• Follow Us on
Latest News

Home ထိုင်းလေကြောင်းလိုင်းသစ် ၉ ခု လုပ်ငန်းလိုင်စင်လျှောက်ထား

ထိုင်းလေကြောင်းလိုင်းသစ် ၉ ခု လုပ်ငန်းလိုင်စင်လျှောက်ထား

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၁

 

ထိုင်းလေကြောင်းလိုင်းတွေ ဆက်လက်ပြေးဆွဲနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေစဉ်အတွင်း ထိုင်းလေကြောင်း လိုင်းအသစ် ၉ ခုဟာ အခုနှစ်အတွင်း လေကြောင်းလိုင်းပြေးဆွဲခွင့် (Air Operator Certificates – AOC) အ တွက်လျှောက်ထားခဲ့ကြောင်း ထိုင်းမြို့ပြလေကြောင်းလိုင်းအာဏာပိုင်အဖွဲ့ (Civil Aviation Authority of Thailand – CAAT) က ပြောကြားလိုက်ပါတယ်။

 

လေယာဉ်စီးခရီးသည်အရေအတွက်မြင့်တက်လာမှုနဲ့ ဝယ်လိုအားတွေကြောင့် လေကြောင်းလိုင်းအသစ်တွေကို နဂိုကတည်းက လုပ်ငန်းလိုင်စင်ချမှတ်ပေးခဲ့ပြီးဖြစ်ကြောင်း CAAT ညွှန်ကြားရေးမှူးဆူသီပေါင်ခေါင်ပိုးလ်က ပြောပါတယ်။

 

လုပ်ငန်းလိုင်စင်လျှောက်ထားတဲ့ လေကြောင်းလိုင်းသစ် ၉ ခုကတော့ အာရှလေကြောင်းကုမ္ပဏီဝန်ဆောင်မှု လုပ်ငန်း (Asian Aerospace Company Service)၊ ဆီယမ်ရေပေါ်ရှပ်ပြေးလေယာဉ်လုပ်ငန်း (Siam Seaplane)၊ အာရ်စီလေကြောင်းလိုင်း (RC Airlines)၊ အေဗန်တီလေယာဉ်အငှားဝန်ဆောင်မှုလုပ်ငန်း (Avanti Air Charter)၊ M-Landarch လေယာဉ်ကြောင်းသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ၊ ဘန်ကောက် ရဟတ်ယာဉ်ဝန် ဆောင်မှုလုပ်ငန်း (Bangkok Helicopter Services)၊ ပတ္တရားလေကြောင်းလိုင်း (Pattaya Airways) ၊ အာရှ/အတ္တလန်တိတ်လေကြောင်းလိုင်း (Asia Atlantic Airlines) နဲ့ P80 Air လေကြောင်းလိုင်းတို့ဖြစ်ပါ တယ်။

 

အဲဒီလိုလေကြောင်းလိုင်းတွေကို လုပ်ငန်းလိုင်စင်ထုတ်ပေးဖို့အတွက် လေကြောင်းလိုင်းတစ်ခုချင်းစီရဲ့ စီးပွားရဲ့ စီမံချက်တွေ၊ ဘဏ္ဍာရေးအခြေအနေတွေ၊ ဘေးကင်းလုံခြုံမှုဆိုင်ရာစံနှုန်းသတ်မှတ်ချက်တွေကို CAAT က စိစစ် လေ့လာသွားမယ်လို့ မစ္စတာဆူသီပေါင်က ပြောပါတယ်။

 

လက်ရှိ လုပ်ငန်းဆောင်ရွက်နေတဲ့ ထိုင်းလေကြောင်းလိုင်းလေးငါးခုဟာ လေယာဉ်သစ်တွေထပ်မံဝယ်ယူနေ သလို ဘဏ္ဍာရေးအခြေအနေတွေလည်း တိုးတက်လာတဲ့အတွက် စီးပွားရေးပြန်လည်ကောင်းမွန်လာဖို့ လက္ခ ဏာဖြစ်ကြောင်း CAAT အကြီးအကဲက ပြောပါတယ်။

 

ထိုင်းနိုင်ငံက လေကြောင်းလိုင်းတစ်ခုမှ စီးပွားရေးကျဆင်းမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရခြင်း မရှိကြောင်း ၎င်းက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါဘေးမတိုင်ခင်ကာလက လေယာဉ်စီးခရီးသည်အရေအတွက်ဟာ ၉၀% အထိ ခုန်တက်လာခဲ့ ကြောင်း ၎င်းက ပြောပါတယ်။

 

အခုနှစ်အတွင်း လေယာဉ်စီးခရီးသည် စုစုပေါင်း ၁၂၇ သန်းရှိရာမှာ နိုင်ငံတကာခရီးသည်ဦးရေ ၆၃.၀၃ ဦးရှိပြီး ပြည်တွင်းခရီးသည် ၆၄.၄၃ ဦးရှိကြောင်း CAAT က ပြောပါတယ်။

 

၂၀၂၄ ခုနှစ်မှာ ကိုဗစ်မဖြစ်ခင်ကာလကလို ခရီးသည်အရေအတွက် ၁၆၂ သန်းဝန်းကျင် (နိုင်ငံတကာခရီးသည် ၈၈.၆၂ ဦး၊ ပြည်တွင်းခရီးသည် ၇၄.၀၅ ဦး) ပြန်လည်ရောက်ရှိလာလိမ့်မယ်လို့မျှော်လင့်ထားကြောင်း CAAT က ပြောပါတယ်။

 

Ref: Nine new Thai airlines set to launch operations

 

#PeopleMedia


Share this post