• Follow Us on

Home ထိုင်းလေတပ် ဆက်သွယ်ရေးစက်ဝယ်ယူမှု အစီအစဉ် မထောက်ခံဖို့ အတိုက်အခံလွှတ်တော်အမတ်ပြော

ထိုင်းလေတပ် ဆက်သွယ်ရေးစက်ဝယ်ယူမှု အစီအစဉ် မထောက်ခံဖို့ အတိုက်အခံလွှတ်တော်အမတ်ပြော

Share this post

နိုင်ငံတကာ၊ ဇွန် ၂၅

 

တော်ဝင်ထိုင်းလေတပ် (RTAF) က ဒစ်ဂျစ်တယ်ရေဒီယိုဆက်သွယ်ရေးစက်တွေ ဝယ်ယူမယ့်အစီအစဉ်ကို မ ထောက်ခံဖို့ အတိုက်အခံ ထိုင်းဆန်ထိုင်းပါတီ (TST) က လွှတ်တော်အမတ်တစ်ဦးက အောက်လွှတ်တော် ကော်မတီတစ်ရပ်ကို သတိပေးလိုက်ပါတယ်။

 

အဆိုပြုလွှာထဲမှာ ဖော်ပြထားတဲ့ ဈေးနှုန်းဟာ ဒစ်ဂျစ်တယ်ရေဒီယိုဆက်သွယ်ရေးစက်တွေရဲ့ ဈေးကွက်ပေါက် ဈေးထက် နှစ်ဆကျော်လွန်နေတယ်လို့ အဆိုပါလွှတ်တော်အမတ်က ပြောပါတယ်။

 

ဆက်သွယ်ရေးနဲ့ အီလက်ထရောနစ် ညွှန်ကြားရေးမှူးချုပ်ရုံးက တစ်လုံးကို ဘတ်ငွေ ၉၅၆,၂၅၀ တန်ကြေးရှိတဲ့ Jotron TR-7750 ဒစ်ဂျစ်တယ်ရေဒီယိုဆက်သွယ်ရေးစက် အလုံး ၄၀ (ဘတ်ငွေ ၃၈.၂၅ သန်းတန်ကြေးရှိ) ဝယ်ယူဖို့ စီစဉ်နေကြောင်း RTAF ထဲက သတင်းရင်းမြစ်တစ်ဦးက ၎င်းထံသတင်းပို့လာကြောင်း ထိုင်းဆန်ထိုင်း ပါတီရဲ့ လွှတ်တော်အမတ် ချတ်ချာဝန်ပေတရာယာထိုင်းက ပြောပါတယ်။

 

လာမယ့်ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ကိစ္စဆွေးနွေးတဲ့အချိန်မှာ ထိုင်းလေတပ်က တင်ပြထားတဲ့ ဈေးနှုန်း ဟာ အွန်လိုင်းပေါ်မှာ သာမန်ရှာဖွေကြည့်ရှုတာနဲ့တင် ဈေးကွက်ထဲကဈေးနှုန်းထက် နှစ်ဆကျော်မြင့်မားနေတဲ့ ဈေးနှုန်းဖြစ်နေတာကို တွေ့ရှိရတဲ့အတွက် စိုးရိမ်မိကြောင်း မစ္စတာချတ်ချာဝန်က ပြောပါတယ်။

 

အဲဒီရေဒီယိုစက်တွေကို အွန်လိုင်းပေါ်မှာရှာဖွေစုံစမ်းကြည့်ရာ စက်တစ်လုံးကို ဘတ်ငွေ ၃၆၇,၅၀၀ သာရှိတဲ့အ တွက် စက်အလုံး ၄၀ ကို ဘတ်ငွေ ၁၄.၇ သန်းသာ ကျသင့်ကြောင်း ချတ်ချာဝန်က ပြောပါတယ်။

 

တကယ်လို့ RTAF က အရေအတွက် အများအပြားဝယ်ယူမယ်ဆိုရင် ဈေးနှုန်းက ပိုတောင် သက်သာနိုင်သေး တယ်လို့ ၎င်းက ပြောပါတယ်။

