• Follow Us on

Home ထိုင်းလူမျိုးအများစုက သက်ဆင်ကို အစိုးရအဖွဲ့နဲ့ ကင်းကင်းရှင်းရှင်း နေစေချင်ကြ

ထိုင်းလူမျိုးအများစုက သက်ဆင်ကို အစိုးရအဖွဲ့နဲ့ ကင်းကင်းရှင်းရှင်း နေစေချင်ကြ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၆

 

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်အနေနဲ့ သမီးဖြစ်သူ ပေထောင်တန်ရှင်နာဝပ်ဦးစီးတဲ့ အစိုးရအဖွဲ့ မှာ ဘယ်လိုရာထူးကိုမှ လက်မခံသင့်ဘဲ အစိုးရအဖွဲ့ကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသင့် တယ်လို့ ထိုင်းလူမျိုးအများစုက ယူဆကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှု အင်စတီကျုအဖွဲ့က ပြု လုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူမှုတစ်ခုအရ သိရပါတယ်။

 

ပေထောင်တန်ရှင်နာဝပ်အစိုးရလက်ထက်မှာ သက်ဆင်အနေနဲ့ ဘယ်လိုတာဝန်ယူသင့်တယ်ဆိုတာနဲ့ ပတ် သက်ပြီး မတူကွဲပြားတဲ့ ပညာရေး၊ အလုပ်အကိုင်၊ ဝင်ငွေ နယ်ပယ်အသီးသီးက အသက် ၁၈ နှစ်နဲ့ အထက် အရွယ်ရှိသူ ထိုင်းနိုင်ငံသား ၁၃၁၀ ဦးကို သြဂုတ်လ ၂၀ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ တယ်လီဖုန်းနဲ့ အင် တာဗျူး လုပ်ခဲ့တာဖြစ်ပါတယ်။

 

သက်ဆင်ရဲ့ သြဇာလွှမ်းမိုးမှုမပါဘဲ ပေထောင်တန်က တိုင်းပြည်ကို အုပ်ချုပ်နိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ၅၉.၀၁% က လုံးဝ မဖြစ်နိုင်ဘူး၊ ၁၅.၄၅% က အတော်ကြီးမဖြစ်နိုင်ဘူး၊ ၁၄.၉၆% က အတန် အသင့်ဖြစ်နိုင်တယ်၊ ၉.၇၇% က အလွန်ဖြစ်နိုင်တယ်၊ ဝ.၈၄% က မသိဘူး/စိတ်မဝင်စားဘူးလို့ ဖြေဆိုခဲ့ပါ တယ်။

 

သက်ဆင်ဟာ ပေထောင်တန်အစိုးရလက်ထက်မှာ အခန်းကဏ္ဍတစ်ရပ်ရှိသင့်သလားလို့ မေးမြန်းရာမှာ ၃၇.၇၉% က သက်ဆင်ဟာ တရားဝင်ရာထူးမယူရမှာဖြစ်သလို နောက်ကွက်ကလည်း အုပ်ချုပ်ရမှာမဟုတ်ပေ မဲ့ ဖခင်တစ်ယောက်အနေနဲ့ ပေထောင်တန်ကို အလွတ်သဘော အကြံဉာဏ်ပေးနိုင်တယ်လို့ ဖြေပါတယ်။

 

၂၈.၈၅% ကတော့ သက်ဆင်ဟာ တရားဝင် ဘာရာထူးမှ ယူလို့မရပေမဲ့ နောက်ကွယ်ကနေ အမျိုးသားစီမံခန့် ခွဲရေးအတွက် အကြံပေးနိုင်တယ်လို့ ဖြေပါတယ်။

 

၂၆.၉၅% ကတော့ သက်ဆင်ဟာ တရားဝင်ရာထူး မယူရသလို နောက်ကွယ်ကနေလည်း အကြံမပေးဘဲ ဝန်ကြီးချုပ်ကို လွတ်လပ်စွာ စီမံအုပ်ချုပ်ခွင့်ပေးသင့်တယ်လို့ ဖြေပါတယ်။

 

၆.၀၃% ကတော့ သက်ဆင်အနေနဲ့ အစိုးရအဖွဲ့အတွင်း တရားဝင်ရာထူးတစ်ခုရယူပြီး ပေထောင်တန်အတွက် ပြည်တွင်းရေားရာကိစ္စများမှာ အကြံပေးသင့်တယ်လို့ ပြောပါတယ်။

 

ဝ.၃၈% ကတော့ မသိဘူး/စိတ်မဝင်စားဘူးလို့ ဖြေဆိုပါတယ်။

 

အစိုးရအဖွဲ့သစ်အတွင်း သက်ဆင်ရဲ့ တကယ့်အခန်းကဏ္ဍအဆုံးသတ်ကို မေးမြန်းတဲ့အခါမှာ ၃၉.၃၉% က သက်ဆင်အနေနဲ့ ဘာရာထူးမှ လက်ခံမှာမဟုတ်ပေမဲ့ ပေထောင်တန်ကို နောက်ကွက်နေ ကူညီသွားမှာဖြစ် တယ်လို့ ဖြေပါတယ်။

 

၃၁.၃၉% က သက်ဆင်အနေနဲ့ တရားဝင်ရာထူးရယူမှာမဟုတ်သလို နောက်ကွက်ကနေလည်း နိုင်ငံရေးအကြံ ပေးမှာမဟုတ်ပေမဲ့ ဖခင်တစ်ယောက်အနေနဲ့ ပေထောင်တန်ကို အလွတ်သဘော အကြံပေးလိမ့်မယ်လို့ ဖြေပါ တယ်။

 

၁၈.၇၀% ကတော့ သက်ဆင်အနေနဲ့ တရားဝင်ရာထူးရယူမှာမဟုတ်သလို နောက်ကွက်ကနေလည်း အကြံ ပေးမှာမဟုတ်ဘဲ ပေထောင်တန်ကို လွတ်လပ်စွာဆောင်ရွက်ခွင့်ပြုထားလိမ့်မယ်လို့ ဖြေပါတယ်။

 

၉.၀၈% ကတော့ သက်ဆင်ဟာ ပေထောင်တန်ကို နိုင်ငံ့ရေးရာတွေမှာ အကြံပေးဖို့အတွက် အစိုးရအဖွဲ့အတွင်း တရားဝင်ရာထူးတစ်ခု ရယူလိမ့်မယ်လို့ ဖြေပါတယ်။ ဝ.၉၂% ကတော့ မသိဘူး/ စိတ်မဝင်စားဘူးလို့ ဖြေပါတယ်။

 

Ref: Poll: Most Thais want Thaksin to stay away from govt

 

#PeopleMedia


Share this post