• Follow Us on
Latest News

Home ထိုင်းလုပ်သားအင်အား ၃ သန်းအထိ ကျဆင်းသွားတဲ့အတွက် ထုတ်လုပ်မှုကဏ္ဍဟာ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း NESDC ပြော

ထိုင်းလုပ်သားအင်အား ၃ သန်းအထိ ကျဆင်းသွားတဲ့အတွက် ထုတ်လုပ်မှုကဏ္ဍဟာ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း NESDC ပြော

Share this post

နိုင်ငံတကာ၊ မတ် ၂၅

 

ထိုင်းနိုင်ငံရဲ့ လုပ်သားအင်အားဟာ ၃ သန်းအထိ ကျဆင်းသွားတဲ့အတွက် ထုတ်လုပ်မှုကဏ္ဍဟာ စိန်ခေါ်မှုကြီး ကြီးမားမားနဲ့ ရင်ဆိုင်ရမယ့်အခြေအနေရှိကြောင်း မကြာသေးခင်ကပဲ အမျိုးသားစီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုး တက်မှုကောင်စီ (The National Economic and Social Development Council – NESDC) က သတိပေး ပြောကြားလိုက်ပါတယ်။

 

လုပ်သားပြတ်လပ်မှုဒဏ်ကို ထိုင်းစက်မှုကဏ္ဍမှာ မလွဲမသွေ ကြုံတွေ့ရမှာဖြစ်ကြောင်း NESDC ရဲ့ နှစ်ရှည် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံချက် (၂၀၂၂-၂၀၃၇) မှာ ဖော်ပြထားပါတယ်။

 

ဆယ်စုနှစ်တစ်ခုတိုင်းမှာ အလုပ်လုပ်နိုင်တဲ့အသက်အရွယ်ရှိတဲ့ လုပ်သားအင်အား ၃ သန်းကျော် တဖြည်းဖြည်း ကျဆင်းသွားမှာဖြစ်ကြောင်း အဲဒီစီမံချက်မှာ ဖော်ပြထားပါတယ်။

 

၂၀၂၃ ခုနှစ်အကုန်အထိ ပြုစုထားတဲ့သတင်းအချက်အလက်တွေအရ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နိုင်တဲ့အသက် အရွယ်ရှိလူဦးရေ ၄၀.၇ သန်းသာရှိကြောင်း သိရပါတယ်။

 

ဒါပေမဲ့ လက်ရှိ စက်မှုလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်မယ်ဆိုရင် ၂၀၃၇ ခုနှစ် မတိုင်ခင်မှာ လုပ်သားအင် အား ၄၄.၇၁ သန်းလိုအပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

 

လုပ်သားပြတ်လပ်မှုတွေကို ကိုင်တွယ်ဆောင်ရွက်ဖို့အတွက် လုပ်ငန်းတွေအနေနဲ့ အပြောင်းအလဲတစ်ရပ်အဖြစ် လူအစား “အလိုအလျောက်စက်ရိယာအသုံးပြုခြင်း” ကို ဆောင်ရွက်သင့်ကြောင်း NESDC က ပြောပါတယ်။

 

အလိုအလျောက်စက်ကိရိယာအသုံးပြုခြင်းဟာ ထုတ်လုပ်မှုကို ၅% မြှင့်တင်နိုင်ပြီး လုပ်သားအင်အားကို ၂ သန်းကျော်အထိ လျှော့ချနိုင်ကြောင်း အဲဒီစီမံချက်မှာ ဖော်ပြထားပါတယ်။

 

ဖော်ပြပါအကျိုးကျေးဇူးတွေရှိပေမဲ့လည်း ထိုင်းနိုင်ငံမှာ “အလိုအလျောက်စက်ရိယာအသုံးပြုခြင်း” ကို ဆောင် ရွက်တဲ့ ကုမ္ပဏီမရှိသလောက်ပဲလို့ NESDC က ပြောပါတယ်။

 

လက်ရှိအချိန်မှာ ထိုင်းစက်မှုလုပ်ငန်း ၅% လောက်ကပဲ အဲဒီ “အလိုအလျောက်စက်ရိယာအသုံးပြုခြင်း” ကို ဆောင်ရွက်ပြီး ၈၅% ကတော့ အလိုအလျောက်စက်ရိယာအသုံးပြုခြင်းနဲ့ စက်ရုပ်အသုံးပြုခြင်းတွေကို ဆောင် ရဂွက်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

 

ကုန်ထုတ်လုပ်မှုနဲ့ ယှဉ်ပြိုင်မှု တိုးမြှင့်နိုင်ဖို့အတွက် “အလိုအလျောက်စက်ရိယာအသုံးပြုခြင်း” ကို လက်ခံ ဆောင်ရွက်လာအောင် အသေးစား/အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ထောက်ပံ့ရေးဟာလည်း အရေးကြီး ကြောင်းလည်း NESDC က ထောက်ပြပါတယ်။

 

“အလိုအလျောက်စက်ရိယာအသုံးပြုခြင်း” ကို အနာဂတ်ကာလမှာ ရှောင်လွှဲလို့မရနိုင်ကြောင်း၊ ဒီအပြောင်းအ လဲဟာ အသက်ကြီးတဲ့သူတွေ အထူးသဖြင့် နည်းပညာနဲ့ အကျွမ်းတဝင်မရှိသူတွေအတွက် စိန်ခေါ်မှုဖြစ်လာမှာ ဖြစ်ကြောင်း NESDC က ပြောပါတယ်။

 

ထိုင်းလုပ်သားတွေရဲ့ ကြီးမားတဲ့အစိတ်အပိုင်းဟာ အငြိမ်းစားယူရမယ့်အရွယ် နီးကပ်လာပြီဖြစ်တာကြောင့် မြင့် တက်လာတဲ့ လုပ်သားဈေးကွက်လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် လုပ်သားကျွမ်းကျင်မှုတွေကို မြှင့် တင်ပေးဖို့လည်း NESDC က ပြောပါတယ်။

 

Ref: NESDC flags challenges for manufacturing as Thai labour force shrinks by 3 million

 

#PeopleMedia


Share this post