 

“ကျွန်တော်စုံစမ်းသိရှိထားတဲ့ သတင်းအချက်အလက်တွေအရ ပြောရရင် အဲဒီအစီအစဉ်အတိုင်း RTAF ကို ဝယ်ယူခွင့်ပြုလိုက်မယ်ဆိုရင် နိုင်ငံအနေနဲ့ ဘတ်ငွေ ၂၃.၅၅ သန်း ထက်မနည်း ဆုံးရှုံးသွားနိုင်ပါတယ်။ မေးခွန်း ကတော့ အဲဒီလောက်ဈေးနှုန်းကွာခြားနေတဲ့ အကျိုးအမြတ်ကို ဘယ်သူရမှာလဲဆိုတာပါပဲ။” လို့ မစ္စတာချတ်ချာ ဝန်က ပြောပါတယ်။

 

ဒီလောက်ဈေးကြီးတဲ့ ရေဒီယိုဆက်သွယ်ရေးစက်တွေ ရောင်းချနေတဲ့ ကုမ္ပဏီက ဝယ်ယူဖို့ ဘာ့ကြောင့် ဆုံးဖြတ်ခဲ့တယ်ဆိုတာ ရှင်းပြဖို့ လေတပ်ဦးစီးချုပ် ပန်းပက်ဒီးပတ္တနာကူလ်နဲ့ တခြားထိပ်တန်းအရာရှိကြီး တွေကိုလည်း လွှတ်တော်အမတ် ချတ်ချာဝန်က တောင်းဆိုလိုက်ပါတယ်။

 

ဒါ့အပြင် လေတပ်ရဲ့ဝယ်ယူရေးအစီအစဉ်ဟာ အစိုးရရဲ့မူဝါဒနဲ့အညီ ဒေသတွင်းထုတ်လုပ်တဲ့ စစ်လက်နက် ပစ္စည်းတွေနဲ့ ခဲယမ်းတွေကို ဝယ်ယူသွားဖို့ ၎င်းတို့ပေးထားခဲ့တဲ့ ကတိကဝတ်ကို ထိုင်းတပ်မတော်က အကောင် အထည်မဖော်နိုင်ဘူးဆိုတာ ထုတ်ဖော်ပြသလိုက်တာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

တခြားဖြစ်စဉ်တစ်ခုမှာတော့ ဘဏ္ဍာရေးဦးစီးဌာနပိုင်မြေနေရာကို ကြည်းတပ်က အသုံးပြုနေတာနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိကြောင်းနဲ့ ဘာအတွက်အသုံးပြုနေတယ်ဆိုတာကို ဘယ်သူကမှ မစိစစ်နိုင်ကြောင်း Move Forward ပါတီလွှတ်တော်အမတ် ဂျီရတ်သောင်ဆူဝန်က ပြောပါတယ်။

 

ထိုင်းကြည်းတပ်အနေနဲ့ အဲဒီမြေတွေကို နိုင်ငံလုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစွာ အသုံးပြုနေ ခြင်းဖြစ်ပြီး အဲဒီလိုအသုံးပြုရာမှာလည်း တော်ဝင်အိုးအိမ်စည်းမျဉ်းဥပဒေတွေနဲ့အညီ အသုံးပြုနေတာဖြစ် ကြောင်း ကြည်း တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ရစ်ချာဆတ်ဆူဝါနန့်က ပြောပါတယ်။

 

အမျိုးသားလုံခြုံရေးနဲ့ တပ်မတော်ရဲ့လျှို့ဝှက်လုပ်ငန်းသဘောသဘာဝကြောင့် အဲဒီမြေအသုံးပြုမှုသတင်းကို အများပြည်သူကို အသိမပေးတာဖြစ်ကြောင်း ဗိုလ်မှူးကြီး ရစ်ချာက ပြောပါတယ်။

 

Ref: RTAF procurement under scrutiny

 

#PeopleMedia


Share this post