• Follow Us on
Latest News

Home ထိုင်းလူမျိုးဓားစာခံ ၁၇ ဦး ဘန်ကောက်ကို ဘေးကင်းလုံခြုံစွာပြန်လည်ရောက်ရှိ

ထိုင်းလူမျိုးဓားစာခံ ၁၇ ဦး ဘန်ကောက်ကို ဘေးကင်းလုံခြုံစွာပြန်လည်ရောက်ရှိ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁

 

ဟားမတ်စ်စစ်သွေးကြွအဖွဲ့က အောက်တိုဘာလ ၇ ရက်နေ့မှာ အစ္စရေးကိုအငိုက်ဖမ်းတိုက်ခိုက်ခဲ့ပြီးနောက် ဓား စာခံတွေဖမ်းဆီးသွားတဲ့အထဲမှာပါသွားတဲ့ ထိုင်းလူမျိုးဓားစာခံ ၃၂ ဦးအနက် ပြန်လွှတ်လိုက်တဲ့ဓားစာခံတွေထဲ ၁၇ ဦးဟာ နိုဝင်ဘာလ ၃၀ ရက် မွန်းလွဲပိုင်းမှာ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။

 

အခုပြန်ရောက်လာတဲ့အဖွဲ့ဟာ ထိုင်းဓားစာခံဟောင်းတွေထဲမှာ ပထမဦးဆုံးပြန်ရောက်လာတဲ့အဖွဲ့ဲဖြစ်ပြီး ၎င်း တို့နဲ့အတူ အစ္စရေးနိုင်ငံကိုရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာဟစ်ဒါနူကာရာ လိုက်ပါလာပါ တယ်။

 

ထိုင်းဓားစာခံတွေဟာ ဟားမတ်စ်တွေဖမ်းထားစဉ်အတွင်း စိတ်ဓာတ်မကျအောင် အားတင်းထားကြကြောင်း၊ ဟားမတ်စ်အဖွဲ့ဝင်တွေဟာ ၎င်းတို့ကို ကောင်းမွန်စွာဆက်ဆံခဲ့ကြောင်း အဖမ်းခံရတဲ့ ထိုင်းလူမျိုးတစ်မျိုးက သတင်းထောက်တွေကို ပြောပါတယ်။

 

နိုင်ငံခြားရေးဝန်ကြီးပန်ပရီက အစ္စရေးရောက်ရှိနေစဉ် အစ္စရေးအစိုးရထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး ၎င်းတို့ ရဲ့ဧည့်ဝတ်ကျေပွန်မှုအတွက်၊ ထိုင်းလူမျိုးတွေကို စောင့်ရှောက်ထားတဲ့အတွက်၊ ထိုင်းလူမျိုးတွေ ပြန်လည်လွတ် မြောက်ရေးစေ့စပ်ညှိနှိုင်းရာမှာ ကျရာကဏ္ဍက ပါဝင်ဆောင်ရွက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြော ကြားခဲ့ပါတယ်။

 

ဒါပေမဲ့ ဟားမတ်စ်တွေလက်ထဲမှာကျန်ရှိနေသေးတဲ့ ထိုင်းလူမျိုးဓားစာခံတွေရဲ့အခြေအနေတွေကို မသိရသေး ကြောင်း ၎င်းက ပြောပါတယ်။

 

နိုဝင်ဘာလ ၂၉ ရက်နေ့အထိ ထိုင်းလူမျိုးဓားစာခံ ၂၃ ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ပြီး ထိုင်းလူမျိုး ၉ ဦး ဟားမတ်စ်တွေလက်ထဲမှာ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

 

ချင်းမိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က ဓားစာခံဟောင်း ပြန်တော်ပြန်ထိုင်း လူမျိုးတွေကို video-conference ကနေ တစ်ဆင့်စကားပြောခဲ့ပါတယ်။

 

ထိုင်းလူမျိုးတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ထိုင်းအစိုးရအနေနဲ့ တတ်နိုင်သမျှ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နေကြောင်း ဆရက်ထာက ပြောပါတယ်။

 

ထိုင်းလူမျိုးဓားစာခံဟောင်း ၆ ဦးပါဝင်တဲ့ ဒုတိယအသုတ်လည်း မကြာခင်ပြန်လည်ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပန်ပရီက ပြောပါတယ်။

 

ပြန်လည်ရောက်ရှိလာတဲ့အထဲက ထိုင်းလူမျိုးတစ်ဦးက ထိုင်းဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ သက်ဆိုင် ရာအဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပါတယ်။

 

၎င်းနောက် အဲဒီအဖွဲ့ဟာ အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ သေဆုံးခဲ့တဲ့ ထိုင်းလူမျိုး ၃၉ ဦးအတွက် ဝမ်း နည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်စွာ မတ်တပ်ရပ်ခဲ့ကြပါတယ်။

 

Ref: Seventeen former Hamas Thai hostages arrive safely in Bangkok

 

#PeopleMedia


Share this post