက်ထာက ပြောပါတယ်။

 

ထိုင်းလူမျိုးတွေသေဆုံးမှုအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အံ့သြတုန်လှုပ်သွားပြီး ဝမ်းနည်းကြောင်း ပြော ဆိုခဲ့တယ်လို့ ဆရက်ထာက ပြောပါတယ်။

 

ကုလသမဂ္ဂအကြီးအကဲက ၎င်းအနေနဲ့ အီဂျစ်နိုင်ငံကို သွားရောက်မှာဖြစ်ပြီး ဂါဇာကမ်းမြောင်အနီးက အဲဒီနေ ရာကို သွားရောက်ပြီးနောက် စစ်ပွဲရပ်စဲရေးအတွက် တတ်နိုင်သမျှဆောင်ရွက်ဖို့ ဖိအားပေးတောင်းဆိုသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆရက်ထာက ပြောပါတယ်။

 

အစ္စရေးနိုင်ငံမှာရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသားတွေကို မိခင်နိုင်ငံကို ပြန်လည်ခေါ်ယူရာမှာ အစိုးရအနေနဲ့ တစ် ရက်ကို ၄၀၀ ဝန်းကျင်သာ ပြန်လည်ခေါ်ယူနိုင်ပေမဲ့ မကြာခင်အချိန်အတွင်း တစ်ရက်ကို လူဦးရေ ၆၀၀ အထိ ပြန်လည်ခေါ်ယူသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ဆရက်ထာက ပြောပါတယ်။

 

အစ္စရေးနိုင်ငံမှာ ကျန်ရစ်နေဆဲဖြစ်တဲ့ ထိုင်းလုပ်သားတွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ ကိုယ့်ကိုယ်ကိုယ်အားရကျေနပ်ခြင်းမရှိကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

ထိုင်းနိုင်ငံသားတွေကို ရေလမ်းကနေလည်း ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် အရှေ့အလယ်ပိုင်းနိုင်ငံတွေက ဆိပ် ကမ်းတွေကို အသုံးပြုခွင့်ရဖို့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်းပရီဘဟစ်ဒါနူကာရာက ကြိုးပမ်းနေကြောင်း ဆရက်ထာက ပြောပါတယ်။

 

အမေရိကန်အစိုးရက ၎င်းတို့နိုင်ငံသား ၁၅၀၀ ကနေ ၂၀၀၀ အထိ ရေကြောင်းခရီးနဲ့ ဆိုက်ပရပ်စ်ကို ပြန်လည် ခေါ်ယူခဲ့ပေမဲ့ အစ္စရေးဆိပ်ကမ်းတွေကိုတော့ ပိတ်ထားကြောင်း ဆရက်ထာက ပြောပါတယ်။

 

အန္တရာယ်ရှိတဲ့ဒေသတွင်း ထိုင်းနိုင်ငံသားအများအပြား ပိတ်မိနေဆဲဖြစ်ပြီး ထွက်လို့မရကြောင်း၊ မိခင်နိုင်ငံကို ပြန်ဖို့ ထိုင်းသံရုံးမှာစာရင်းပေးထားပေမဲ့ ထိုင်းနိုင်ငံသားအများအပြား ထွက်ခွာလာလို့မရတဲ့အတွက် လေဆိပ် ကို အချိန်မီရောက်မလာနိုင်တာရှိကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

အန္တရာယ်ရှိတဲ့နယ်မြေတွေထဲက ထိုင်းနိုင်ငံသားတွေ ဘေးကင်းလုံခြုံရာရွှေ့ပြောင်းပေးနိုင်ဖို့အတွက် ထိုင်းတပ် မတော်အကြီးအကဲဟာ အစ္စရေးတပ်မတော်နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ကြိုးစားနေကြောင်း ၎င်းကပြောပါတယ်။

 

Ref: Soon 600 Thais to be evacuated a day from Israel, says PM, as death toll rises to 30

 

#PeopleMedia


Share this post